ချွေးအရမ်းထွက်လာရင်တော့ ချွေးနံ့နံတာပါပဲ။ ဒါ့အပြင် အားအင်ကုန်ခမ်းတာ၊ ခေါင်းမူးတာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ချွေးအရမ်းထွက်တတ်တဲ့သူတွေအနေနဲ့ လိုက်နာသင့်တဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

Deodorant, Antiperspirant

ချွေးအရမ်းထွက်တဲ့သူတွေက Deodorant တို့ Antiperspirant တို့ကို သုံးပေးသင့်ပါတယ်။ Deodorant က ချွေးနံ့ဆိုးတွေကို ထိန်းပေးနိုင်ပြီး Antiperspirant ကတော့ ချွေးထိန်းပေးနိုင်ပါတယ်။ ချွေးအရမ်းထွက်တယ်ဆိုရင်တော့ ဒါတွေကို မဖြစ်မနေသုံးပေးသင့်ပါတယ်။

ပေါ့ပါးပြီးလေဝင်လေထွက်ကောင်းတဲ့အဝတ်အစား

ချွေးအရမ်းထွက်တဲ့သူတွေက အဝတ်အစားဝတ်တဲ့အခါမှာ ဝတ်ရတာပေါ့ပါးမှုရှိပြီး လေဝင်လေထွက်ကောင်းတာမျိုးကို ရွေးချယ်သင့်ပါတယ်။ ဒါမှ ချွေးထွက်သက်သာပြီး အနံ့အသက်ဆိုးလည်း သိပ်မထွက်မှာပါ။ ချွေးအရမ်းထွက်တာကို ကြပ်တဲ့အဝတ်အစားတွေ၊ ထူတဲ့အဝတ်အစားတွေ ဝတ်မိရင်တော့ ချွေးပိုထွက်ပြီး လှောင်ပြီး ချွေးနံ့တွေလည်း ထွက်လာပါလိမ့်မယ်။

ရေဓာတ်

ချွေးအရမ်းထွက်တဲ့အခါ အားအင်ကုန်ခမ်းစေလို့ ရေဓာတ်ပြန်ဖြည့်ဖို့လိုပါတယ်။ ဒါကြောင့် ရေများများသောက်ပေးရပါမယ်။ ချွေးထွက်များတဲ့သူက ပုံမှန်ထက်တောင် ပိုပြီးရေသောက်ပေးသင့်ပါတယ်။ ဓာတ်ဆားရည်သောက်ပေးတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။
ချွေးထွက်သန်တဲ့သူတွေက သူများထက်ပိုပြီး ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်။ ချွေးအရမ်းထွက်တော့ ရေဓာတ်ခမ်းခြောက်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပါ။ ဓာတ်ဆားရည်လည်း သောက်ပေးပါ။ အသီးအနှံနဲ့ အသီးအရွက်တွေကို များများစားပေးပါ။

အစားအသောက်

အစားအသောက်စားတဲ့အခါမှာလည်း ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစားအသောက်တွေ အထူးသဖြင့် အသီးအနှံ၊ အသီးအရွက်တွေကို များများစားပေးပါ။ စပ်တဲ့အစားအသောက်တွေ၊ အဆီများတဲ့အစားအစာတွေနဲ့ ငန်တဲ့အစားသောက်တွေက ချွေးပိုထွက်စေတဲ့အတွက် ရှောင်သင့်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှု

ချွေးအရမ်းထွက်ရင် ရေချိုးမပျင်းပါနဲ့။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုစိုက်ပါ။ ရေချိုးပျင်းမယ်၊ ဝတ်ပြီးသားအဝတ်အစားတွေ ပြန်ဝတ်မယ်ဆိုရင် ချွေးနံ့ပိုထွက်စေပြီး အနံ့အသက်မကောင်းစေပါဘူး။