ဘယ်သူကမှတော့ ကိုယ့်ချစ်သူဖောက်ပြန်တာမျိုးကို သဘောမကျပါဘူး။ အကုန်လုံးက သစ္စာရှိတာမျိုးကိုပဲ လိုချင်ကြတာပါ။ ဒါပေမယ့်လည်း လူတစ်ယောက်နဲ့တစ်ယောက်က စိတ်ဓာတ်ချင်းမတူတော့ ကိုယ့်ချစ်သူအပေါ်မှာ သစ္စာမရှိပဲ ဖောက်ပြန်နေတဲ့သူတွေလည်း အများကြီးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့် ချစ်သူက အရင်နဲ့သိပ်မတူတော့ဘူးဆိုရင် ဖောက်ပြန်နေပြီလားဆိုတာကို စစ်ဆေးဖို့လိုလာပြီနော်။ ဒါကြောင့် အခုပြောပြပေးမယ့်အချက်လေးတွေနဲ့ တိုက်ပြီးစစ်ကြည့်လိုက်ရအောင်။

သင့်ချစ်သူက အရင်နဲ့မတူတော့ပဲ အရမ်းလှချင်လာမယ်၊ တချိန်လုံးကိုယ့်ကိုယ်ကို သနေမယ်၊ အရင်ထက်ပိုပြီး ပဲများလာမယ် ဆိုရင်တော့ အသစ်တစ်ယောက်ရဲ့ရှေ့မှာ အကောင်းမြင်ခံချင်တာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ပြီး အကြိုက်တွေလည်း ပြောင်းလာတတ်ပါတယ်။

Source: www.travelchannel.com

သင့်ကိုအရင်လိုလည်း သိပ်ဂရုမစိုက်တော့ဘူး။ သင်ဘာလုပ်လုပ် အရင်လိုလဲ စိတ်မဝင်စားတော့ဘူး။ လိုက်စိတ်ပူပြီး မေးမြန်းတာမျိုးတွေ၊ သိချင်တာမျိုးတွေလည်း မရှိတော့ဘူး။ ဖုန်းဆက်တာတွေ၊ မက်ဆေ့ခ်ျပို့တာတွေလည်း သိသိသာသာကို နည်းလာမယ်။ အချိန်ပြည့်အွန်လိုင်းသုံးနေပေမယ့် သင့်ကိုစကားပြောတာမျိုးလည်း သိပ်မရှိတော့ဘူး။ စကားပြောရင်လည်း Reply တွေကြာလာမယ်။ ဒီအချက်တွေဖြစ်နေပြီဆိုရင်တော့ သေချာစစ်ဖို့လိုနေပါပြီ။

Source: www.femmeactuelle.fr

သင်ဘာပြောပြောစိတ်မရှည်တော့ဘူး။ နည်းနည်းလောက်ပြောမိတာနဲ့ စိတ်တိုစိတ်ရှုပ်ပြီး ပြဿနာရှာမယ်။ ခဏခဏသင့်ကို ရန်ရှာပြီး လမ်းခွဲစကားတွေ ပြောလာမယ်။ ပြဿနာတစ်ခုခုဖြစ်တိုင်းမှာလည်း သင်စစ်မေးလိုက်ရင် စကားတွေက ရှေ့နောက်မညီတော့ဘူး။ စကားပြောတဲ့အချိန်မှာ သင့်မျက်နှာနဲ့ မျက်လုံးကိုသေချာကြည့်ပြီးတောင် မပြောနိုင်တော့ဘူး။ ဒီအချက်တွေဖြစ်လာပြီဆိုရင်လည်း သေချာစစ်ပါ။

Source: www.self.com

အိမ်ထောင်သည်တွေဆိုရင် အိမ်ပြန်ခဏခဏနောက်ကျလာမယ်။ အပေါင်းအသင်းကို အကြောင်းပြပြီး နောက်ကျလာမယ်၊ အလုပ်ကိုအကြောင်းပြပြီး နောက်ကျလာမယ်။ ချစ်သူရည်းစားဆိုရင်လည်း ကိုယ်နဲ့လည်းမဟုတ်၊ ကိုယ်သိထားတဲ့ သူ့သူငယ်ချင်းတွေနဲ့လည်း မဟုတ်ပဲ ခဏခဏ အပြင်တွေသွားမယ်။ မလုပ်ဖူးတာတွေလုပ်မယ်၊ မသွားဖူးတဲ့နေရာတွေကို ခဏခဏသွားလာမယ်။ ဒီအချက်တွေဖြစ်နေရင်တော့ သတိထားပါ။

Source: www.rearfront.com

အခုပြောပြပေးလိုက်တဲ့အချက်တွေထဲက တစ်ချက်လောက်တူရုံနဲ့တော့ ဖောက်ပြန်နေတယ်လို့ ယူဆလို့မရပါဘူး။ ဒီအချက်တွေထဲက အကုန်လုံးနီးပါး၊ တော်တော်များများနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သေချာစုံစမ်းပြီး စစ်ဆေးဖို့လိုလာပါပြီ။

By MyStyle Myanmar