ကိုယ်အလေးချိန်ကို အစားအသောက်နဲ့ ပြုပြင်လို့ ရနိုင်ပါတယ်။ ဒါကြောင့်ပဲ ကယ်လိုရီတွက်ချက်ပြီး Diet လုပ်စားကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အရွယ်မရွေး ဝိတ်ကျရေးမှာ အထောက်အကူဖြစ်မယ့် သောက်စရာတချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) ရေ

Belly Fat ကျချင်ရင် ရေသာ များများသောက်ပါလို့ ပြောချင်ပါတယ်။ အစားအသောက် မစားခင် ရေ ၁၇ အောင်စ သောက်သူတွေဟာ Low-Calorie Diet လောက်ပဲ စားသူတွေထက် ဝိတ်ကျရာမှာ ၄၀% ပို မြန်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

(၂) ကော်ဖီ

ကော်ဖီသောက်ခြင်းကလည်း ဝိတ်ကျခြင်းအတွက် အထောက်အကူဖြစ်နိုင်ပါတယ်။ ကဖိန်း ၆ မီလီဂရမ်ပါ ကော်ဖီတစ်ခွက်ဟာ ကယ်လိုရီစားသုံးမှု နည်းစေနိုင်တယ်လို့ ဆိုပါတယ်။

(၃) Green Tea

ကော်ဖီလိုပါပဲ။ Green Tea များများသောက်တာဟာ ဗိုက်က အဆီခေါက်တွေ ကျရာမှာ အကူအညီဖြစ်နိုင်ပါတယ်။ Green Tea မှာတော့ Catechins လို့ ခေါ်တဲ့ အထူးဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါလို့ အဆီကျပိုမြန်စေနိုင်ပါတယ်။

(၄) Black Tea

ဗိုက်အဆီလည်း ကျချင်တယ် Green Tea လည်း မကြိုက်ဘူးဆိုရင် Black Tea သောက်နိုင်ပါတယ်။ Green Tea မှာ Catechins ပါသလိုပဲ Black Tea မှာလည်း ဝိတ်အကျမြန်အောင် ကူညီပေးမယ့် Polyphenols ဆိုတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။

(၅) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်သောက်တာဟာ အဆီစုဖွဲ့မှု လျော့ကျပြီး ဝိတ်မတက်အောင် ဟန့်တားနိုင်စွမ်း ရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အက်ဆစ်ဓါတ် ပါတာဖြစ်လို့ အစာကို လွန်လွန်ကဲကဲ စားချင်စိတ်ပါ လျှော့ချနိုင်ပါတယ်။ ဝိတ်ချဖို့ဆို မနက်ဘက်မှာ ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေတစ်ဖန်ခွက်ထဲ ထည့်သောက်ဖို့ အကြံပြုချင်ပါတယ်။