မျက်နှာပေးမှာ အမဲစက်တွေ၊ အမာရွတ်တွေရှိနေလို့ စိတ်ညစ်နေရတဲ့သူတွေအတွက် အမဲစက်နဲ့ အမာရွတ်တွေ သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်း ၄ မျိုးကို ပြောပြပေးလိုက်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေဖြစ်ပြီး အသားအရေထိခိုက်ပျက်စီးမှာကိုလည်း စိတ်မပူရတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ နည်းလမ်း ၄ မျိုးရှိလို့ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးသွားဖို့ပါပဲ။

သံပယိုသီး

သံပယိုသီးမှာက vitamin C ကြွယ်ဝစွာပါဝင်လို့ အမဲစက်တွေ၊ အမာရွတ်တွေ သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။ ဒါပေမယ့် သုံးတဲ့အခါမှာတော့ သူ့တစ်မျိုးထဲမသုံးပဲ သံပယိုသီးကိုအရည်ညှစ်ချပြီး ရေနဲ့ဆတူရောပါ။ ပြီးရင် ဖြစ်တဲ့နေရာကို တိုက်ရိုက် ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပုံမှန်လုပ်ပေးသွားရင် အမဲစက်၊ အမာရွတ်တွေက ဖြေးဖြေးချင်းစီ သက်သာပျောက်ကင်းသွားမှာပါ။ နေ့ဘက်တွေမှာ sunscreen လိမ်းပေးဖို့လည်း မမေ့နဲ့နော်။

ပျားရည်

ပျားရည်ကလည်း အမဲစက်၊ အမာရွတ်တွေကို သက်သာပျောက်ကင်းအောင် လုပ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ လုပ်ရမယ့်နည်းလမ်းကလည်း အရမ်းလွယ်ပါတယ်။ ပျားရည်ကိုယူပြီး အမဲစက်၊ အမာရွတ်တွေပေါ်မှာ တိုက်ရိုက်ပွတ်လိမ်းပေးရုံပါပဲ။

Apple Cider Vinegar

Apple Cider Vinegar ကိုလည်း ရေနဲ့ရောပြီး အမဲစက်၊ အမာရွတ်တွေပေါ် တိုက်ရိုက်ပွတ်လိမ်းပေးပါ။ တစ်နေ့ကိုတစ်ကြိမ်ပဲ လိမ်းပေးရပါမယ်။ လိမ်းပြီးရင်လည်း တစ်နေကုန်မထားရပါဘူး။ တစ်နာရီခွဲထားပြီး မျက်နှာသစ်ရပါမယ်။

နနွင်းမှုန့်

နောက်ဆုံးနည်းလမ်းကလည်း အရမ်းလွယ်ကူပါတယ်။ အိမ်တိုင်းမှာရှိတဲ့ နနွင်းမှုန့်ကိုသုံးရမှာပါ။ ရေနဲ့ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး အမဲစက်၊ ဝက်ခြံတွေပေါ်မှာ ပွတ်လိမ်းပေးပါ။ နေ့တိုင်းလိမ်းပေးရင် တစ်ဖြေးဖြေးချင်းစီပါးပြီး သက်သာသွားမှာပါ။ သူကဝက်ခြံပေါ်မှာ တို့ပေးရင်လည်း ဝက်ခြံချပ်သွားစေတယ်နော်။