ဟယ်လို ပျိုမေတို့ရေ…လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူညီနိုင်ပါဘူးနော်။ ဖက်ရှင်နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်လည်း ပျိုမေတွေအနေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ကြိုက်တဲ့သူတွေရှိနိုင်သလို တချို့ကျတော့လည်း Cute ဖြစ်တဲ့ ပုံစံလေးတွေ ဝတ်ရတာကို သဘောကျကြပါတယ်။

အခုခေတ်မှာက လက်မှုပညာကို စိတ်ပါလာကြတဲ့ အမျိုးသမီးလေးတွေကိုလည်း နေရာအများစုမှာ မြင်တွေ့ရနိုင်ပါတယ်။ Crochet ထိုးတာဖြစ်ဖြစ် အပ်ချုပ်သင်တန်းတက်ပြီး ကိုယ်ကြိုက်တဲ့ဒီဇိုင်း ချုပ်ပြီးဝတ်တာဖြစ်ဖြစ် အစုံပါပဲနော်။

ကိုယ်ချုပ်တာ ကိုယ်ဝတ်ရတာဟာ ဂုဏ်ယူစရာလည်းကောင်းသလို Fitting လည်း ကျစေမှာပါ။ နောက်ပြီး အပ်ချုပ်တတ်တဲ့ ပျိုမေတို့ရဲ့ ဖုန်းထဲမှာဆိုရင်လည်း ဒီဇိုင်းစုံဓာတ်ပုံတွေနဲ့ ပြည့်နေမယ်ဆိုတာလည်း မှန်းကြည့်လို့တောင် ရပါတယ်။

အခုတစ်ခါမှာတော့ Cute Type ပျိုမေလေးတို့အတွက် ချစ်စရာကောင်းတဲ့ အပေါ်အောက် ဝမ်းဆက်ဖက်ရှင်လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

ကိုယ့်အတွက်ဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းအတွက်ဖြစ်ဖြစ် ဒါမှမဟုတ် သမီးလေး တူမလေးတွေအတွက်လည်း ချုပ်ပေးလို့ရသေးလို့ သေချာပေါက် သဘောတွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

Image Source: Pinterest