လမ်းခွဲပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက် move on လုပ်နိုင်တဲ့ အချိန်ကာလခြင်း မတူညီကြပါဘူး။ တချို့ကတော့မြန်ပေမယ့် တချို့ကတော့ အရမ်းကိုကြာပါတယ်။ မြန်တဲ့သူတွေကတော့ ခံစားရတာသက်သာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ခံစားချက်တွေ ကောင်းနေမှ နာကျင်ခံစားရတာတွေ သက်သာစေမှာပါ။ ဒါကြောင့် လမ်းခွဲပြီးတဲ့နောက်မှာ ခံစားချက်တွေ ပိုကောင်းလာအောင် လုပ်နိုင်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ငိုကြွေးဖို့အချိန်ပေးပါ

အားရပါးရ စိတ်လွတ်ကိုယ်လွတ် ငိုချလိုက်ခြင်းက သင့်စိတ်ခံစားချက်ကို ပေါ့ပါးသွားစေပြီး လွတ်မြောက်မှုကို ပေးနိုင်ပါတယ်။ ကြိတ်ပြီးခံစားနေရင် တစ်မြေ့မြေ့နဲ့ ပြီးတော့မှာမဟုတ်ပါဘူး။

မကပ်တွယ်ပါနဲ့

ပြတ်သွားပြီးတဲ့သူကို မေ့ပစ်ရမှာ ကိုယ့်တာဝန်လို့သာ မှတ်ထားလိုက်ပါ။ ဒီလိုမှတ်ထားပြီးတော့ လူတစ်ယောက်ကို ဘယ်တော့မှ မကပ်တွယ်မိပါစေနဲ့။ ကပ်တွယ်နေရင် ပိုခံစားရပါလိမ့်မယ်။

Ex နဲ့ပတ်သက်တာတွေကိုဖယ်ရှားပါ

လမ်းခွဲပြီးတဲ့အခါ ပထမဆုံးလုပ်ရမှာက အိမ် ဒါမှမဟုတ် ကိုယ်မြင်နိုင်တဲ့နေရာမှာ ရှိနေသမျှ ex နဲ့ပတ်သက်တာတွေ အားလုံးကို ဖယ်ရှားပစ်ပါ။ အမြဲမြင်တွေ့နေရရင် move on လုပ်ဖို့မလွယ်သလို စိတ်လည်းအဆင်မပြေဖြစ်နေပါလိမ့်မယ်။

Social media ကနေဖယ်လိုက်ပါ

လမ်းခွဲပြီးတဲ့ရည်းစားဟောင်းကို ဘဝထဲကတင် ထုတ်ပစ်ရမှာမဟုတ်ပါဘူး။ Social media မှန်သမျှကနေလည်း ဖယ်ထုတ်လိုက်ပါ။ ဒါဆိုရင် သင့်ကိုပိုပြီးစိတ်သက်သာရာရစေမှာပါ။ သူအသစ်ရသွားရင်လည်း သင့်အတွက်နာကျင်ရမှာဖြစ်သလို မြင်တွေ့နေရတာလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။

သူ့အမှားတွေကိုစာရင်းလုပ်ထားပါ

လမ်းခွဲပြီးလည်း ex ကိုမမေ့နိုင်တဲ့သူတွေ လုပ်ရမှာကတော့ သူ့အမှားတွေ၊ ကိုယ့်အပေါ်လုပ်ခဲ့တဲ့ မကောင်းတဲ့အရာတွေကို စာရင်းလုပ်ထားပြီး အမြဲမှတ်မိနေပါ။ ဒါမှသာ စိတ်နာပြီး move on လုပ်နိုင်မှာပါ။ Ex ကို မမေ့နိုင်သရွေ့ သင့်စိတ်ခံစားချက်တွေ ကောင်းနိုင်မှာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

လမ်းခွဲပြီးတဲ့နောက်မှာ စိတ်ခံစားချက်တွေပိုကောင်းလာစေဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ အစားအသောက်သေချာစားပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အရင်ထက်ပိုပြီး လှလှပပပြင်ပြင်ဆင်ဆင်နေပါ။ စိတ်ပျော်အောင် အနှိပ်ခံတာ spa သွားတာတွေလည်း လုပ်ပေးနိုင်ပါတယ်။

တခြားသူတွေနဲ့ဆက်သွယ်ပါ

Single ဖြစ်သွားပြီမို့ လွတ်လပ်ပေါ့ပါးသွားပြီ လုပ်ချင်တာလုပ်လို့ရပြီလို့သာ တွေးလိုက်ပါ။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆက်သွယ်ပြီး ပျော်ပါးပစ်လိုက်ပါ။

ပြီးသွားပြီဆိုတာကိုလက်ခံလိုက်ပါ

လမ်းခွဲခြင်းကို လက်မခံနိုင်တဲ့အခါ move on လုပ်ဖို့က ပိုပိုပြီးခက်ခဲလာပါတယ်။ လက်မခံနိုင်တဲ့သူတွေက move on လုပ်ဖို့အတွက် ပြန်အဆင်ပြေဖို့ကိုပဲ မျှော်လင့်နေကြတာပါ။ ဒီလိုနဲ့ပဲ တစ်နေ့ထက်တစ်နေ့ ပိုပြီးနာကျင်ခံစားနေရတာပါ။ ဒါကြောင့် အားလုံးပြီးသွားပြီဆိုတာကို လက်ခံပြီးတော့ အစကနေပြန်လည်စတင်ပါ။ ကိုယ့်ကိုယ်ကိုသာ ပျော်အောင်ထားပါ။