[Zawgyi]

အားလုံးပဲ မဂၤလာပါေနာ္။ သင္က အခုခ်ိန္မွာ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ကို ပိုင္ဆိုင္ထားရင္ ဒါဟာ သင့္အတြက္လာဘ္တစ္ပါးပါပဲ။ က်န္းမာတဲ့ကိုယ္အေလးခ်ိန္ရရွိဖို႔က အစစအရာရာကို အစီအစဥ္ခ်ျပီးေနထိုင္သင့္ပါတယ္။ သင္က ခုလက္ရွိဝေနတယ္ဆုိရင္လည္း ထပ္ျပီးဝိတ္မတက္လာဖို႔က အေရးၾကီးပါတယ္။

အသက္ၾကီးလာတာနဲ႔အမွ် ဇီဝျဖစ္စဥ္က ေႏွးေကြးလာပါတယ္။ ၾကြက္သားအခ်ိဳးအစားနည္းလာျပီး အဆီေတြက ပိုျပီးေနရာယူလာပါတယ္။ ဒါ့အျပင္ အသက္အရြယ္ရလာတာနဲ႔အမ်ွ လႈပ္ရွားမႈပိုနည္းလာတာေၾကာင့္ ဝိတ္တက္တာျမန္ဆန္ေစပါတယ္။

သတင္းေကာင္းကေတာ့ ဒီလိုဝိတ္တက္တာကို ကာကြယ္ျပီးေနထုိင္ႏုိင္မယ့္ ဘဝေနထုိင္မႈပံုစံတစ္ခုရွိပါတယ္။ ဝိတ္တက္တာကိုကာကြယ္တာက ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးစတဲ့ေရာဂါေတြကို ကာကြယ္ရာလည္းေရာက္ပါတယ္။ ဒီေတာ့ လက္ရွိပိုင္ဆိုင္ထားတဲ့ ကိုယ္အေလးခ်ိန္ထက္ ပိုမတက္လာေစဖို႔ ဒီနည္းလမ္းေတြကို လိုက္နာၾကည့္ပါ။

၁။ စားေသာက္မႈပံုစံကို အစီအစဥ္ဆြဲပါ

Source: WeightWise.com

  • အရင္က သင္ဟာ အဆီမ်ားတဲ့အစားအေသာက္ေတြကို ၾကိဳက္ရင္ဒါကိုျပင္ပါ။ က်န္းမာေရးနဲ႔ ညီညြတ္ျပီး အာဟာရျဖစ္ေစတဲ့အစားအစာေတြကို ပိုေရြးခ်ယ္ပါ။
  • ကယ္လိုရီပမာဏနည္းတဲ့ အစားအေသာက္ေတြကို ပိုစားေပးပါ။ ကယ္လိုရီဘယ္ေလာက္စားသင့္လဲဆုိတာကေတာ့ ကိုယ္အေလးခ်ိန္အလိုက္ အေျပာင္းအလဲရွိပါတယ္။
  • သင့္ရဲ႕ကိုယ္အေလးခ်ိန္၊ အရပ္အျမင့္၊ အသက္အရြယ္၊ လိင္အမ်ိဳးအစားစတာေတြေပၚ မူတည္ပါတယ္။

၂။ လႈပ္ရွားပါ

Source: Active.com

တစ္ေန႔တာမွာ လႈပ္ရွားမႈတစ္ခုေတာ့ ပါဝင္ေအာင္ၾကိဳးစားပါ။ အားကစားနည္းတစ္ခုခုကို ပံုမွန္လိုက္စားေပးပါ။

၃။ ကိုယ့္ကိုကိုယ္ ညႊန္ၾကားပါ

Source: Daily Express.com

ကိုယ္အေလးခ်ိန္တိုင္းေပးပါ။ ကိုယ့္ရဲ႕ ဝိတ္ကို သိတာက ဝိတ္ေလွ်ာ့ဖို႔ တြန္းအားျဖစ္ေစပါတယ္။ ဝိတ္တက္လာတာက သင့္ရဲ႕ ေနထုိင္မႈပံုစံကို ေျပာင္းလဲသင့္ျပီလုိ႔ အခ်က္ျပေနတာပါ။ ဒါေၾကာင့္ ေပါင္ခ်ိန္ေပးပါ။

၄။ ကိုယ့္ကိုကုိယ္ေမးပါ

Source: Yahoo.com

  • ငါ့ရဲ႕ လႈပ္ရွားေနက်အက်င့္ေျပာင္းသြားလို႔လား?
  • ငါပံုမွန္ထက္ပိုစားမိလို႔လား?
  • ကိုယ္စားတဲ့ အစားအေသာက္ေတြကို ဒိုင္ယာရီပံုစံမ်ိဳး ေရးပါ။

ဒီေမးခြန္းေတြေမးၾကည့္လို႔ ေျပာင္းလဲမႈတစ္ခုခုရွိျပီဆိုတာနဲ႔ ဝိတ္ခ်မယ့္ လမ္းေၾကာင္းေပၚျပန္သြားပါ။ သင့္ကိုယ္သင္ဂရုစိုက္ေပးပါ။ ဒါမွ အသက္ၾကီးတဲ့အထိ ခႏၶာကိုယ္သြယ္လ်ျပီး အရြယ္တင္ေနမွာပါ။

[Unicode]

အားလုံးပဲ မင်္ဂလာပါနော်။ သင်က အခုချိန်မှာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ထားရင် ဒါဟာ သင့်အတွက်လာဘ်တစ်ပါးပါပဲ။ ကျန်းမာတဲ့ကိုယ်အလေးချိန်ရရှိဖို့က အစစအရာရာကို အစီအစဉ်ချပြီးနေထိုင်သင့်ပါတယ်။ သင်က ခုလက်ရှိဝနေတယ်ဆိုရင်လည်း ထပ်ပြီးဝိတ်မတက်လာဖို့က အရေးကြီးပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ဇီဝဖြစ်စဉ်က နှေးကွေးလာပါတယ်။ ကြွက်သားအချိုးအစားနည်းလာပြီး အဆီတွေက ပိုပြီးနေရာယူလာပါတယ်။ ဒါ့အပြင် အသက်အရွယ်ရလာတာနဲ့အမျှ လှုပ်ရှားမှုပိုနည်းလာတာကြောင့် ဝိတ်တက်တာမြန်ဆန်စေပါတယ်။

သတင်းကောင်းကတော့ ဒီလိုဝိတ်တက်တာကို ကာကွယ်ပြီးနေထိုင်နိုင်မယ့် ဘဝနေထိုင်မှုပုံစံတစ်ခုရှိပါတယ်။ ဝိတ်တက်တာကိုကာကွယ်တာက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးစတဲ့ရောဂါတွေကို ကာကွယ်ရာလည်းရောက်ပါတယ်။ ဒီတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ ကိုယ်အလေးချိန်ထက် ပိုမတက်လာစေဖို့ ဒီနည်းလမ်းတွေကို လိုက်နာကြည့်ပါ။

၁။ စားသောက်မှုပုံစံကို အစီအစဉ်ဆွဲပါ


Source: WeightWise.com

အရင်က သင်ဟာ အဆီများတဲ့အစားအသောက်တွေကို ကြိုက်ရင်ဒါကိုပြင်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဖြစ်စေတဲ့အစားအစာတွေကို ပိုရွေးချယ်ပါ။

ကယ်လိုရီပမာဏနည်းတဲ့ အစားအသောက်တွေကို ပိုစားပေးပါ။ ကယ်လိုရီဘယ်လောက်စားသင့်လဲဆိုတာကတော့ ကိုယ်အလေးချိန်အလိုက် အပြောင်းအလဲရှိပါတယ်။

သင့်ရဲ့ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ အသက်အရွယ်၊ လိင်အမျိုးအစားစတာတွေပေါ် မူတည်ပါတယ်။

၂။ လှုပ်ရှားပါ


Source: Active.com

တစ်နေ့တာမှာ လှုပ်ရှားမှုတစ်ခုတော့ ပါဝင်အောင်ကြိုးစားပါ။ အားကစားနည်းတစ်ခုခုကို ပုံမှန်လိုက်စားပေးပါ။

၃။ ကိုယ့်ကိုကိုယ် ညွှန်ကြားပါ


Source: Daily Express.com

ကိုယ်အလေးချိန်တိုင်းပေးပါ။ ကိုယ့်ရဲ့ ဝိတ်ကို သိတာက ဝိတ်လျှော့ဖို့ တွန်းအားဖြစ်စေပါတယ်။ ဝိတ်တက်လာတာက သင့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲသင့်ပြီလို့ အချက်ပြနေတာပါ။ ဒါကြောင့် ပေါင်ချိန်ပေးပါ။

၄။ ကိုယ့်ကိုကိုယ်မေးပါ

Source: Yahoo.com

  • ငါ့ရဲ့ လှုပ်ရှားနေကျအကျင့်ပြောင်းသွားလို့လား?
  • ငါပုံမှန်ထက်ပိုစားမိလို့လား?
  • ကိုယ်စားတဲ့ အစားအသောက်တွေကို ဒိုင်ယာရီပုံစံမျိုး ရေးပါ။

ဒီမေးခွန်းတွေမေးကြည့်လို့ ပြောင်းလဲမှုတစ်ခုခုရှိပြီဆိုတာနဲ့ ဝိတ်ချမယ့် လမ်းကြောင်းပေါ်ပြန်သွားပါ။ သင့်ကိုယ်သင်ဂရုစိုက်ပေးပါ။ ဒါမှ အသက်ကြီးတဲ့အထိ ခန္ဓာကိုယ်သွယ်လျပြီး အရွယ်တင်နေမှာပါ။

By MyStyle Myanmar