Relationship တစ်ခုမှာ နားလည်မှုရှိဖို့က အရမ်းကို အရေးကြီးပါတယ်။ နားလည်မှုမရှိလို့ ပြတ်သွားရတဲ့ စုံတွဲတွေ အများကြီးပါပဲ။ Relationship တစ်ခုမှာ အခြေခံအားဖြင့် ဒီလိုနားလည်မှုတွေတော့ ရှိသင့်ပါတယ်။

ကိုယ်ပိုင်အချိန်ပေးပါ

တချိန်လုံးကိုယ်နဲ့ပဲစကားပြော၊ ကိုယ်နဲ့ပဲနေဆိုပြီး အချိန်ခဏလောက် စကားလာမပြောတာ၊ မဆက်သွယ်တာနဲ့ စိတ်ဆိုးစိတ်ကောက်တာ၊ ပြဿနာရှာတာမျိုးတွေ မလုပ်ပါနဲ့။ သူလည်း သူလုပ်စရာရှိတာလုပ်ရမယ့်အချိန်၊ ရုပ်ရှင်ကြည့်၊ ဂိမ်းကစား စသဖြင့် အပန်းဖြေချိန်၊ ကိုယ်ပိုင်အနားယူချိန် ရဖို့အတွက် ကိုယ်ပိုင်အချိန်ပေးရပါမယ်။

သူငယ်ချင်းအပေါင်းအသင်းကိစ္စ

သူငယ်ချင်းအပေါင်းအသင်းကိစ္စနဲ့ပတ်သက်ပြီး နေရာတကာ လိုက်ပြောပြီး ချုပ်ချယ်တာတွေကလည်း ပြဿနာတွေဖြစ်လာစေနိုင်တဲ့ အဓိကအကြောင်းအရင်းပါပဲ။ တော်ရုံတန်ရုံဆို မပြောပဲ နားလည်မှုပေးသင့်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းကိစ္စနဲ့ပတ်သက်ပြီး နားလည်မှုပေးထားတာတော့ အကောင်းဆုံးဖြစ်မှာပါ။

အရေးမကြီးတဲ့ကိစ္စအသေးအမွှား

ဘာမဟုတ်တဲ့ကိစ္စအသေးအမွှားလေးတွေကအစ နားလည်မှုမပေးနိုင်ပဲ ပြဿနာရှာတာ၊ ရစ်တာတွေ လုပ်နေရင်တော့ ကြာလာရင် စိတ်ပျက်စရာကောင်းတဲ့ relationship ပဲ ဖြစ်လာမှာပါ။ ဒါကြောင့် တော်ရုံအရေးမကြီးတဲ့ကိစ္စ အသေးအမွှားလေးတွေဆိုရင် နားလည်ပေးလိုက်ပါ။

Pravicy မချိုးဖောက်ပါနဲ့

ဘယ်သူ့အပေးမှာပဲဖြစ်ဖြစ် pravicy ချိုးဖောက်တာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ ဖုန်းတွေယူစစ်တာ၊ password တွေတောင်းပြီး အမြဲဝင်စစ်နေတာ စသဖြင့် ထိန်းသိမ်းရမယ့် pravicy တွေကအစ ချိုးဖောက်ပြီး နားလည်မပေးနိုင်ရင် ရေရှည်အဆင်မပြေနိုင်ပါဘူး။ ဖောက်ပြန်ချင်တဲ့သူက ဘယ်လိုပဲလုပ်လုပ် ဖောက်ပြန်နိုင်တာပါပဲ။

အချိန်တိုင်းရစ်ပြီးချုပ်ချယ်တာမျိုးမလုပ်ပါနဲ့

အပေါ်မှာပြောခဲ့သလို ဘာမဟုတ်တာလေးတွေကအစ ပြဿနာတွေဖြေရှင်းနေရ၊ စကားတွေများနေရပြီး အချိန်တိုင်းတစ်ခုမဟုတ်တစ်ခု လိုက်ရစ်တာ၊ ချုပ်ချယ်တာမျိုးတွေက လုံးဝကို နားလည်မှုမရှိတာပါပဲ။ ဒီလိုတွေလုပ်နေရင် ပျော်စရာကောင်းတဲ့ relationship က တစ်ဖြေးဖြေးပျောက်ဆုံးသွားမှာပါ။