မိန်းကလေးဆန်ဆန်ဝတ်ရတာထက် ယောင်္ကျားလေးဆန်ဆန် ဝတ်ရတာမျိုးကို ကြိုက်တဲ့သူတွေအတွက် Outfit Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ နေ့စဉ် ထသွားထလာဝတ်ဖို့အတွက် အဆင်ပြေတဲ့ Fashion Outfit လေးတွေလည်းဖြစ်ပါတယ်။

ဒီ Outfit လေးဆိုရင် လွတ်လပ်ပေါ့ပါးပြီး လုံလုံခြုံခြုံလည်းဖြစ်လို့ အတိုမဝတ်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

ဒီ Outfit လေးကတော့ မိန်းကလေးဆန်ဆန်ပုံစံမဟုတ်ပဲ လွတ်လပ်ပေါ့ပါးပြီး လူငယ်ဆန်တဲ့ပုံစံလေး ဖြစ်ပါတယ်။

လုံးဝယောင်္ကျားလေးဆန်တာမျိုး ကြိုက်တဲ့သူတွေကတော့ ဒီလို Outfit လေးကို ရွေးဝတ်ပါ။ ဝတ်ရတာလည်း လွတ်လပ်ပေါ့ပါးပြီး အထာကျကျနဲ့မိုက်ပါတယ်။

အရမ်းလည်းယောင်္ကျားလေးမဆန်သလို အရမ်းလည်းမိန်းကလေးမဆန်တဲ့ Outfit မျိုးပါ။ ထသွားထလာအတွက် အရမ်းအဆင်ပြေပြီး ဘယ်တော့မှရိုးမသွားမယ့် Fashion Outfit ဖြစ်ပါတယ်။

ယောင်္ကျားလေးဆန်ဆန်ဝတ်ရတာကြိုက်တယ်၊ လွတ်လပ်ပေါ့ပါးတဲ့ ဘောင်းဘီတိုလေးတွေ ဝတ်ရတာလည်း ကြိုက်တယ်ဆိုရင်တော့ ဒီ Outfit လေးကို သဘောကျမယ်လို့ ထင်ပါတယ်။

ဒီ Outfit လေးကတော့ အရမ်းယောင်္ကျားလေးမဆန်ပဲ လွတ်လပ်ပေါ့ပါးမှုရှိစေမယ့် ပေါ့ပေါ့ပါးပါးပုံစံလေး ဖြစ်ပါတယ်။

မိုးရာသီနဲ့ ဆောင်းရာသီမှာဆိုရင် ဒီလို Outfit လေးကို ဝတ်ကြည့်ပါ။ ဘယ်တော့မှရိုးမသွားပဲ Fashion ကျနေစေပါတယ်။

ယောင်္ကျားလေးဆန်တဲ့ Fashion မျိုးကြိုက်တယ်ဆိုရင် ဂျင်းဘောင်းဘီအတိုကို အကြပ်မဝတ်ပဲ ဒီလိုလေးတွေဝတ်ပါ။ အင်္ကျီကိုတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ တွဲဝတ်ပါ။ အရိုးရှင်းဆုံးက ဘယ်တော့မှရိုးမသွားစေပါဘူး။

ဒီအဖြူရောင် Outfit လေးကတော့ ထင်းပြီးအထာကျကျနဲ့ မိုက်နေစေမယ့်ပုံစံလေး ဖြစ်ပါတယ်။ ယောင်္ကျားလေးဆန်ဆန်ဝတ်ရတာ ကြိုက်တယ်ဆိုရင် ဒီလိုလေးလည်း ဝတ်ကြည့်နော်။

ယောင်္ကျားလေးဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးဝတ်ရတာမျိုး ကြိုက်တယ်ဆိုရင် ဒီလိုဘောင်းဘီလေးတွေလည်း ရှိထားသင့်ပါတယ်။ Tee အပွတွေနဲ့ပဲဖြစ်ဖြစ်၊ ရှပ်အင်္ကျီတွေနဲ့ပဲဝတ်ဝတ်၊ ဒီလိုအင်္ကျီလေးတွေနဲ့ပဲဝတ်ဝတ် ရှင်းရှင်းလေးနဲ့ လှပါတယ်။