ကိုယ် သဘောကျတဲ့ သူတစ်ယောက်ကို စတင်ချဉ်းကပ်ပြီဆိုရင် ပထမဆုံးနဲ့ အရေးကြီးဆုံးက သူ့ဆီက Impression ကောင်းကောင်းရဖို့ပါပဲ။ ဒါကြောင့် သူတို့လိုချင်တဲ့ အရာတွေ သတိပြုစရာ အချက်လေးတွေကိုတော့ သိရှိထားဖို့ လိုပါတယ်။

(၁) ယဉ်ကျေးမှု ရှိပါ

ပထမဆုံး အနေနဲ့ ယဉ်ကျေးမှုရှိဖို့ လိုပါတယ်။ လူတိုင်းက ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့သူမျိုးကို သဘောကျကြပါတယ်။ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတဲ့ ကောင်းမွန်တဲ့ အမူအကျင့်နဲ့ အပြုအမူတွေက First Impression ကို အထူး ကောင်းမွန်စေပါတယ်။

(၂) ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါစေ

လူတစ်ယောက်ရဲ့ အပြောအဆို ၊ အပြုအမူ ၊ စိတ်သဘောထားများနှင့် အခြားသူများအပေါ် ပြောဆိုဆက်ဆံပုံကို ကြည့်ပြီး ထိုသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယေဘုယျအားဖြင့် သိရှိနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိဖို့ အစစ အရာရာ ဂရုစိုက်ပြင်ဆင်သင့်ပါတယ်။

(၃) စကားပြောသည့်အခါ မျက်လုံးချင်းဆုံပါ

ကိုယ်ပြောပြော သူပြောပြော စကားပြောသည့်အခါ မျက်လုံးချင်းဆုံပါ။ မျက်လုံးချင်းဆုံတာဟာ ယုံကြည်မှုကို ခိုင်ခံ့စေပါတယ်။ လူတစ်ဖက်သားကို အလေးထားပြီး လေးစားရာလည်း ရောက်ပါတယ်။

(၄) နားထောင်သူကောင်း တစ်ယောက်ဖြစ်ပါစေ

မိန်းကလေးတွေက သူတို့ပြောတဲ့စကားကို အလေးထားနားထောင်ပေးတတ်တဲ့ သူတွေကို သဘောကျကြပါတယ်။ သူတိုနဲ့ စကားပြောရင် သေချာအလေးထားပြီး နားထောင်ပေးပါ။ ဆွေးနွေးပေးပါ။ သူတိုရဲ့အကြောင်းကို စိတ်ဝင်တစားမေးပါ။ ဒါဆို ကွီးတို့အပေါ်သူတို့ရဲ့ ခင်မင်မှုနဲ့ ကောင်းမွန်တဲ့ အမြင်တွေ တိုးပွားလာပါလိမ့်မယ်။

(၅) ပြုံးပါ

လူတစ်ယောက်ရဲ့ ပြုံးနေတဲ့ မျက်နှာဟာ တကယ်ကို ဆွဲဆောင်မှုရှိ ရုံသာမက လူအများအတွက်လည်း နှစ်လိုဖွယ်ဖြစ်စေပါတယ်။ ကွီးတို့အတွက် ပြုံးတာဟာ ကွီးတို့သဘောကျတဲ့ မိန်းကလေးဆီက Impression ကောင်းရစေဖို့ တကယ်ကိုအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ သူမနဲ့တွေ့တိုင်း နွေးထွေးတဲ့ အပြုံးကိုပေးပါ။