အလုပ်တာဝန်များ၊ နေ့စဉ်ဆောင်ရွက်ရတဲ့ များမြှောင်လှသော တာဝန်ဝတ္တရားတွေဟာ စိတ်ဖိစီးမှုများ တစ်ခုပြီးတစ်ခု တိုးလာအောင် တွန်းပို့နေတာဖြစ်ပါတယ်။

ဒီလို စိတ်ဖိစီး မှုများကို ဖယ်ရှားကာ စိတ်တည်ငြိမ်ဖို့ဆိုရင် လေ့ကျင့်ခန်း ပြုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းကျောင်းရမှာပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်တဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကတော့ …

အသက်ရှူလေ့ကျင့်ခန်း

အဓိကကတော့ စိတ်တည်စေဖို့အတွက် ဝင်လေ ထွက်လေကို မှန်မှန် ရှူသွင်း ရှူထုတ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းဆိုတာထက် စိတ်တည်ငြိမ်အောင် တရားထိုင်တဲ့လေ့ကျင့်ခန်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။

ခါးကို မတ်မတ်ထားပြီး ၃ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်ပါ။ နေ့စဉ် မှန်မှန်ပြုလုပ်ပေးတဲ့အခါ စိတ်ဖိစီးမှုများ လျော့နည်းသွားပါလိမ့်မယ်။

ယောဂလေ့ကျင့်ခြင်း

ယောဂ ဆော့ကစားခြင်းသည်လည်း စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ ယောဂလေ့ကျင့်ခန်းတစ်ခုခုကို ၃ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ယောဂလေ့ကျင့်ခန်းသည်လည်း စောစောက အသက်ရှူလေ့ကျင့်ခန်းလိုပဲ စိတ်ဖိစီးမှုများကို လျော့ချပေးပြီး စိတ်တည်ငြိမ်စေပါတယ်။

အပြေးအားကစား

အပြေးလေ့ကျင့်ခန်းသည် နှလုံးနှင့် အဆုတ်ကျန်းမာရေးအတွက်သာမက စိတ်ပူပန်မှုများ စိတ်ဖိစီးမှုများကိုလည်း လျော့ချပေးနိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် ပုံမှန် ပြေးခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့ချနိုင်ပါတယ်။

စက်ဘီးစီးခြင်း

အပြေးအားကစားကဲ့သို့ပင် စက်ဘီးစီးခြင်းသည်လည်း နှလုံးကျန်းမာရေးကို အားကောင်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အပြင်ထွက်ပြီး စက်ဘီး ထွက်စီးလို့လည်း ရသလို စက်ဘီး မစီးတတ်ဘူးဆိုရင်တော့ အိမ်တွင်းစီး အထိုင်စက်ဘီးဖြင့် စီးနင်းနိုင်ပါတယ်။

Social Activity

ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းများနှင့် မိမိနှစ်သက်ရာ အားကစားတစ်ခုခု ပြုလုပ်ခြင်း၊ အတူတူ တောင်တက်ခြင်း၊ Camp ထွက်ခြင်း အစရှိတဲ့ Social Activity တစ်ခုခုကို ပြုလုပ်နိုင်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူတူ အချိန်ကုန်ဆုံးရတဲ့အတွက်ကြောင့် စိတ်ညစ်ညူးစရာများကို တွေးမိမှာမဟုတ်တော့ဘဲ စိတ်ဖိစီးစရာများလည်း လျော့ကျသွားမှာဖြစ်ပါတယ်။