အခက်အခဲများကြောင့် ရှေ့ဆက်မတိုးတော့ဘဲ နေရာမှာတင်ဘဲ လက်လျော့လိုက်မယ်ဆိုရင် အောင်မြင်မှုဆိုတာ ဘယ်သောအခါမှ ရလာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်မှုကို ဆွတ်ခူးရရှိဖို့အတွက် အတားအဆီးများနှင့် ရင်ဆိုင်ရတဲ့အခါ ဘယ်လိုအပြုအမူ စိတ်နေစိတ်ထားများဖြင့် ရင်ဆိုင်ကျော်လွှားရမလဲ။

သတ္တိရှိရှိ ရင်ဆိုင်လိုက်ပါ

အခက်အခဲ ပြဿနာများကို ရှောင်ပြေးမနေပါနဲ့။ သင့်မှာ တစ်စုံတစ်ရာ ပြဿနာရှိတယ်ဆိုရင် ရဲရဲကြီးသာ ရင်ဆိုင်လိုက်ပါ။ ထိုအခက်အခဲကို ဖုံးဖိထားရုံနဲ့ အခက်အခဲက သူ့အလိုလို ပျောက်ကွယ်မသွားပါဘူး။

လုပ်ငန်းခွင်မှာ ပြဿနာအချို့နှင့် ရင်ဆိုင်ရသည်ရှိသော် ကိုယ့်ရဲ့အထက်လူကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ ဖြေရှင်းသင့်ပါတယ်။ ဒါတောင်မှ ပြဿနာက မပြေလည်သေးဘူးဆိုရင်တော့ အခြားနည်းလမ်းတစ်မျိုးဖြင့် ထပ်မံဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။

အကောင်းမြင်စိတ် ထားရှိပါ

တစ်စုံတစ်ရာကို စိတ်ပူပန်နေရတဲ့အခါ အကောင်းမြင်စိတ် ထားရှိဖို့ ခက်ခဲပါတယ်။ သို့သော်လည်း အခြေအနေ ကောင်းစဉ်အခါတုန်းက ကြုံတွေ့ရတဲ့ အမှတ်တရကောင်းများကို ပြန်လည်တမ်းတကာ အကောင်းမြင်စိတ်များကို ပြန်လည်မွေးမြူလိုက်ပါ။

စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ သုံးသပ်ပါ

တစ်ခါတစ်ရံမှာ ကိုယ် လိုချင်တဲ့ ရလာဒ်များ မရလာတတ်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ သို့သော် ကိစ္စရပ်များသည် ကိုယ် လိုချင်တဲ့အခြေအနေထက် ကိုယ် အမှန်တကယ်လိုအပ်တဲ့ အခြေအနေမျိုး ကြုံတွေ့ရတာဖြစ်ပါတယ်။

စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းကာ အကွက်ကျကျ လုပ်ဆောင်တတ်မယ်ဆိုရင် ကိုယ် မျှော်လင့်ထားသည်ထက် ပိုကောင်းတဲ့ ရလာဒ်တွေကိုတောင် ရရှိတတ်ပါတယ်။

ကွန်ပလိန်း မတက်ပါနဲ့

ငါ့ကျမှ ဘာဖြစ်လို့ အခက်အခဲတွေချည်းပဲ ကြုံတွေ့နေရတာလဲ။ သူများတွေအတွက်ကျ လွယ်ကူပြီး ငါ့တစ်ယောက်တည်းပဲ ကွက်ဖြစ်နေတာပဲ ဆိုပြီး ကွန်ပလိန်းတက်ကာ စိတ်ညစ်နေမယ့်အစား ကြုံတွေ့နေရတဲ့ အခက်အခဲများကို အခွင့်အရေးများအဖြစ် ပြောင်းလဲလိုက်ပါ။

အခွင့် အရေးများကို အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် ကွီးတို့သည် အောင်မြင်မှုအသီးအပွင့်ကို အနှေးနဲ့ အမြန် ခံစားရမှာပဲဖြစ်ပါတယ်။