(Zawgyi Version)

လူတိုင္းကေတာ့ ေပ်ာ္ခ်င္ၾကတာခ်ည္းပါပဲ။ ဒီလိုေပ်ာ္ႏိုင္ဖို႔ဆိုတာလည္း ကိုယ္နဲ႔ပဲဆိုင္ပါတယ္။ ကိုယ့္ေပ်ာ္ရႊင္မႈကို ကိုယ္တိုင္ရွာေဖြၿပီး ကိုယ္တိုင္လုပ္ယူရမွာပါပဲ။ ဒါေၾကာင့္ ကိုယ့္ေပ်ာ္ရႊင္မႈအတြက္ ကိုယ္တိုင္ႀကိဳးစား လုပ္ေဆာင္ရမယ့္အရာတခ်ိဳ႔ကို မွ်ေဝေပးလိုက္ပါတယ္။

စိတ္ေပ်ာ္ေအာင္ေနပါ

ဘာေတြပဲျဖစ္ေနပါေစ စိတ္ကို ၾကည္ၾကည္လင္လင္ထားၿပီး အတတ္ႏိုင္ဆံုး ေပ်ာ္ေအာင္ေနပါ။ ေပ်ာ္စရာေတြကိုပဲ ရွာေဖြပါ။ မ်ားမ်ားရယ္ပါ။

စိုးရိမ္ပူပန္တာေတြကိုေလ်ာ့ပါ

မျဖစ္ေသးတာေတြကို ႀကိဳေတြးၿပီး စိုးရိမ္ပူပန္ေနတာမ်ိဳး မျဖစ္ပါေစနဲ႔။ တစ္ခုခုဆိုရင္ စိုးရိမ္စိတ္လြန္ကဲတာ၊ အၿမဲပူပန္ေနတာမ်ိဳးေတြက စိတ္ေရာ၊ လူေရာ ညစ္ႏြမ္းေစပါတယ္။ အမ်ားႀကီးမေတြးပါနဲ႔။ အမ်ားႀကီးေလွ်ာက္ေတြးရင္ အမ်ားႀကီးစိတ္ညစ္ရပါတယ္။

တျခားသူရဲ႔အျမင္ကိုဂရုမစိုက္ပါနဲ႔

တျခားသူရဲ႔အျမင္ေတြကို လိုက္ဂရုစိုက္ၿပီး ေၾကာက္ေနရင္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြပါ ေလ်ာ့နည္းလာပါလိမ့္မယ္။ အျခားသူရဲ႔ အေျပာေတြ၊ ေဝဖန္မႈေတြကိုလည္း စိတ္ထဲထည့္ၿပီး ဂရုစိုက္မေနပါနဲ႔။ ကိုယ့္ေပ်ာ္ရႊင္မႈပဲကိုပဲ အေလးထားပါ။

ကိုယ္လုပ္ခ်င္တာကိုလုပ္ပါ

လူတိုင္းက ကိုယ္လုပ္ခ်င္တာကိုလုပ္ေနရရင္ ေပ်ာ္ေနတာပါပဲ။ ကိုယ္ဝါသနာပါတဲ့အလုပ္ကို လုပ္ၿပီးေနရရင္ ေပ်ာ္စရာေကာင္းပါတယ္။ ဒါေၾကာင့္ ကိုယ္ျဖစ္ခ်င္တာ ျဖစ္လာဖို႔အတြက္ ႀကိဳးစားရပါမယ္။

ကိုယ့္ခ်စ္တဲ့သူေတြနဲ႔ေနပါ

ကိုယ့္ကိုမုန္းတဲ့သူ၊ မလိုတဲ့သူေတြနားမွာေနၿပီး စိတ္ဆင္းရဲခံေနမယ့္အစား ကိုယ့္ကိုခ်စ္တဲ့သူ၊ စိတ္ခ်မ္းသာေအာင္ ထားတဲ့သူေတြ၊ ကိုယ္ခ်စ္ရတဲ့သူေတြနဲ႔ အတူေနၿပီး ဘဝကိုေပ်ာ္ရႊင္စြာျဖတ္သန္းပါ။

ခရီးထြက္ပါ

ခရီးခဏခဏထြက္ေပးျခင္းက စိတ္ေရာလူပါ လန္းဆန္းေစပါတယ္။ ဒါ့အျပင္ အေတြ႔အႀကံဳအသစ္၊ စိတ္ခံစားမႈအသစ္နဲ႔ ဗဟုသုတေတြကိုလည္း ရရွိေစပါတယ္။ ဒါေၾကာင့္ ခရီးမ်ားမ်ားထြက္ႏိုင္ေအာင္ ႀကိဳးစားပါ။

Photo Source: www.freepik.com

(Unicode Version)

လူတိုင်းကတော့ ပျော်ချင်ကြတာချည်းပါပဲ။ ဒီလိုပျော်နိုင်ဖို့ဆိုတာလည်း ကိုယ်နဲ့ပဲဆိုင်ပါတယ်။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေပြီး ကိုယ်တိုင်လုပ်ယူရမှာပါပဲ။ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်ကြိုးစား လုပ်ဆောင်ရမယ့်အရာတချို့ကို မျှဝေပေးလိုက်ပါတယ်။

စိတ်ပျော်အောင်နေပါ

ဘာတွေပဲဖြစ်နေပါစေ စိတ်ကို ကြည်ကြည်လင်လင်ထားပြီး အတတ်နိုင်ဆုံး ပျော်အောင်နေပါ။ ပျော်စရာတွေကိုပဲ ရှာဖွေပါ။ များများရယ်ပါ။

စိုးရိမ်ပူပန်တာတွေကိုလျော့ပါ

မဖြစ်သေးတာတွေကို ကြိုတွေးပြီး စိုးရိမ်ပူပန်နေတာမျိုး မဖြစ်ပါစေနဲ့။ တစ်ခုခုဆိုရင် စိုးရိမ်စိတ်လွန်ကဲတာ၊ အမြဲပူပန်နေတာမျိုးတွေက စိတ်ရော၊ လူရော ညစ်နွမ်းစေပါတယ်။ အများကြီးမတွေးပါနဲ့။ အများကြီးလျှောက်တွေးရင် အများကြီးစိတ်ညစ်ရပါတယ်။

တခြားသူရဲ့အမြင်ကိုဂရုမစိုက်ပါနဲ့

တခြားသူရဲ့အမြင်တွေကို လိုက်ဂရုစိုက်ပြီး ကြောက်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပါ လျော့နည်းလာပါလိမ့်မယ်။ အခြားသူရဲ့ အပြောတွေ၊ ဝေဖန်မှုတွေကိုလည်း စိတ်ထဲထည့်ပြီး ဂရုစိုက်မနေပါနဲ့။ ကိုယ့်ပျော်ရွှင်မှုပဲကိုပဲ အလေးထားပါ။

ကိုယ်လုပ်ချင်တာကိုလုပ်ပါ

လူတိုင်းက ကိုယ်လုပ်ချင်တာကိုလုပ်နေရရင် ပျော်နေတာပါပဲ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ပြီးနေရရင် ပျော်စရာကောင်းပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာ ဖြစ်လာဖို့အတွက် ကြိုးစားရပါမယ်။

ကိုယ့်ချစ်တဲ့သူတွေနဲ့နေပါ

ကိုယ့်ကိုမုန်းတဲ့သူ၊ မလိုတဲ့သူတွေနားမှာနေပြီး စိတ်ဆင်းရဲခံနေမယ့်အစား ကိုယ့်ကိုချစ်တဲ့သူ၊ စိတ်ချမ်းသာအောင် ထားတဲ့သူတွေ၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူနေပြီး ဘဝကိုပျော်ရွှင်စွာဖြတ်သန်းပါ။

ခရီးထွက်ပါ

ခရီးခဏခဏထွက်ပေးခြင်းက စိတ်ရောလူပါ လန်းဆန်းစေပါတယ်။ ဒါ့အပြင် အတွေ့အကြုံအသစ်၊ စိတ်ခံစားမှုအသစ်နဲ့ ဗဟုသုတတွေကိုလည်း ရရှိစေပါတယ်။ ဒါကြောင့် ခရီးများများထွက်နိုင်အောင် ကြိုးစားပါ။

Photo Source: www.freepik.com