(Zawgyi Version)

ကိုယ့္အေပၚမေကာင္းခဲ့တဲ့ရည္းစားကိုပဲျဖစ္ျဖစ္၊ ကိုယ့္အတြက္ နာက်င္ေစခဲ့တဲ့သူကိုပဲျဖစ္ျဖစ္ ေမ့ပစ္ခ်င္ေပမယ့္ ေမ့မရတာမ်ိဳး၊ ေမ့ပစ္လိုက္ဖို႔ ခက္ခဲေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒီလို ကိုယ္ေမ့ပစ္ခ်င္တဲ့သူတစ္ေယာက္ကို ေမ့ႏိုင္ဖို႔အတြက္ ျပဳလုပ္ရမယ့္အရာေတြ ရွိပါတယ္။

ဖုန္းနံပါတ္နဲ႔ မက္ေဆ့ခ်္ေတြကိုဖ်က္ပါ

သူ႔ဖုန္းနံပါတ္ေတြကို အကုန္ဖ်က္ပစ္ပါ။ မက္ေဆ့ခ်္ေတြကိုလည္း အကုန္ တစ္ခုမက်န္ ဖ်က္ပစ္ပါ။ ဒါေတြကို ဖုန္းထဲမွာ ဆက္သိမ္းထားရင္ လံုးဝစိတ္မျပတ္ႏိုင္ပဲ ျဖစ္ေနပါလိမ့္မယ္။

ဓာတ္ပံုေတြဖ်က္ပစ္ပါ

သူနဲ႔ပတ္သက္တဲ့ ဓာတ္ပံုေတြကို အကုန္ဖ်က္ပစ္ပါ။ အမွတ္တရေတြ ရွိေနရင္လည္း ဖုန္းထဲမွာ၊ ကြန္ျပဴတာထဲမွာ ဘာတစ္ခုမွသိမ္းမထားပဲ ဖ်က္ပစ္လိုက္ပါ။

Social Media မွာ အကုန္ဖ်က္ၿပီး Block ပါ

Social Media မွာ သူ႔ကိုဆက္ထားေနရင္ သြားရွာမိတာမ်ိဳး၊ သူ႔အေၾကာင္းေတြ ဝင္ၾကည့္မိတာမ်ိဳး လုပ္မိပါလိမ္းပါ။ ဒါေၾကာင့္ ေသခ်ာေမ့ပစ္ႏိုင္ဖို႔အတြက္ Social Media နဲ႔ ပတ္သက္တာေတြမွာ အကုန္ဖ်က္ၿပီးသာ Block ထားလိုက္ပါ။ သူ႔ရဲ႔ BFF ေတြကိုလည္း ဖယ္ထုတ္ထားလိုက္တာ ပိုေကာင္းပါတယ္။

သူနဲ႔ပတ္သက္တဲ့ အမွတ္ရစရာေတြအကုန္ ဖ်က္ဆီးပစ္ပါ

သူနဲ႔ပတ္သက္ၿပီး အမွတ္တရျဖစ္ေစမယ့္အရာေတြ၊ သူနဲ႔ပတ္သက္တဲ့ အမွတ္ရစရာ ပစၥည္ေတြ အကုန္လံုးကို ဘာမွႏွေျမာမေနပဲ ဖ်က္ဆီးလိုက္ပါ။ ဒါေတြကို ဆက္သိမ္းထားရင္ ျမင္တိုင္း သတိရၿပီး ေမ့ပစ္ဖို႔ ခက္သြားပါလိမ့္မယ္။

သူ႔အေၾကာင္းေတြ လာေျပာရင္ နားမေထာင္ပါနဲ႔

သူငယ္ခ်င္းေတြက သူ႔အေၾကာင္းလာေျပာရင္ နားမေထာင္ပါနဲ႔။ ေနာက္လာမေျပာဖို႔ကိုလည္း ႀကိဳမွာထားပါ။ ကိုယ္တုိင္ကလည္း သူ႔အေၾကာင္းေတြကို မသိခ်င္ပါနဲ႔။ မေမးမိပါေစနဲ႔။

အရင္အေၾကာင္းေတြျပန္မေတြးပါနဲ႔

အရင္ကအေၾကာင္းေတြကို ျပန္ေတြးမေနပါနဲ႔။ ျပန္ေတြးမိေနရင္ ဘယ္ေတာ့မွ စိတ္ျပတ္ႏိုင္မွာလည္း မဟုတ္သလို ေမ့ႏိုင္ေတာ့မွာလည္း မဟုတ္ပါဘူး။ အခ်ိန္က ကုစားသြားမယ္ဆိုေပမယ့္ ကိုယ္တိုင္က မေမ့ႏိုင္ေအာင္လုပ္ေနရင္ေတာ့ စိတ္ထဲအၿမဲရွိၿပီး ေမ့ပစ္ဖို႔ ပိုခက္သြားပါလိမ့္မယ္။

အာရံုစိုက္ရတဲ့အရာေတြလုပ္ပါ

အာရံုစူးစိုက္ရတဲ့အလုပ္ေတြကိုလုပ္ရင္ တျခားအအေၾကာင္းအရာေတြကို မေတြးမိတဲ့အတြက္ လူတစ္ေယာက္ကို ေမ့ပစ္ဖို႔ ကူညီေပးႏိုင္ပါတယ္။

အလုပ္မ်ားမ်ားလုပ္ပါ၊ စာမ်ားမ်ားဖတ္ပါ

အလုပ္မ်ားမ်ားလုပ္တာမ်ိဳး၊ နားခ်ိန္ခဏပဲေပးၿပီး အလုပ္ဆက္တိုက္လုပ္တာမ်ိဳးကလည္း တျခားအေၾကာင္းေတြ ေတြးဖို႔အခ်ိန္မရွိတဲ့အတြက္ ေမ့ပစ္ဖို႔ကို ကူညီေပးႏိုင္ပါတယ္။ စိတ္တည္ၿငိမ္ၿပီး တျခားအေၾကာင္းကို မေတြးမိေအာင္ စာလည္း မ်ားမ်ားဖတ္ေပးပါ။

Photo Source: www.pinterest.com

(Unicode Version)

ကိုယ့်အပေါ်မကောင်းခဲ့တဲ့ရည်းစားကိုပဲဖြစ်ဖြစ်၊ ကိုယ့်အတွက် နာကျင်စေခဲ့တဲ့သူကိုပဲဖြစ်ဖြစ် မေ့ပစ်ချင်ပေမယ့် မေ့မရတာမျိုး၊ မေ့ပစ်လိုက်ဖို့ ခက်ခဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ကိုယ်မေ့ပစ်ချင်တဲ့သူတစ်ယောက်ကို မေ့နိုင်ဖို့အတွက် ပြုလုပ်ရမယ့်အရာတွေ ရှိပါတယ်။

ဖုန်းနံပါတ်နဲ့ မက်ဆေ့ချ်တွေကိုဖျက်ပါ

သူ့ဖုန်းနံပါတ်တွေကို အကုန်ဖျက်ပစ်ပါ။ မက်ဆေ့ချ်တွေကိုလည်း အကုန် တစ်ခုမကျန် ဖျက်ပစ်ပါ။ ဒါတွေကို ဖုန်းထဲမှာ ဆက်သိမ်းထားရင် လုံးဝစိတ်မပြတ်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။

ဓာတ်ပုံတွေဖျက်ပစ်ပါ

သူနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို အကုန်ဖျက်ပစ်ပါ။ အမှတ်တရတွေ ရှိနေရင်လည်း ဖုန်းထဲမှာ၊ ကွန်ပြူတာထဲမှာ ဘာတစ်ခုမှသိမ်းမထားပဲ ဖျက်ပစ်လိုက်ပါ။

Social Media မှာ အကုန်ဖျက်ပြီး Block ပါ

Social Media မှာ သူ့ကိုဆက်ထားနေရင် သွားရှာမိတာမျိုး၊ သူ့အကြောင်းတွေ ဝင်ကြည့်မိတာမျိုး လုပ်မိပါလိမ်းပါ။ ဒါကြောင့် သေချာမေ့ပစ်နိုင်ဖို့အတွက် Social Media နဲ့ ပတ်သက်တာတွေမှာ အကုန်ဖျက်ပြီးသာ Block ထားလိုက်ပါ။ သူ့ရဲ့ BFF တွေကိုလည်း ဖယ်ထုတ်ထားလိုက်တာ ပိုကောင်းပါတယ်။

သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေအကုန် ဖျက်ဆီးပစ်ပါ

သူနဲ့ပတ်သက်ပြီး အမှတ်တရဖြစ်စေမယ့်အရာတွေ၊ သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာ ပစ္စည်တွေ အကုန်လုံးကို ဘာမှနှမြောမနေပဲ ဖျက်ဆီးလိုက်ပါ။ ဒါတွေကို ဆက်သိမ်းထားရင် မြင်တိုင်း သတိရပြီး မေ့ပစ်ဖို့ ခက်သွားပါလိမ့်မယ်။

သူ့အကြောင်းတွေ လာပြောရင် နားမထောင်ပါနဲ့

သူငယ်ချင်းတွေက သူ့အကြောင်းလာပြောရင် နားမထောင်ပါနဲ့။ နောက်လာမပြောဖို့ကိုလည်း ကြိုမှာထားပါ။ ကိုယ်တိုင်ကလည်း သူ့အကြောင်းတွေကို မသိချင်ပါနဲ့။ မမေးမိပါစေနဲ့။

အရင်အကြောင်းတွေပြန်မတွေးပါနဲ့

အရင်ကအကြောင်းတွေကို ပြန်တွေးမနေပါနဲ့။ ပြန်တွေးမိနေရင် ဘယ်တော့မှ စိတ်ပြတ်နိုင်မှာလည်း မဟုတ်သလို မေ့နိုင်တော့မှာလည်း မဟုတ်ပါဘူး။ အချိန်က ကုစားသွားမယ်ဆိုပေမယ့် ကိုယ်တိုင်က မမေ့နိုင်အောင်လုပ်နေရင်တော့ စိတ်ထဲအမြဲရှိပြီး မေ့ပစ်ဖို့ ပိုခက်သွားပါလိမ့်မယ်။

အာရုံစိုက်ရတဲ့အရာတွေလုပ်ပါ

အာရုံစူးစိုက်ရတဲ့အလုပ်တွေကိုလုပ်ရင် တခြားအအကြောင်းအရာတွေကို မတွေးမိတဲ့အတွက် လူတစ်ယောက်ကို မေ့ပစ်ဖို့ ကူညီပေးနိုင်ပါတယ်။

အလုပ်များများလုပ်ပါ၊ စာများများဖတ်ပါ

အလုပ်များများလုပ်တာမျိုး၊ နားချိန်ခဏပဲပေးပြီး အလုပ်ဆက်တိုက်လုပ်တာမျိုးကလည်း တခြားအကြောင်းတွေ တွေးဖို့အချိန်မရှိတဲ့အတွက် မေ့ပစ်ဖို့ကို ကူညီပေးနိုင်ပါတယ်။ စိတ်တည်ငြိမ်ပြီး တခြားအကြောင်းကို မတွေးမိအောင် စာလည်း များများဖတ်ပေးပါ။

Photo Source: www.pinterest.com