Relationship တစ်ခုပြတ်စဲသွားရင် မြန်မြန် move on လုပ်နိုင်တဲ့သူက ပျော်ရွှင်ရပြီး move on မလုပ်နိုင်တဲ့သူကတော့ အချိန်ကြာကြာ နာကျင်ခံစားနေရမှာပါ။ နေ့ရက်တိုင်းက စိတ်မပျော်ရွှင်မှုတွေနဲ့ နေနေရမှာပါ။ ဒါကြောင့် အတိတ်တွေထဲက ရုန်းထွက်နိုင်ဖို့ မြန်မြန် move on လုပ်နိုင်ဖို့ ကြိုးစားရပါမယ်။ Move on လုပ်နိုင်သွားတဲ့အခါမှာတော့ သင့်အတွက် ဒီလိုကောင်းကျိုးတွေ ရလာမှာပါ။

စိတ်လွတ်လပ်ပေါ့ပါးသွားခြင်း

Move on မလုပ်နိုင်သေးခင်မှာတော့ ရင်ထဲမှာပူလောင်ပြီး နေ့တိုင်းနာကျင်နေရမှာပါ။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်ပြီး စိတ်ဆင်းရဲနေမှာပါ။ ဒါပေမယ့် move on လုပ်နိုင်သွားတဲ့အခါမှာတော့ စိတ်ထဲဘာမှမခံစားရတော့ပဲ စိတ်လွတ်လပ်ပေါ့ပါးပြီး နေလို့ကောင်းသွားပါလိမ့်မယ်။

နာကျင်မှုတွေမရှိတော့ခြင်း

Move on လုပ်နိုင်သွားတဲ့အခါမှာတော့ အသည်းကွဲပြီး နာကျင်ခံစားနေရတဲ့ ပူလောင်မှုတွေ စိတ်သောကတွေ နာကျင်မှုတွေ ဘာမှမရှိတော့ပါဘူး။ ဒါကြောင့် move on လုပ်နိုင်အောင်သာ ကြိုးစားပါ။

စိုးရိမ်ပူပန်မှုတွေမရှိတော့ခြင်း

Move on မလုပ်နိုင်ခင်မှာတော့ သူပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေ နောက်တစ်ယောက်ရသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေ့တိုင်း စိုးရိမ်ပူပန်နေရမှာပါ။ Move on လုပ်နိုင်သွားရင်တော့ ဒီလိုစိုးရိမ်ပူပန်မှုတွေက ရှိတော့မှာမဟုတ်ပါဘူး။

ပျော်ရွှင်မှုရလာခြင်း

Move on လုပ်နိုင်သွားရင်တော့ စိတ်ဆင်းရဲမှုတွေ နာကျင်ခံစားနေရတာတွေ အားလုံးကနေ လွတ်မြောက်ပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကို ရရှိလာမှာပါ။ ဘယ်လိုနေရင် ကိုယ့်အတွက်ပျော်ရွှင်မှုရနိုင်မလဲဆိုတာကို သိလာပြီးတော့ တခြားထက် ကိုယ်ပျော်ရွှင်ဖို့ကိုပဲ ရွေးချယ်ဖြစ်လာပါလိမ့်မယ်။

ပိုကြိုးစားချင်စိတ်ဖြစ်လာခြင်း

လူအများစုကတော့ move on လုပ်နိုင်သွားရင် အရင်ထက်ပိုတိုးတက်အောင် ကိုယ့် life goal တွေပြည့်ဝအောင် ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာပြီး အရင်ထက်ပိုအောင်မြင်လာပါတယ်။

ကိုယ့်ကိုယ်ကိုတန်ဖိုးထားဦးစားပေးလာခြင်း

နာကျင်ဖူးသွားတော့ ကိုယ်နာကျင်ရမယ့်အလုပ်တွေ မလုပ်တော့ပါဘူး။ ကိုယ့်အတွက်ကို စဉ်းစားပေးတတ်လာပြီး အရင်ထက် ကိုယ့်ကိုယ်ကို ပိုပြီးတော့ တန်ဖိုးထားတတ်လာမယ်။ တခြားသူထက် ကိုယ့်ကိုယ်ကိုပဲ ပိုပြီးဦးစားပေးတတ်လာပါမယ်။ ပိုကျန်းမာပြီး လှပလာအောင်နေပြီး ကိုယ့်ကိုယ်ကိုလည်း ပိုဂရုစိုက်ဖြစ်လာပါမယ်။