(Zawgyi Version)


သင့်အမှားကိုဝန်ခံပါ






အချိန်ခဏပေးလိုက်ပါ




ပိုကြင်နာပါ









(Unicode Version)

သင့်မှာ ခဏခဏစိတ်ဆိုးစိတ်ကောက်တတ်တဲ့ ချစ်သူရှိနေပြီဆိုရင်တော့ ဒါလေးတွေဖတ်ထားဖို့လိုမယ်နော်။ စိတ်ဆိုးစိတ်ကောက်နေချိန်မှာ ဒီတိုင်းပစ်ထားလိုက်ရင် ပိုဆိုးသွားမှာပဲ။ ဒါကြောင့် စိတ်ဆိုးနေတဲ့သင့်ချစ်သူကို ပျော်ရွှင်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ချော့ရမလဲဆိုတာ ပြောပြပေးလိုက်တယ်နော်။

သင့်အမှားကိုဝန်ခံပါ

ကိုယ်မှားတာကို ပွင့်ပွင့်လင်းလင်းပြောပြီး ဝန်ခံလိုက်ပါ။ လိမ်လိုက်ရင် ပြဿနာကပိုကြီးသွားနိုင်ပါတယ်။

ရိုးသားစွာတောင်းပန်ပါ

ကိုယ်မှားတာကို ရိုးသားစွာတောင်းပန်လိုက်ပါ။ သင့်ချစ်သူစိတ်ကျေနပ်တဲ့အထိ တောင်းပန်လိုက်တာက ထိရောက်ပါတယ်။

သူ့ရဲ့မကျေနပ်ချက်တွေကိုနားထောင်ပါ

မိန်းကလေးဆိုပိုဆိုးပါတယ်။ စိတ်ဆိုးစိတ်ကောက်နေချိန်မှာ မကျေနပ်ချက်တွေ ရင်ထဲရှိတာတွေရော၊ မရှိတာတွေရော ပြောတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမပြောတာတွေကို သည်းခံပြီးနားထောင်ပေးလိုက်ပါ။

အချိန်ခဏပေးလိုက်ပါ

သင့်ချစ်သူကို စိတ်ဆိုးပြေဖို့၊ သူ့စိတ်တည်ငြိမ်သွားဖို့အတွက် အချိန်ပေးလိုက်ပါ။

နောက်တစ်ခါထပ်မလုပ်ဘူးလို့ ကတိပေးပါ

ဒီလိုအမှားမျိုး၊ သူမကြိုက်တာမျိုး နောက်တစ်ခါထပ်မလုပ်တော့ဘူး၊ နောက်ထပ်မဖြစ်အောင် ဆင်ခြင်မယ်ဆိုတဲ့ ကတိမျိုးပေးလိုက်ပါ။

ပိုကြင်နာပါ

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူဆီက ဂရုစိုက်ကြင်နာတာ လိုချင်ကြတာချည်းပဲ။ ဒါကြောင့် အရင်ထက်ပိုကြင်နာပေးလိုက်ပါ။

သူကြိုက်တာလိုက်ကျွေးပါ

သူကြိုက်တဲ့အစားအသောက်၊ သူသွားချင်တဲ့ဆိုင်မျိုးခေါ်သွားပြီး မုန့်ကျွေးလိုက်ပါ။ စိတ်ဆိုးစိတ်ကောက်နေတာ တစ်ဝက်ကျော်လောက် ပြေသွားပါလိမ့်မယ်။

Surprise လက်ဆောင်ပေးပါ

လက်ဆောင်က တန်ဖိုးကြီးတာမှမဟုတ်ပါဘူး။ သူကြိုက်တတ်တာလေးတွေ၊ စိတ်ဆိုးတာကို ပြန်ချော့တဲ့အနေနဲ့ Surprise လက်ဆောင်လေးပေးပြီး ချော့ကြည့်ပါ။

သူ့ကိုဘယ်လောက်ချစ်ကြောင်းပြောပါ

နောက်ဆုံးမှာတော့ သင့်ချစ်သူက စိတ်ဆိုးပြေသလောက်ဖြစ်နေပြီဆိုရင် သူ့ကိုသင်ဘယ်လောက်ချစ်ကြောင်း၊ တန်ဖိုးထားကြောင်းပြောပြပါ။

Photo Source: www.freepik.com