ပန်းရောင်လို့ ပြောလိုက်ရင် အများစုက မိန်းကလေးတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့အရောင်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ၂၁ ရာစုမှာတော့ ဒီအတွေးအခေါ်တွေကို စွန့်ပစ်ပြီး ရေဆွဲချခဲ့လိုက်ပါတော့။ ပန်းရောင်ဟာ ဆွဲဆောင်မှုရှိတဲ့ အရောင်တစ်ရောင်ထက် မပိုသလို၊ အထီး၊ အမဆိုတာကိုလည်း ခွဲခြားမပြနိုင်ပါဘူး။ ပန်းရောင်ဟာ မိမိကိုယ်ကို ယုံကြည်မှု တိုးစေနိုင်သလို၊ ပန်းရောင်ဖက်ရှင်နဲ့ ယုံကြည်ချက်ပြည့်နေတဲ့ အမျိုးသားတစ်ဦးရဲ့ ပုံရိပ်ဟာ လူတိုင်းရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်စေမှာ သေချာပါတယ်။

ဘယ်လိုပန်းရောင်မျိုးကို ရွေးချယ်မလဲ?
ဘယ်လိုအရောင်ပဲဖြစ်ပါစေ၊ သူ့မှာ မတူညီတဲ့ Gradient ကွဲတွေရှိပါတယ်။ ပန်းရောင်မှာလည်း ဒီလိုပါပဲ။ ဘယ်လို ပန်းရောင် Tone မျိုးက သင့်အသားအရည်နဲ့ လိုက်ဖက်ညီမလဲဆိုတာ သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။ အသားညိုတဲ့သူတွေအတွက် နည်းနည်းပိုရင့်တဲ့ ပန်းရောင်မျိုးက သင့်တော်ပြီး၊ အသားဖွေးတဲ့ သူတွေကတော့ ပန်းရောင်အနုလေးတွေနဲ့ ပိုမိုသင့်တော်ပါတယ်။

ပန်းရောင်နဲ့ ဘယ်အရောင်တွေ လိုက်ဖက်မလဲ?
အဖြူရောင်၊ ငွေရောင်၊ မီးခိုးရောင်၊ အမဲရောင်တွေနဲ့ တွဲဖက်ပြီး ပန်းရောင်ဝတ်စုံကို ဝတ်ဆင်နိုင်ပါတယ်။ ပန်းရောင်ဦးထုပ်၊ ပန်းရောင်လည်စီး၊ ပန်းရောင်ရှပ်အင်္ကျီတို့ကလည်း မိုက်တာပါပဲ။ နိုင်ငံတကာက နာမည်ကြီး အမျိုးသားအနုပညာရှင်တွေရဲ့ ပန်းရောင်ဝတ်စုံနဲ့ ပုံတွေဟာလည်း အင်တာနက်မှာ အများအပြား ရှာတွေ့နိုင်ပါတယ်။
အော် … ဒါနဲ့ စကားမစပ် ပန်းရောင်ဖုန်းတွေကရော အမျိုးသားတွေ ကိုင်လို့မရဘူးလား?

Blossom Pink နဲ့အမျိုးသားများ
အပေါ်က မေးခွန်းကိုတော့ Why Not? လို့ပဲ မေးခွန်းလေးနဲ့ ပြန်ဖြေပါရစေ။ လောလောဆယ် ပန်းရောင်ဖုန်းလို့ စဉ်းစားလိုက်တော့ Vivo က အသစ်ထွက်ရှိထားတဲ့ V15 Blossom Pink ကို ပြေးမြင်မိပါတယ်။ ချယ်ရီပွင့်တွေလို တည်ငြိမ်တဲ့ အလှတရားနဲ့ ပန်းရောင်ဖုန်းလေးတစ်လုံးက ဘောင်တွေထဲက ဖောက်ထွက်ထားတဲ့ သင့်ရဲ့ဖက်ရှင်အပေါ် အများကြီး အထောက်အကူပြုနိုင်တယ်ဆိုရင် ယုံကြည်လိုက်ပါ။ သင့်ရဲ့ ဘောင်းဘီအိတ်ကပ်ထဲက တစ်စွန်းတစ်စထွက်နေတဲ့ အနောက်ဖက် ကင်မရာ ၃ လုံးနဲ့ ပန်းရောင်ဖုန်းလေးက လမ်းပေါ်ကလူတွေရဲ့ အကြည့်တွေကို ဆွဲဆောင်နေတဲ့ ဆွဲအားတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။

Vivo V15 ရဲ့ Blossom Pink ကိုတော့ Limited Edition အနေနဲ့ ထုတ်လုပ်ထားတာကြောင့် သီးသန့်ဆန်တဲ့ ဖက်ရှင်ရေစီးကြောင်းမှာ စီးမြောချင်သူတွေအတွက် သင့်တော်ပြီး နီးစပ်ရာဖုန်းဆိုင်တိုင်းမှာ 479,000 Kyat ဖြင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။