အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျတဲ့အချိန်ဆိုတာကတော့ ဘဝမှာ ရှိတတ်ပါတယ်။ လူတိုင်းက အမြဲတမ်းတော့ အဆင်ပြေတာတွေချည်းပဲ မကြုံရပါဘူး။ အဓိကက စိတ်ဓာတ်ကျနေတဲ့အတိုင်း ခံစားပြီး လေလွင့်နေတာမျိုး မဖြစ်ဖို့ပါပဲ။ ဒါကြောင့် အမြန်ဆုံးပြန်လည်ပြီး moti ရလာအောင် စိတ်ဓာတ်ကျနေတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားကို ပြန်လည်မြှင့်တင်ပေးနိုင်တဲ့ ဗျူဟာတွေကို ပြောပြပေးလိုက်ပါတယ်။

သေးငယ်တဲ့ Goals လေးတွေ ချကြည့်ပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သေးငယ်တဲ့ goals လေးတွေထားပြီး လုပ်ဆောင်ကြည့်ပါ။ တစ်ခုချင်းစီ ဖြေးဖြေးချင်းစီ ပြည့်ဝအောင် ကြိုးစားကြည့်ပါ။ ကိုယ့်ရဲ့ goals တွေ ပြည့်ဝသွားတဲ့အခါ ပျော်ရွှင်ပြီး စိတ်ဓာတ်ခွန်အား ပြန်တက်လာပါလိမ့်မယ်။

အိပ်ယာထဲကထွက်ပါ

အိပ်ယာထဲမှာပဲ ခွေခေါက်နေရင်တော့ စိတ်ညစ်ပြီးရူးချင်စိတ်တွေ ပေါက်လာပါလိမ့်မယ်။ ဒီတော့ အိပ်ယာထဲကထွက်ပြီး စားသောက်ပါ။ ရုပ်ရှင်ကြည့်ပါ။ လေကောင်းလေသန့်ထွက်ရှူပါ။ သဘာဝကိုခံစားပါ။ လမ်းလျှောက်ပါ။

လေ့ကျင့်ခန်းလုပ်ပါ၊ ယောဂကျင့်ပါ

လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ယောဂကျင့်ပေးခြင်းတွေက စိတ်ခွန်အားကို ပြန်လည်မြှင့်တင်ပေးပြီး တက်ကြွလန်းဆန်းလာအောင် ကူညီပေးနိုင်ပါတယ်။

အကောင်းဘက်ကိုပဲတွေးပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ တော်တော်များများက အဆိုးတွေချည်းပဲတွေးပြီး ပိုစိတ်ဓာတ်ကျနေကြတာပါ။ အဲ့လိုမလုပ်ပဲ အကောင်းဘက်ကို ပြောင်းတွေးပါ။ အဆင်မပြေတာတွေ ဖြစ်လာရင်တောင် နောက်ထပ်ကောင်းတာတွေလာဖို့ ဖြစ်လာတာပဲလို့တွေးပြီး အကောင်းတွေပဲတွေးပါ။ ဒီလိုနည်းနဲ့ စိတ်ဓာတ်ခွန်အားကို ပြန်လည်မြှင့်တင်ပေးနိုင်ပါတယ်။

လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ တော်တော်များများက တစ်ယောက်ထဲပဲ နေချင်ကြပါတယ်။ တစ်ယောက်ထဲနေရင် အတွေးပေါင်းသောင်းခြောက်ထောင်ဖြစ်ပြီး ပိုစိတ်ဓာတ်ကျလာဖို့ပဲ ရှိပါတယ်။ ဒီတော့ လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။ စကားတွေပြောပါ။ သွားလာပါ။ စိတ်အဆင်ပြေလာပါလိမ့်မယ်။

အိပ်ရေးဝအောင်အိပ်ပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားကို ပြန်လည်မြှင့်တင်ပေးနိုင်တဲ့ နောက်ဆုံးဗျူဟာကတော့ အိပ်ရေးဝအောင်အိပ်တာပါပဲ။ အိပ်ရေးဝမှ အားအင်ပြည့်ဝပြီး စိတ်ကြည်လင်ကာ ကိုယ်ရောစိတ်ပါ တက်ကြွလန်းဆန်းစေမယ်၊ လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိနေပါမယ်။ စိတ်ဓာတ်ကျရတဲ့ထဲ အိပ်ရေးကပါပျက်တယ်ဆိုရင်တော့ ထိုင်းမှိုင်းပြီး နေရတာအဆင်မပြေ ဖြစ်လာပါလိမ့်မယ်။