လူတိုင်းမှာ အလှအပဆိုင်ရာ ဆောင်ရန်၊ရှောင်ရန် အချက်များရှိပါတယ်။ အထူးသဖြင့် ဆံပင်စတိုင်ကို ပြုပြင်တော့မယ်ဆိုရင် သတိပြုရှောင်ကြဉ်သင့်တဲ့ အချက်တွေ ရှိနေပါတယ်။

အိမ်မှာ ဆံပင်ညှပ်ခြင်းကို ရှောင်ပါ

တတ်နိုင်သရွှေ့ ကိုယ့်အိမ်မှာကိုယ် ဆံပင်ညှပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခန့်မသင့် လက်ချော်သွားခဲ့ရင် ဆံပင်ပုံစံ လုံးဝပျက်သွားမှာပါ။

ကိုယ့်မျက်နှာနဲ့လိုက်ဖက်မှု မရှိတဲ့ ဆံပင်စတိုင်မျိုးကို ရှောင်ပါ

ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့အညီ ပေါ်ပေါက်နေတဲ့ ဆံပင်စတိုင်တွေ မျိုးစုံရှိပါတယ်။ ဒါပေမယ့် ခေတ်မှီအောင် ပြောင်းလိုက်တဲ့ ဆံပင်စတိုင်ဟာ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မှုမရှိတဲ့အခါ ရှိရင်းစွဲထက် ပိုကြည့်ရဆိုးသွားစေနိုင်ပါတယ်။

သန့်ရှင်းမှုအားနည်းတဲ့ ဆံပင်ညှပ်ဆိုင်မျိုးကို ရှောင်ပါ။

ဆံပင်ပုံသွင်းတဲ့ အခါ ကိုယ်သွားတဲ့ ဆိုင်ရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ပြုပြင်ပေးမယ့် Hairstylist ရဲ့ တကိုယ်ရည် သန့်ရှင်းမှု စတဲ့သန့်ရှင်းမှုတွေ ရှိမရှိကိုလည်း ဂရုပြုသင့်ပါတယ်။

ဆိုင်မှာသုံးတဲ့ Hair Instrument တွေ သန့်ရှင်းမှု မရှိတဲ့အခါ ကျန်းမာရေးအတွက်စိုးရိမ်ရသလို Hairstylist က တကိုယ်ရည် သန့်ရှင်းမှုမရှိတဲ့အခါမှာလည်း စိတ်အနှောင့်အယှက် တွေဖြစ်ပေါ်စေနိုင်ပါတယ်။

ဆံပင်ပြုပြင်တဲ့အခါ စကားပြောနေတတ်တဲ့ Hairstylist မျိုးကို ရှောင်ပါ။

ဆံပင်ကို ပြုပြင်ပုံသွင်းခြင်းဟာ ဖန်တီးခြင်း အနုပညာတစ်ခု ပဲဖြစ်ပါတယ်။ လုပ်ငန်းအပေါ် အာရုံစူးစိုက် မှုထားတဲ့ Hairstylist တွေဟာ မိမိရဲ့ Customer တွေကို အကောင်းဆုံး Hairstyle တွေဖန်တီးပေးဖို့ ကြိုးစားကြပါတယ်။

ဒါပေမယ့် တချို့ Hairstylist တွေက ဆံပင်ပုံသွင်းနေစဉ်မှာ တခြားလူတွေနဲ့ စကားတွေ ပြောဆိုပြီး အာရုံစူးစိုက်မှု အားနည်းတတ်ပါတယ်။