ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်တွေက ပြည့်နှက်နေပြီးတော့ ရှူရှိုက်လိုက်တဲ့လေ၊ သောက်သုံးလိုက်တဲ့ရေနဲ့ စားသုံးသမျှ အစားအစာတွေနဲ့ပတ်သက်လို့ အထူးဂရုစိုက်နေရပါတယ်။
အခန့်အသင့်လို့ အဆိပ်အတောက်တွေ ကိုယ်တွင်းမှာ စုဝေးလာတာများလာပြီဆိုရင်တော့ စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတွေ ကြုံတွေ့လာရနိုင်ပါတယ်။
ဒါကြောင့် အခါနှောင်းမှ သိရတယ်မဖြစ်အောင် ကြိုတင်သိထားရမယ့် လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
ဝမ်းချုပ်ခြင်း
ချိုင်းလိမ်းတောင့်တွေ သုံးတာတောင် အနံ့ဆိုးထွက်နေခြင်း
အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ နာကျင်ခံစားရခြင်း
အနီစက်တွေပေါ်လာခြင်း
အိပ်ပျော်ဖို့ ပိုပြီးခက်ခဲလာခြင်း
ဝိတ်တွေတက်လာခြင်း
ခံတွင်းနံ့ဆိုးရွားလာခြင်း
ခြေသည်းခွံတွေ ကြွပ်ရွပဲ့ရွဲ့လာခြင်း
ဆံပင်တွေ ကျွတ်လာခြင်း
ဒါဆိုရင် ဒီအဆိပ်အတောက်တွေကို ဘယ်လိုဖယ်ရှားမလဲ
အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အခြေအနေတွေကို ကြုံတွေ့နေရပြီဆိုရင်တော့ အဆိပ်အတောက်တွေကို မြန်မြန်ဖယ်ရှားပေးဖို့ လိုနေပါပြီ။
ကိုယ်တွင်းက အဆိပ်အတောက်တွေကို ရေများများသောက်သုံးခြင်းဖြင့် ဖယ်ရှားလိုက်ပါ။
Source: BrightSide