ဒီတစ်ခါတော့ နန်းတွင်းဇာတ်လမ်းကိုမှ ကြိုက်တဲ့ K-Dramas ချစ်သူတွေအတွက် ၅ နှစ်အတွင်းမှာ အကောင်းဆုံး Rating တွေရခဲ့တဲ့ ဇာတ်လမ်းတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

‘The Forbidden Marriage’ (2022)

ဝမ်းနည်းပူဆွေးနေတဲ့ ဘုရင်တစ်ပါးနဲ့ သူ့ရဲ့တားမြစ်ချက်ကို သရော်လှောင်ပြောင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ထားတဲ့ဒီဇာတ်လမ်းလေးက တိုတိုလေးဆိုပေမယ့် ရှိုးထဲမှာ ငြီးငွေ့စရာကောင်းတဲ့ အခိုက်အတန့်တစ်ခုတောင် မရှိပါဘူး။

‘Moonshine’ (2021 – 2022)

ဆင်းရဲတာကြောင့် အလုပ်မျိုးစုံကို လုပ်ရတဲ့ကောင်မလေး Kang Ro-seo ရဲ့ သန်မာတဲ့မိန်းကလေးတွေကို ကိုယ်စားပြုပြီး ရိုက်ထားတဲ့ဒီဇာတ်လမ်းလေးကလည်း ကြည့်တဲ့သူတွေကို မရိုးတဲ့ရသကို ပေးနိုင်ပါတယ်။

Tinted With You’ (2021 – 2022)

ကျောင်းသား Eun Ho တစ်ယောက် အတိတ်ရဲ့ပန်းချီကားထဲရောက်သွားချိန်မှာ မင်းသား Lee Heon နဲ့တွေ့ပြီးနေက်ပိုင်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားပြီး ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းလေးပေါ်လာခဲ့ပါတယ်။

‘My Dearest’ (2023)

ချင်နိုင်ငံရဲ့ကျူးကျော်မှုကို နောက်ခံထားတဲ့ဒီဇာတ်လမ်းထဲမှာ Lee Jang-hyun ဟာ အိမ်ထောင်ရေးကို ဆန့်ကျင်တဲ့သူဖြစ်နေပေမယ့် Yoo Gil-chae နဲ့တွေ့ပြီးနောက်ပိုင်း စိတ်ပြောင်းသွားတဲ့အခါ သူတို့စုံတွဲရဲ့ အချစ်ဇာတ်လမ်းကို သူတို့ရွာကို ခြိမ်းခြောက်တဲ့ကျူးကျော်မှုတွေကြားမှာ တွေ့ရမှာပါ၊

‘Mr. Queen’ (2020 – 2021)

စားဖိုမှုးတစ်ယောက်ဖြစ်တဲ့ Jang Bong-hwan တစ်ယောက် Joseon ခေတ်ပြန်ရောက်သွားချိန် ဘုရင်မတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားခဲ့ပါတယ်။ မြင်နေကျနန်းတွင်းဇာတ်လမ်းတွေနဲ့ မတူတဲ့ဒီဇာတ်လမ်းက ဟာသလေးတွေပါရောထားလို့ ကြည့်တဲ့သူတွေ ပျင်းမသွားပါဘူး။