လူတစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ ? သင်ချစ်မိနေသလားဆိုတာကို သိချင်နေတယ် ကိုယ့်ကိုယ်ကိုမသေချာဘူးဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ အခုပြောပြမယ့် အချက်တော်တော်များများကို သင့်ကိုယ်သင်မေးကြည့်ပါ။ တော်တော်များများတူနေပြီဆိုရင်တော့ သေချာပါတယ်။ သင်သူ့ကိုချစ်နေမိပါပြီ။

သူနဲ့ပတ်သက်သမျှကို သဘောကျတတ်လာပြီး သူ့အနားမှာရှိတဲ့ ဆန့်ကျင်ဘက်လိင်တွေနဲ့ သဝန်တိုတာမျိုးခံစားနေရပြီဆိုရင် ဒါဟာ ချစ်မိသွားလို့ပါ။

သူကြိုက်တဲ့ မကြိုက်တဲ့အရာလေးတွေကို အလိုလိုမှတ်မိနေတတ်တာကလည်း အချစ်ရဲ့လက္ခဏာ တစ်ခုပါပဲ။

သင်စိတ်ဝင်စားတဲ့သူရဲ့ လှုပ်ရှားမှုတိုင်း၊ အမူအရာ ၊ စကားလုံး စတဲ့ သူနဲ့ပတ်သက်တာတော်တော်များများကို သဘောကျ စိတ်ဝင်တစားရှိနေတတ်ပါတယ်။

သူဝမ်းနည်းတဲ့အခါ ကိုယ်လည်းဝမ်းနည်းသလို ခံစားရတယ်။ သူပျော်တဲ့အခါ ကိုယ်လည်းပျော်တယ်။ သူ့ရဲ့ ခံစားချက်အကုန်လုံးက ကိုယ်တိုင်ခံစားနေရသလို ဖြစ်နေတတ်ပါတယ်။

သူနဲ့အတူရှိချင်တယ် ၊ ခရီးတွေသွားချင်တယ် ၊ သင့်ရဲ့တစ်နေ့တာဖြစ်သမျှကို ပြောပြချင်တယ် ဒါတွေကလည်း အချစ်ရဲ့ လက္ခဏာတွေပါပဲ။

ချစ်မိသွားတာရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ သင့်ရဲ့အချိန်အားလုံး သူ့အတွက်ဖြစ်လာတာပါ။ အရင်လို သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းမယ့်အစား သူ့အနားဘဲနေချင်မိနေတာပါ။

ချစ်မိသွားတဲ့အခါ သင့်ရဲ့အိပ်မက် အနာဂတ်အစီအစဉ်တွေစိတ်ကူးလိုက်တိုင်းမှာ သူကမပါမဖြစ် ဖြစ်လာတတ်ပါတယ်။

ချစ်မိသွားတဲ့အခါ သူတခုခုဖြစ်မှာ အဆင်မပြေမှာကိုစိတ်ပူနေတာ အမြဲသူ့အတွက် ပူပန်တတ်လာပါတယ်။