သမီးရည်းစားဆက်ဆံရေးမှာ ယုံကြည်မှုက အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ လူသားတွေက သူတို့အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့အရာတွေ၊ သစ္စာဖောက်ခံရတာတွေကြောင့် Relationship အသစ်တစ်ခုထပ်မံတည်ဆောက်တဲ့အခါ အခြားတစ်ယောက်ကို ယုံကြည်ဖို့ ဝန်လေးသွားပြီး သံသယမျက်လုံးတွေနဲ့ပဲ ကြည့်နေတတ်ကြပါတော့တယ်။

တကယ်လို့ သင့်ချစ်သူက သင့်အပေါ်မှာ သစ္စာရှိမရှိ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ပါ။

ဒီအချက်တွေနဲ့ တိုက်ဆိုင်နေမယ်ဆိုရင်တော့ စောစောစီးစီးလမ်းခွဲလိုက်တာ သင့်အတွက်အကောင်းဆုံးပါပဲ။

သူငယ်ချင်းတွေနဲ့ သင့်ကို မိတ်မဆက်ပေးချင်ဘူး

သူငယ်ချင်းတွေနဲ့ သင့်ကို မိတ်မဆက်ပေးချင်တာကတော့ အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ သဝန်တိုတတ်တာကြောင့်လည်း ဖြစ်နိုင်သလို သင့်ကို မသိစေချင်လို့ ဖုံးကွယ်ထားတဲ့အရာတွေကို သူငယ်ချင်းတွေက သင့်ကို ပြောပြမှာစိုးတာကြောင့်လည်း ပါပါတယ်။

ဖုန်းတစ်လုံးထက် ပိုကိုင်တာကို သင်သိရှိသွားခြင်း

ဖုန်းတစ်လုံးထက် ပိုကိုင်ခြင်းက သူ ဖောက်ပြန်နေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အလုပ်ကိစ္စကြောင့် လိုအပ်လို့ အသုံးပြုနေရတာလည်း ဖြစ်နိုင်သလို၊ ဖုန်းအသစ်လဲထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အလုပ်ကိစ္စကြောင့်ဆိုရင်လည်း သင့်ကို ဖုံးကွယ်ထားစရာအကြောင်းမရှိသလို ရိုးသားတယ်ဆိုရင် သင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြထားမှာပဲဖြစ်ပါတယ်။

ဖုန်းနဲ့ပဲ အချိန်ကုန်နေခြင်း

ယနေ့ခေတ်က ဆိုရှယ်မီဒီယာခေတ်ဆိုပေမယ့် သင်တို့နှစ်ယောက်အတူတူရှိနေချိန်မှာတောင် သင့်ကို အချိန်မပေးဘဲ ဖုန်းပဲ သုံးနေမယ်။ ဒါ့အပြင် ဖုန်းသုံးနေတာကို လျှို့ဝှက်ပြီး သင့်ကို မမြင်စေချင်သလိုလို ပြုလုပ်နေမယ်ဆိုရင်တော့ မယုံသင့်တော့ပါဘူး။

ဖောက်ပြန်တတ်တဲ့အကျင့်စရိုက်ရှိခြင်း

အရင်ရည်းစားတွေနဲ့ တွဲနေတုန်းက နောက်တစ်ယောက်နဲ့ ဖောက်ပြန်တတ်တဲ့သူမျိုး၊ သင့်အပေါ်မှာလည်း တစ်ချိန်လုံး မရိုးမသား ပြုလုပ်နေတဲ့သူမျိုးဆိုရင်တော့ ဆက်လက်ယုံကြည်နေဖို့ကို သေချာစဉ်းစားသင့်ပါပြီ။

ချိန်းထားတဲ့အခါမှာလည်း အနားကပ်မှ ဖျက်ပစ်ခြင်း

အရေးကြီးကိစ္စဆိုတာ တစ်ခါတရံတော့ ပေါ်လာတတ်ပေမယ့် အမြဲတမ်း အနားကပ်မှ ချိန်းထားတာကို ဖျက်ပစ်နေမယ်ဆိုရင်တော့ မူမမှန်တော့ပါဘူး။ လက်သင့်မခံနိုင်စရာ အကြောင်းပြချက်တွေ ပေးနေပြီဆိုရင်တော့ ဆက်လက် လက်တွဲဖို့ကို သင်သေချာစဉ်းစားသင့်နေပါပြီ။