Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် Control လုပ်တာတွေများလာရင် စိတ်ပျက်စရာကောင်းတဲ့ Toxic Relationship ဖြစ်လာမှာပါ။ အထူးသဖြင့် Control လုပ်လွန်းတဲ့ Relationship တွေမှာ ဒီလိုပြဿနာတွေ ကြုံတွေ့လာရပါလိမ့်မယ်။

ခဏခဏရန်ဖြစ်စကားများရခြင်း

Control လုပ်လွန်းတဲ့ Relationship မှာ ကြုံတွေ့ရမယ့် အရင်ဦးဆုံး ပြဿနာကတော့ ခဏခဏရန်ဖြစ်စကားများတာပါပဲ။ Relationship တစ်ခုမှာ ကြည်နူးရတဲ့အချိန်ထက် ပြဿနာဖြစ်ရတာတွေ၊ ပြဿနာတွေပဲ ဖြေရှင်းနေရတာတွေက အဆင်မပြေပါဘူး။

တစ်ယောက်ကိုတစ်ယောက်စိတ်ပျက်လာခြင်း

ကိုယ့်စိတ်တိုင်းကျမနေရပဲ အရာရာကို Control လုပ်ခံနေရရင် ဘယ်သူမဆို စိတ်ပျက်လာမှာပါပဲ။ အစပိုင်းမှာတော့ သည်းခံနိုင်ကြပေမယ့် ကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်လာပါလိမ့်မယ်။ Control လုပ်တဲ့သူကလည်း သူ့စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါ စိတ်ပျက်ဒေါသထွက်ပြီး ပူလောင်လာမယ်၊ Control အလုပ်ခံရတဲ့သူကလည်း မွန်းကြပ်ပြီး စိတ်ပျက်လာပါလိမ့်မယ်။

အနိုင်ယူလိုစိတ်တွေများလာခြင်း

ကြာလာတဲ့အခါ သူတောင်ငါ့ကို ဒီလိုတွေ Control လုပ်သေးတာပဲ ငါလည်း ဒီလိုတွေပြန်လုပ်မယ်ဆိုတဲ့စိတ်တွေ ဝင်လာပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူလိုစိတ်တွေ ပိုများလာပါလိမ့်မယ်။ ဒီလိုမျိုးတွေက ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။

မသိအောင်ခိုးလုပ်တာတွေများလာခြင်း

Control လုပ်ခံရတာတွေ၊ ချုပ်ချယ်ခံရတာတွေများလာတဲ့အခါ အမှန်အတိုင်းပြောရင်လည်း ကိုယ်လုပ်ချင်တာလုပ်ရမှာမဟုတ်ဘူး၊ ချုပ်ချယ်ခံမှာပဲ ပြဿနာဖြစ်အုံးမှာပဲ၊ စိတ်ဆိုးတာခံရအုံးမှာပဲဆိုပြီး စိတ်ရှုပ်မခံချင်တော့ပဲ မသိအောင်ပဲ ခိုးလုပ်လာပါလိမ့်မယ်။ တစ်ခါခိုးလုပ်တာမမိရင် နောက်လည်း ခဏခဏ မသိအောင်ပဲခိုးလုပ်တာတွေ များလာတော့မှာပါ။

လမ်းခွဲပြတ်စဲခြင်း

Control လုပ်တယ်ဆိုတာကလည်း အရမ်းလွန်လာရင်တော့ ဘယ်လို Relationship မျိုးမဆို ရေရှည်အဆင်မပြေပါဘူး။ အနှေးနဲ့အမြန် လမ်းခွဲပြတ်စဲတဲ့ အခြေအနေတွေကို ရောက်လာတာပါပဲ။ ဒါကြောင့် အလွန်အကျွံ Control လုပ်တာမျိုးတွေကို ဆင်ခြင်သင့်ပါတယ်။