လူအများစုဟာ ဘဝမှာ အိမ်မက်တွေ ကိုယ်စီရှိကြပေမဲ့ လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ပြီး အောင်မြင်မှုရရှိဖို့ ဆိုတာတော့ ထင်သလောက် မလွယ်ကူပါဘူး။ ကိုယ်ရည်မှန်းထားတဲ့ အိမ်မက်ဟာ ကြီးရင်ကြီးသလောက် ကိုယ့်ဘက်က ထည့်သွင်းရမဲ့ ကြိုးစားအားထုတ်မှုဟာလည်း ကြီးမားပါတယ်။

ဒါကြောင့် ရည်မှန်းထားတဲ့ အိမ်မက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်စေဖို့ နည်းလမ်းကောင်းများကို ဖော်ပြပေးချင်ပါတယ်။

ကိုယ့်ရဲ့ အိမ်မက်ကို သေချာသိပါစေ

ဖြစ်ချင်တဲ့ အိမ်မက်တွေ များနေရင် အရင်ဆုံးအကာင်အထည်ဖော်နိုင်မယ့် အိမ်မက်တစ်ခုကို ရွေးချယ်ပါ။ ပိုပြီးထင်သာမြင်သာရှိစေရန် အိမ်မက်ကို ချရေးထားပါ။ စာရွက်ပေါ်မှာ ချရေးပြီး မြင်နိုင်တဲ့နေရာမှာ ကပ်ထားခြင်းဖြင့်လည်း ပိုပြီးရှင်းရှင်းလင်းလင်း သိမြင်လာပါလိမ့်မယ်။

အတားအဆီးတွေကို ဖယ်ရှားပါ

အိမ်မက်ဆီကို လျှောက်လှမ်းတဲ့နေရာမှာ အမှားတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအမှားတွေ၊ ကျရှုံးမှုတွေထဲက ရုန်းမထွက်နိုင်ဘဲ အတိတ်မှာပဲ ပိတ်မိနေတာဟာ တကယ်ကို ကြီးမားတဲ့ အတားအဆီးပါ။

ကျရှုံးမှုတွေ၊ အမှားတွေထံမှ သင်ယူပါ။ နောက်ကိုလှည့်မကြည့်ဘဲ အိမ်မက်ဆီကိုသာ ဦးတည်ပါ။ အကြောက်တရားတွေ၊ တွန့်ဆုတ်မှုတွေကို ဖယ်ရှားပြီး အိမ်မက်တွေဆီသို့ တစိုက်မတ်မတ် လျှောက်လှမ်းပါ။

စိတ်အားထက်သန်မှုနဲ့ တစ်ဆင့်ချင်း တတ်လှမ်းပါ

အိမ်မက်ကြီးကြီးမားမားနဲ့ အရင်စတင်ဖို့မလိုအပ်ပါဘူး။ နေ့ချင်းညချင်း အိမ်မက် ကြီးကြီးမားမားတွေ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုနဲ့ အချိန်လိုအပ်ပါတယ်။

ဒါကြောင့် အိပ်မက်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့အတွက် ပန်းတိုင်ငယ်လေးတွေအဖြစ် ပိုင်းခြားပြီး ချဉ်းကပ်နိုင်ပါစေ။ ပန်းတိုင်ငယ်လေးတွေ တစ်ခုချင်းအောင်မြင်လာတဲ့အခါ ပိုမို ကြီးမားတဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်မှာ အသေအချာပါပဲ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ

အိမ်မက်ကို စတင်အကောင်အထည်ဖော်တော့မယ် ဆိုရင် “ငါ မလုပ်နိုင်လောက်ဘူး” ဆိုတဲ့ စိတ်နဲ့ မစတင်ပါနဲ့။ ငါဟာ အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ထားရှိပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ စတင်တဲ့ အလုပ်တိုင်းဟာ အောင်မြင်ဖို့ မခဲယဉ်းပါဘူး။

ကြိုးစားပါ

အောင်မြင်မှုတိုင်းရဲ့ အစက အိမ်မက်တွေပဲလို့ ဆိုပါတယ်။ ကိုယ်လိုချင်တဲ့ အိမ်မက်တွေ ရောက်ရှိအောင်မြင်နိုင်ဖို့အတွက် အရေးကြီးတဲ့ တစ်ချက်ကျန်ပါသေးတယ်။ ဒါကတော့ ကြိုးစားအားထုတ်မှုပါပဲ။ ကြိုးစားအားထုတ်မှုမရှိဘဲနဲ့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်ရှိနိုင်ပါဘူး။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။