Toxic Relationship ကို လက်လွှတ်လိုက်ရင် ပိုပြီးပျော်စရာကောင်းမှာ၊ ပိုပြီးစိတ်လွတ်လပ်ပေါ့ပါးသွားမှာကို သိကြပေမယ့် တချို့က လက်မလွှတ်နိုင်ပဲနဲ့ ဖက်တွယ်နေကြပါတယ်။ Toxic Relationship ကို လက်မလွှတ်နိုင်တဲ့သူတွေမှာတော့ ဒီလိုအကြောင်းအရင်းတွေကို တွေ့ရလေ့ရှိပါတယ်။

တစ်ယောက်ထဲဖြစ်မှာကိုကြောက်နေခြင်း

အရင်က နှစ်ယောက်အတူတူလုပ်ခဲ့တာတွေ၊ နှစ်ယောက်အတူဖြစ်သန်းခဲ့တာတွေကို တစ်ယောက်ထဲလုပ်ရမှာ၊ တစ်ယောက်ထဲနေရမှာကို ကြောက်နေကြပါတယ်။ ဒီလို တစ်ယောက်ထဲဖြစ်သွားမှာကိုကြောက်ပြီး နာကျင်ရတဲ့ Toxic Relationship ကိုပဲ ဖက်တွယ်နေကြပါတယ်။

တစ်ဖက်လူကိုအရမ်းချစ်နေခြင်း

တစ်ဖက်လူကို အရမ်းချစ်တဲ့အခါမှာလည်း Toxic Relationship ကို လက်မလွှတ်နိုင်ပဲ နာကျင်ရလည်း သူ့အနားမှာပဲ နေချင်နေကြတာပါ။ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် ကိုယ်က တစ်ဖက်လူကို အရမ်းချစ်နေတဲ့အတွက် မစွန့်လွှတ်နိုင်ကြပါဘူး။

လမ်းခွဲစကားပြောရမှာကိုကြောက်နေခြင်း

တစ်ဖက်လူက ကိုယ့်အပေါ်နှိပ်စက်အနိုင်ကျင့်တဲ့အခါ သူစမပြောတဲ့ကိစ္စဆိုရင် ကိုယ်ကစပြီး မပြောရဲတာ၊ လမ်းခွဲစကားပြောလိုက်ရင် ဒေါသထွက်ပြီး ကိုယ့်ကိုတစ်ခုခုလုပ်မှာကို ကြောက်ပြီးတော့ လမ်းခွဲစကားမပြောနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

တစ်ဖက်လူကိုမျှော်လင့်နေခြင်း

ကိုယ်တိုင်က လမ်းမခွဲပဲ ဒီလူနဲ့ပဲဆက်တွဲနေချင်တဲ့အခါမှာတော့ ဘယ်လောက်ပဲ Toxic Relationship ဖြစ်နေပါစေ ရသလောက်ဖမ်းဆုပ်ထားပြီး တစ်နေ့ကျရင် သူများပြောင်းလဲလာမလား၊ တစ်နေ့ကျရင် ပျော်နိုင်မလားစတဲ့ မျှော်လင့်ချက်တွေနဲ့ လမ်းမခွဲနိုင်ကြပါဘူး။ ဒီ Toxic Relationship ကိုပဲ ဖက်တွယ်ပြီး ဆက်တွဲနေကြတာပါ။

အတ္တကြီးခြင်း

Toxic Relationship ဖြစ်နေလည်း ကိုယ့်အတ္တကြောင့် လက်မလွှတ်ပဲ ခေါင်းမာနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီလိုလူအများစုကတော့ Toxic Relationship ဖြစ်ရခြင်းက သူတို့ကိုယ်တိုင်ကြောင့် ဖြစ်နေတာပါ။ ဒါကြောင့် သူတို့လုပ်ချင်တာလုပ်ပြီး ပိုင်ဆိုင်နေရရင် ကျေနပ်နေကြတာပါ။ တခြားသူအတွက်လည်း မစဉ်းစားပဲ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး ကိုယ့်စိတ်အဆင်ပြေရင် ကျေနပ်နေကြတာပါ။