ယောဂကျင့်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေရုံတင်မဟုတ်ပဲ Body လည်း လှပစေပါတယ်။ အားလုံး Perfect ဖြစ်ဖို့ဆိုရင်တော့ Class Join ပြီး သင်တန်းတက်သင့်ပါတယ်။ ပုံမှန် စိတ်ရောကိုယ်ပါကျန်းမာဖို့ ပေါ့ပေါ့ပါးပါး လုပ်ချင်တာဆိုရင်တော့ အခုမှယောဂစကျင့်မယ့် Beginner တွေအတွက် လွယ်ကူရိုးရှင်းတဲ့ ယောဂကျင့်စဉ် ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ယောဂကျင့်တဲ့အခါ ယောဂဖျာပေါ်မှာပဲ လုပ်ပေးပါ။

Cat/Cow Pose

လက်ဖဝါးနှစ်ဖက်ကိုထောက်ပြီး ဒူးထောက်ထားပါ။ ပြီးရင် ကျောကိုကုန်းလိုက်၊ ဒုတိယပုံထဲကလို ကော့လိုက်နဲ့ လုပ်ပေးရမှာပါ။ ဖြေးဖြေးနဲ့မှန်မှန်ပဲ လုပ်သွားပေးပါ။ လုပ်နေတဲ့အချိန်မှာကို အသက်ကိုဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ် လုပ်ပေးနေပါ။

Downward Facing Dog

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး အသက်ကို ဖြေးဖြေးချင်းစီရှိုက်ပြီးရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Seated Twist

ပုံမှာလုပ်ပြထားတဲ့အနေအထားအတိုင်းကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးရမှာ ဖြစ်ပါတယ်။ ၁၀ စက္ကန့်နေပြီးရင် ဖြေးဖြေးချင်းစီ ပုံစံပြောင်းပြီး ဘယ်ညာပြောင်းလုပ်ပါ။ တစ်ဖက်ကို အနည်းဆုံး ၃ ကြိမ်လောက် လုပ်ပေးပါ။

Cross-Legged Seated Pose

ခြေထောက်အနေအထားကို ပုံမှာလုပ်ပြထားသလို သေချာတူအောင် လုပ်ပေးပါ။ မျက်စိမှိတ်ပြီး အသက်ကိုဖြေးဖြေးချင်းစီ ရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။ အနည်းဆုံး စက္ကန့် ၃၀ နေပေးပါ။

Child’s Pose

ပုံမှာလုပ်ပြထားတဲ့ Child’s Pose အနေအထားနဲ့လည်း အနည်းဆုံး စက္ကန့် ၃၀ နေပေးရပါမယ်။

Tree Pose

Tree Pose အနေအထားနဲ့နေပြီး မျက်စိမှိတ်ကာ အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးနေရမှာပါ။ ဒါလည်း ခြေထောက်ပုံစံကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်နိုင်ပါတယ်။

Chair Pose

ပုံမှာလုပ်ပြထားတဲ့ Chair Pose အနေအထားနဲ့ စက္ကန့် ၃၀ နေပေးရပါမယ်။ စက္ကန့် ၃၀ မနေနိုင်ရင် ၁၀ စက္ကန့်နေလိုက်၊ ပြန်ထလိုက်၊ ပြီးရင်အဲ့အတိုင်းပြန်နေလိုက်နဲ့ လုပ်ပေးလို့လည်း ရပါတယ်။