ဒီတစ်ခါမှာတော့ ဂီတ အနုပညာကို နှစ်သက်မြတ်နိုးတဲ့ တက်တူးချစ်သူများအတွက် အမိုက်စား ဒီဇိုင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဂီတဟာ စိတ်ခံစားချက်များကို အမျိုးစုံ ခံစားသွားရစေအောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအားမြင့်အရာတစ်ခုပဲ ဖြစ်ပါတယ်။

စိတ်ညစ်နေတဲ့အချိန်မှာ မြူးမြူးကြွကြွသီချင်းတွေ နားထောင်တဲ့အခါ စိတ်လက်ပေါ့ပါး ပျော်ရွှင်လာပြီး အသည်းကွဲ သီချင်းတွေ နားထောင်မိရင်လည်း လူက အဆွေးခံစားချက်လေး ဝင်ရောက်လာမှာပဲဖြစ်ပါတယ်။

ဒီလိုအစွမ်းထက်တဲ့ ဂီတကို ခန္ဓာကိုယ်ပေါ်မှာ တက်တူးအဖြစ် ရေးထိုးတဲ့အခါမှာ အမိုက်စားဖက်ရှင်တစ်ခုကို ပိုင်ဆိုင်ရရှိသွားစေမှာပါ။

တေးဂီတ နုတ်စ် တက်တူး

Music Note တွေက အရိုးရှင်းဆုံး တက်တူးဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။ ရှိရှိသမျှ Music Note များကို ပေါင်းစပ်ကာ အမိုက်စား တက်တူးဒီဇိုင်းတစ်ခု ဖန်တီးလိုက်ပါ။

ဂီတ တူရိယာ တက်တူး ဒီဇိုင်း

ကိုယ့်ကြိုက်နှစ်သက်တဲ့ တူရိယာတစ်မျိုးမျိုးရှိတယ်ဆိုရင် ထိုတူရိယာကို တက်တူးဒီဇိုင်းအဖြစ် ရေးထိုးနိုင်ပါတယ်။

တက်တူးအသေးစား

တက်တူးဒီဇိုင်း အသေးစားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုလိုမျိုး နား အနောက်ဘက်နှင့် လည်ပင်းနားတစ်ဝိုက်မှာ ရေးထိုးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း လက်ကောက်ဝတ်လို နေရာမျိုးသည်လည်း တက်တူးအသေးစား ထိုးလို့အကောင်းဆုံး နေရာတစ်ခုပဲဖြစ်ပါတယ်။

ဂစ်တာ၊ နှင်းဆီပွင့်ဖတ်နှင့် Music Note သုံးမျိုးစပ် တက်တူးဒီဇိုင်း

အမိုက်စား တက်တူးဒီဇိုင်းတစ်ခု ဖန်တီးချင်သူများအတွက် အလန်းစား သုံးမျိုးစပ် ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ လက်ဖျံ အတွင်းပိုင်းမှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

ဖန်ခွက်ထဲက ဓာတ်ပြားချပ်

ဓာတ်ပြားချပ်လေးသည် တစ်ခေတ်တစ်ခါက ခေတ်စားခဲ့တဲ့ ကိရိယာပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲမှာတော့ မြင်တွေ့ဖူးပါလိမ့်မယ်။

စာသားတက်တူး

ဖုန်းမှာ သီချင်း နားထောင်တော့မယ်ဆိုရင် ဒီလိုအမှတ်အသားမျိုးကို မြင်တွေ့ရပါလိမ့်မယ်။ ထိုအမှတ်အသားလေးကိုမှ အဓိပ္ပာယ်ရှိတဲ့ စာသားလေးဖြင့် ပေါင်းစပ်ကာ တက်တူးရေးထိုးထားတာပဲ ဖြစ်ပါတယ်။

Image Source: Pinterest