တင်ပါးဆုံရိုးနာကျင်ခြင်းက သင့်နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ လမ်းလျှောက်ခြင်း သို့မဟုတ် လှေကားတက်ခြင်းလိုမျိုး ရိုးရှင်းသောအရာတွေကတောင် ခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် တင်ပါးဆုံရိုးနာကျင်မှု သက်သာစေမယ့် လေ့ကျင့်ခန်းများ 5 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Hip Flexor Stretch

Hip Flexor Stretch လေ့ကျင့်ခန်းက တင်ပါးနဲ့ ပေါင်ရှေ့ကကြွက်သားတွေကို အဓိကဦးတည်တာ ဖြစ်ပါတယ်။ တင်ပါးဆုံရိုးနာကျင်မှုနဲ့ တင်းမာမှုကို သက်သာစေပါတယ်။ အချိန်အကြာကြီး ထိုင်နေရတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်အနေအထားကို ဘယ်ညာပြောင်းပြီး တစ်ဖက်ကို အနည်းဆုံး ၁၀ ကြိမ်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Butterfly Stretch

Butterfly Stretch လေ့ကျင့်ခန်းကိုတော့ ပုံမှာလုပ်ပြထားသလိုထိုင်ပြီး စက္ကန့် ၃၀ (သို့) ၁ မိနစ် နေပေးရမှာပါ။ အဲ့လိုနေတဲ့အချိန်မှာ အသက်ကို ဖြေးဖြေးချင်းစီရှိုက်ရှူလိုက်၊ ရှူထုတ်လိုက် လုပ်ပေးရပါမယ်။ Butterfly Stretch ကတော့ ပေါင်အတွင်းပိုင်းနဲ့ တင်ပါးကို ကူညီပေးပါတယ်။ တင်းမာမှုကို လျှော့ချပေးပြီး ကိုယ်ဟန်အနေအထား ပိုကောင်းလာစေပါတယ်။ သူလည်း အချိန်ကြာကြာထိုင်ရတဲ့သူတွေအတွက် သင့်တော်ပါတယ်။

Pigeon Pose

Pigeon Pose က ကြွက်သားတင်းတာနဲ့ တင်ပါးအဆစ်တွေ နာကျင်မှုဖြစ်တာတွေကို သက်သာစေပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကို ထားပေးပါ။ အဲ့အတိုင်း ၁၀ စက္ကန့်နေပြီးရင် ခြေထောက်အနေအထားကို ဘယ်ညာပြောင်းကာ ပြန်လုပ်ပေးပါ။ တစ်ခါလုပ်ရင် ၁၀ စက္ကန့်နေပေးရမှာဖြစ်ပြီး တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

Yoga Squat

Yoga Squat လုပ်ပေးခြင်းကတော့ တင်ပါးအကြောတွေကို ဖြေလျှော့ပေးပြီး အောက်ပိုင်းနဲ့ ပေါင်ခြံကကြွက်သားတွေကို ဆန့်ထုတ်ပေးပါတယ်။ ဒါအကြောင့်လည်း အညောင်းအညာပြေပြီး နာကျင်မှုတွေ၊ တင်းမာမှုတွေ သက်သာစေတာပါ။ ပုံမှာလုပ်ပြထားတဲ့အတိုင်းထိုင်ပြီး စက္ကန့် ၃၀ ထိုင်ပေးပြီး အသက်ကို ဖြေးဖြေးချင်းစီ ဟိုးအတွင်းထဲထိရောက်အောင် ရှိုက်ပြီးရှူလိုက်၊ ဖြေးဖြေးချင်းစီ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးရပါမယ်။

Leg Swings

Leg Swings လေ့ကျင့်ခန်းကတော့ ခြေထောက်ကို ရှေ့နောက်လွှဲတာ၊ ဘေးတိုက်လွှဲတာမျိုး ဖြစ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ လုပ်ပေးရုံပါပဲ။ တစ်ဖက်ကို စက္ကန့် ၃၀ စီလောက် လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကတော့ အဓိကအားဖြင့် တင်ပါးဆုံရိုး၊ adductor နဲ့ abductor ကြွက်သားတွေအတွက်ပါ။ အကြောတွေပြေစေပြီး တင်ပါးဆုံရိုးနာကျင်တာလည်း သက်သာစေပါတယ်။