Fashion ကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဆိုတာ မှန်တယ်ဆိုရင် ကိုယ့်ရဲ့ မျက်နှာကျပုံစံကို သိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ မျက်နှာကျပုံစံကို သိရှိထားမှ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကိုဖြစ်စေ၊ မျက်မှန် Design ကိုဖြစ်စေ၊ ကိုယ့်ရဲ့ Fashion ကိုဖြစ်စေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်စေမှာ ဖြစ်ပါတယ်။

မျက်နှာပုံစံကို ယေဘုယျအားဖြင့် (၅) မျိုးခွဲခြားနိုင်ပါတယ်။ ထိုမျက်နှာကျ ပုံစံ (၅) မျိုးထဲမှာ ကိုယ့်ရဲ့ မျက်နှာကျပုံစံ ဟာ ဘယ်လိုရှိလဲဆိုတာ ကိုယ်တိုင်ခွဲခြားသိရှိနိုင်အောင် အောက်ပါအချက်လေးများကို မျှဝေပေးလိုက်ပါတယ်။

(၁) ဝိုင်းသော မျက်နှာပုံစံ

နဖူး နဲ့ မေးရိုးတို့ရဲ့ အကျယ်က အကြမ်းဖျင်းတူညီကြပါတယ်။ မျက်နှာတစ်ခုလုံးမှာ အကျယ်ဆုံးအပိုင်းဟာ ပါးရိုးများဖြစ်ပါတယ်။ မျက်နာရဲ့ အလျားနဲ့ အနံကလည်း တူညီတဲ့ အကျယ်ရှိပါတယ်။ မေးရိုးနဲ့ မေ့စေးများကလည်း လုံးဝန်းတဲ့ပုံစံရှိပါတယ်။ ဒီလို မျက်နှာကျပုံစံကို Round Face ဝိုင်းသော မျက်နှာကျ ပုံစံရှိတယ်လို့ သတ်မှတ်ပါတယ်။

(၂) စတုန်းရန်းပုံ မျက်နှာပုံစံ

ဒီလိုမျက်နှာကျတွေမှာ ယေဘုယျအားဖြင့် နဖူး၊ ပါးရိုးနဲ့ မေရိုးတိုရဲ့ အကျယ်ဟာ တူညီပါတယ်။ မျက်နှာရဲ့ အလျားနဲ့ အကျယ်သည်လည်း အကြမ်းဖျင်း တူညီပါတယ်။ မေးရိုးနဲ့ မေးစေ့များဟာ ပိုမိုပြတ်သားသောထောင့်များ (ဆိုလိုသည်မှာ လေးထောင့်ပုံစံ မေးရိုး ) ရှိပါတယ်။

(၃) ဘဲဥပုံ မျက်နှာပုံစံ

ဘဲဥပုံ မျက်နှာတွေဟာ များသောအားဖြင့် နဖူးက အကျယ်ဆုံးဖြစ်ပြီး၊ နဖူးကနေ မေးစေ့အထိ မျက်နှာအကျယ်ဟာ ဖြည်းဖြည်းသေးသွယ်သွားပါတယ်။ မျက်နှာရဲ့အလျားက အနံထက်ပိုကြီးပြီး မေးရိုးနဲ့ မေးစေ့များက လုံးဝန်းတဲ့ပုံစံရှိပါတယ်။

(၄) အသည်းပုံ မျက်နှာပုံစံ

နဖူးက အကျယ်ဆုံးဖြစ်ပြီး မေးရိုးအောက်ကို သွယ်လျသွားပါတယ်။ မေးစေ့က ချွန်တဲ့ ပုံစံရှိပါတယ်။ ဒီလိုမျက်နှာကျပုံစံမျိုးကို ယေဘုယျအားဖြင့် အသည်းပုံ မျက်နှာကျပုံစံလို့ သတ်မှတ်ကြပါတယ်။

(၅) Diamond Shape မျက်နှာပုံစံ

ဒီလို မျက်နှာကျ ပုံစံတွေမှာဆိုရင် ပါးရိုးတွေက နဖူးနဲ့ မေးရိုးများထက် သိသိသာသာ ပိုကျယ်လေ့ရှိပါတယ်။ Diamond Shape မျက်နှာပုံစံတွေမှာ မေးစေ့ဟာ ချွန်လေ့ရှိပါတယ်။