ခြင်္သေ့ပုံတက်တူး၊ နဂါးပုံတက်တူး၊ သိမ်းငှက်ပုံတက်တူးတွေလိုပဲ ကျားပုံတက်တူး မှာလည်း နက်နဲတဲ့အဓိပ္ပာယ်ပါဝင်နေပါတယ်။ တကယ်လို့ သင်က Tattoo ထိုးရတာ နှစ်သက်သူတစ်ယောက်ဆိုရင်တော့ မိန်းကလေးတွေနဲ့ သင့်တော်တဲ့ ကျားပုံတက်တူးအသေးလေးတွေရဲ့ အဓိပ္ပာယ်တွေ နဲ့ ဒီဇိုင်းများကို စုစည်းတင်ပြလိုက်ပါတယ်။

တချို့တက်တူးချစ်သူတွေက ကျားတစ်ကောင်လုံး တက်တူးထိုးကြပြီး တချို့ကျတော့ ကျားခေါင်းပဲထိုးကြတာပါ။ တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းမတူကြတော့ ကွဲပြားတာတွေလည်း ရှိတတ်တာပေါ့။

တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်း မတူနိုင်သလို၊ တက်တူး Tattoo ထိုးရတဲ့ ရည်ရွယ်ချက်ချင်းလည်း မတူနိုင်ပါဘူး။

ကျားပုံတက်တူးရဲ့နောက်ကွယ်မှာအဓိပ္ပာယ်တွေလည်း အမျိုးမျိုးရှိကြပါတယ်။ ခွန်အားကြီးမားမှု၊ စွမ်းအား၊ ကျက်သရေရှိမှု၊ လှပမှု၊ သတ္တိရှိမှု၊ အမှီအခိုကင်းပြီး မိမိခြေထောက်ပေါ် ရပ်တည်ခြင်း စသည်ဖြင့် ကိုယ်စားပြုတဲ့အရာတွေက များပြားလှပါတယ်။

တစ်ဖက်က ပြန်ကြည့်ပြန်ရင်လည်း အန္တရာယ်ရှိခြင်း၊ လက်စားချေလိုစိတ်ပြင်းပြခြင်း၊ ရန်လိုခြင်း စသည်ဖြင့် အနက်ဖွင့်လို့လည်း ရပါသေးတယ်။ ဒါတွေကတော့ တက်တူးထိုးသူရဲ့ ခံယူချက်နဲ့ ဘာ့ကြောင့် ထိုးလဲ၊ ဘယ်လိုအဓိပ္ပာယ်နဲ့ထိုးလဲဆိုတဲ့အချက်တွေပေါ် မူတည်ပြီး ပြောင်းလဲသွားပါလိမ့်မယ်။

ဒီလောက်ဆို အဓိပ္ပာယ်ဖွင့်လှစ်ခန်းအတွက် လုံလောက်ပြီလို့ထင်ပါတယ်။ တက်တူးချစ်သူတို့လည်း အမိုက်စားကျားပုံတက်တူးလေးတွေ မြင်တွေ့ချင်နေလောက်ရောပေါ့။

Image Source: Pinterest