လုပ်ငန်းခွင်မှာ ကိုယ့်စွမ်းဆောင်ရည်က အရေးကြီးသလို သင့်ရဲ့ Body Language ကလည်း အရေးကြီးပါတယ်။ Perfect ဖြစ်တဲ့ သင့်ရဲ့ Body Language က သင့်ကိုယ်သင်ယုံကြည်မှုပိုလာနိုင်သလို သင့်အပေါ် တခြားသူတွေရဲ့ ယုံကြည်မှုလည်း ပိုတိုးလာစေပါတယ်။

1. ပြုံးတတ်အောင်လေ့ကျင့်ပါ

ပြုံးတာက သင့်ကို ဆွဲဆောင်မှုပိုရှိစေပြီး ယုံကြည်ချက်တိုးစေရုံသာမက သင့်ခံစားချက်များကိုပါ တိုးတက်စေပါတယ်။ ဦးနှောက်ကို ပျော်ရွှင်စေသလို ခန္ဓာကိုယ်ကို ပြေလျော့စေကာ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။

2. ကိုယ်ဟန်အနေအထားကို အာရုံစိုက်ပါ

ထိုင်တဲ့အခါ ဒါမှမဟုတ် မက်တပ်ရပ်တဲ့အခါ ကိုယ်ဟန်အနေအထား ကောင်းနေအောင် လေ့ကျင့်ပါ။ ထိုင်တဲ့အခါ ကျောကိုဖြောင့်အောင်ထားပြီး မက်တပ်ရပ်တဲ့အခါ ပခုံးကိုဖြောင့်အောင်ထားပြီး ခေါင်းကိုမော့ထားပါ။

3. Engaged Body Language သုံးပါ

ပွင့်လင်းတဲ့အမူအယာနဲ့ ဆက်ဆံတာ ၊ ပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောတာ ၊ လိုချင်တဲ့ပန်းတိုင်ရောက်တာနဲ့ “ကျေးဇူးတင်ပါတယ်” လို့ပြောပြီး ကောင်းမွန်တဲ့ ကိုယ်ဟန်အနေအထားနဲ့ လက်ဆွဲနှုတ်ဆက်တာ စတာတွေက Engaged Body Language ပါ။ ဒီလို ဆက်ဆံတာက သင့်ကိုယ်သင် ယုံကြည်မှု ပိုတိုးစေပါတယ်။

4. သေသေချာချာ လက်ဆွဲနှုတ်ဆက်ပါ

လက်ဆွဲနှုတ်ဆက်တာက ယုံကြည်မှုနဲ့ နှစ်ဘက်စလုံးက အပြန်အလှန် လေးစားမှုရဲ့ လက္ခဏာဖြစ်ပြီး ပထမဆုံး အထင်ကြီးလေးစားမှုကို ဖြစ်စေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်တဲ့အခါ မဖိမိစေဘဲ လက်နဲ့ အပေါ်အောက် လှုပ်ခါတဲ့အပြင် စက္ကန့်အနည်းငယ်ကြာအောင် မျက်လုံးချင်းဆုံပေးပါ။

5. အဝတ်အစားကိုသေချာဝတ်ပါ

ဝတ်စားဆင်ယင်မှုဟာ စိတ်ဓာတ်ကျနေချိန်မှာတောင် သင့်ကို ယုံကြည်မှုပိုရှိစေတာမလို့ သင်ဝတ်တဲ့အဝတ်အစားကလည်း ခံစားချက်ကောင်းဖို့ ၊ ကိုယ်ဟန်အနေအထားနဲ့ ကိုယ့်ကိုယ်ကို စိတ်ချပြီး အခြေအနေတိုင်းမှာ ယုံကြည်မှုရှိနိုင်ဖို့အတွက် သက်ဆိုင်ပါတယ်။ အခြေအနေနဲ့ လိုက်လျောညီထွေအောင် ဝတ်စားပြီး ကိုယ်ပိုင်စတိုင်ကို သတ်မှတ်ပါ။

6. Eye Contact ကို လေ့ကျင့်ပါ

မျက်လုံးချင်းဆုံတဲ့အခါ ယုံကြည်မှုရှိတဲ့မျက်လုံးတွေကနေ အပြန်အလှန်ဆက်သွယ်မှုအတွက် ရင်းနှီးတဲ့ခံစားချက်ကို ပေးစွမ်းပြီး တစ်ဖက်လူကို အပြုသဘောဆောင်တဲ့ ခံစားမှုမျိုး ရရှိစေတာမလို့ မျက်လုံးချင်းဆုံပြီး သက်တောင့်သက်သာရှိအောင် လေ့ကျင့်ပါ။