ရုပ်ရှင်ကြည့်တဲ့အခါ အချစ်ကား ၊ မှော်ကား ၊ အက်ရှင်ကား စသဖြင့် ကိုယ်ကြိုက်ရာအမျိုးမျိုးကို ရွေးကြည့်တတ်ကြပါတယ်။ ဒီတခါတော့ လက်ရှိရောက်နေတဲ့အချိန်ကနေ အနာဂတ် ဒါမှမဟုတ် အတိတ်ကိုရောက်သွားတာမျိုး ကြိုက်တဲ့သူတွေအတွက် အချိန်ခရီးသွားတာကိုရိုက်ထားတဲ့ အကောင်းဆုံး Time-Travel ရုပ်ရှင်တချို့ကို ညွှန်းပေးချင်ပါတယ်။

1. Back to the Future (1985)

80s ရဲ့ အကောင်းဆုံး sci-fi ရုပ်ရှင်တွေထဲကမှ န္ထဝင်ဇာတ်ကားတစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်က 1955 ခုနှစ်မှာ မတော်တဆ ဆုံးသွားခဲ့တဲ့ ကယ်လီဖိုးနီးယား ဆယ်ကျော်သက် Marty McFly အကြောင်းရိုက်ထားတာပါ။

2. Groundhog Day (1993)

ဒါရိုက်တာ Harold Ramis ရဲ့ Groundhog Day ကတော့ လူတိုင်း အနည်းဆုံး တစ်ခေါက်လောက်ကြည့်သင့်တဲ့ Time-Travel ရုပ်ရှင်ပါ။ မိုးလေဝသပညာရှင် Phil Connors အဖြစ်ကတော့ Bill Murray က သရုပ်ဆောင်ထားတာပါ။

3. Your Name (2016)

Time-Travel ရုပ်ရှင်တွေထဲမှာမှ ထူးထူးခြားခြား ဒီရုပ်ရှင်လေးကတော့ Anime ကားလေးပါ။ နှစ်ယောက်လုံးက ကျောင်းမှာ မတွေ့ဖူးပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ စကြာဝဠာ ဆက်သွယ်မှုတစ်ခုကြောင့် ခန္ဓာကိုယ်ချင်းလဲသွားတဲ့အခါ အစပိုင်းမှာတော့ ပရမ်းပတာဖြစ်ပြီး နောက်ပိုင်း မမျှော်လင့်ထားတဲ့ ပျော်ရွှင်စရာ အခိုက်အတန့်များကို ရလာတဲ့သူတို့နှှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားတာလေးကို ရိုက်ထားတာပါ။

4. Looper (2012)

Time-Travel ကိုမှ အက်ရှင်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို ကြည့်ဖြစ်အောင်ကြည့်ပါ။ ဒီရုပ်ရှင်ထဲမှာ ထူးထူးခြားခြား တင်ဆက်မှုတွေကိုမှ ခေါင်းဆောင်တွေဖြစ်တဲ့ Gordon-Levitt နဲ့ Willis တို့ကြား ချိတ်ဆက်မိလွန်းတဲ့သရုပ်ဆောင်မှုတွေနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်ထားပါတယ်။

5. Idiocracy (2006)

ထိပ်တန်းလျှို့ဝှက်စစ်ရေးစမ်းသပ်မှုမှာပါဖို့ ရွေးချယ်ခံရတဲ့ အမေရိကန်စစ်တပ်စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Joe တစ်ယောက် 2025 ရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ? ဒီရုပ်ရှင်မှာ အရင်းရှင်စနစ်ရဲ့ လွန်ကဲတဲ့ အကျိုးဆက်များကိုလည်း တွေ့ရမှာပါ။

6. About Time (2013)

Lake မိသားစုက အမျိုးသားတွေဟာ အချိန်ခရီးသွားနိုင်တဲ့စွမ်းရည်ကို အမွေဆက်ခံခဲ့သူတွေပါ။ ဒါပေမယ့် ဒီစွမ်းရည်က သူရဲ့အချစ်ကိုသက်ရောက်မှုရှိလာတဲ့အခါ ဘာတွေဖြစ်လာလဲဆိုတာ ဒီဇာတ်လမ်းမှာ တွေ့ရမှာပါ။