(Zawgyi Version)

ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈဆိုတာလည္း ကိုယ္ကိုယ္တိုင္နဲ႔ပဲဆိုင္ပါတယ္။ လူတိုင္းကေတာ့ ေပ်ာ္ေပ်ာ္ေနခ်င္ၾကတာပါပဲ။ ေပ်ာ္စရာေကာင္းတဲ့ ဘဝမ်ိဳးကိုပိုင္ဆိုင္ထားမွ ေပ်ာ္ရႊင္ရတာ မဟုတ္ပါဘူး။ ကိုယ့္စိတ္ကို ေပ်ာ္ရႊင္ေအာင္ထားတတ္ရင္လည္း ေပ်ာ္ရႊင္ရပါတယ္။ ဒါေၾကာင့္ ကိုယ့္စိတ္ကိုေပ်ာ္ရႊင္ေအာင္ထားႏိုင္မယ့္ ေကာင္းမြန္ေသာနည္းလမ္း (၇) မ်ိဳးကို မွ်ေဝေပးလိုက္ပါတယ္။

အမွန္တရားကိုလက္ခံပါ

တစ္ခါတစ္ေလမွာ လူေတြက ျဖစ္ေနတဲ့အမွန္တရားကို လက္မခံႏိုင္ပဲ ပူေလာင္ေနတတ္ၾကတယ္။ ကိုယ္ရထားတဲ့ လက္ရွိအေျခအေနကို လက္မခံႏိုင္ျဖစ္ၿပီး ဒါကိုပဲ မေက်မနပ္ေတြျဖစ္၊ စိတ္ဆင္းရဲေနရင္ ကိုယ္ပဲ ပူေလာင္ေနရမွာပါ။ ဒီေတာ့ လက္ရွိအေျခအေနကို လက္ခံၿပီး စိတ္ေပ်ာ္ေအာင္ေနပါ။ မေက်နပ္ရင္ ပိုေကာင္းေအာင္ ႀကိဳးစားၿပီး ကိုယ္လိုခ်င္တဲ့အေနအထားထိ ေရာက္လာေအာင္လုပ္ဖို႔က ကိုယ့္တာဝန္ပါပဲ။

ကိုယ့္ကိုယ္ကိုခြင့္လႊတ္ပါ

တစ္ခုခုျဖစ္ရင္ ကိုယ့္ကိုယ္ကို ခြင့္မလႊတ္ႏိုင္ျဖစ္ၿပီး စိတ္တိုေနတာမ်ိဳး၊ ကိုယ့္ကိုယ္ကို အျပစ္ေပးတာမ်ိဳးမလုပ္ပါနဲ႔။ မွားေနရင္ ျပန္ျပင္လို႔ရပါတယ္။ ဒီေတာ့ ေပ်ာ္ေပ်ာ္ေနခ်င္ရင္ ကိုယ့္ကိုယ္ကို ခြင့္လႊတ္ပါ။

ကိုယ့္ကိုယ္ကိုခ်စ္ပါ၊ မမုန္းတီးပါနဲ႔

တျခားသူထက္ ကိုယ့္ကိုယ္ကို ပိုခ်စ္ပါ။ ကိုယ့္အတြက္ အၿမဲတမ္းအေကာင္းဆံုးေတြျဖစ္ေအာင္ ႀကိဳးစားေနထိုင္ပါ။ ကိုယ့္ကိုယ္ကို ဘယ္လိုစိတ္ခ်မ္းသာေအာင္၊ ေပ်ာ္ေအာင္ထားရမလဲသာ စဥ္းစားပါ။ ကိုယ့္ကိုယ္ကို မုန္းတီးေနရင္ ဘယ္ေတာ့မွ စိတ္ေပ်ာ္ရႊင္ရမွာ မဟုတ္ပါဘူး။

က်န္းမာေအာင္ေနပါ

ဘဝမွာ ေပ်ာ္ရႊင္ဖို႔ဆိုရင္ က်န္းမာေနမွ ျဖစ္မွာပါ။ က်န္းမာေရးမေကာင္းရင္ ဘယ္လိုမေပ်ာ္ရႊင္ႏိုင္ပါဘူး။ ဒါေၾကာင့္ စိတ္ခ်မ္းသာၿပီး ကိုယ္က်န္းမာေအာင္ေနပါ။

စိတ္ညစ္စရာေတြကို ၾကာၾကာမေတြးပါနဲ႔

ကိုယ့္စိတ္ကို ေပ်ာ္ေအာင္ထားခ်င္တယ္ဆိုရင္ ေပ်ာ္စရာေတြပဲေတြးပါ။ စိတ္ညစ္စရာေတြဆိုရင္ ေခါင္းထဲက ျမန္ျမန္ထုတ္ပစ္ပါ။ ၾကာၾကာမေတြးပါနဲ႔။ စိတ္ညစ္စရာကို အရမ္းမေတြးတတ္ေအာင္ ႀကိဳးစားေနပါ။

ဘာသာတရားကိုင္းရိႈင္းပါ

ဘာသာတရားကိုင္းရိႈင္းၿပီး ဘုရားတရားမ်ားမ်ားလုပ္ရင္ စိတ္ခ်မ္းသာေပ်ာ္ရႊင္ရတယ္၊ စိတ္ေအးခ်မ္းတည္ၿငိမ္တယ္ဆိုတာကို အားလံုးလည္းသိၾကမွာပါ။

ကိုယ့္အတြက္ အဆိပ္ျဖစ္ေစတဲ့လူေတြနဲ႔ ေဝးေဝးေနပါ

ကိုယ့္စိတ္အၿမဲေပ်ာ္ရႊင္ၿပီး စိတ္ခ်မ္းသာေနဖို႔ဆိုရင္ ကိုယ့္အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့လူေတြ၊ ကိုယ့္အတြက္ အဆိပ္ျဖစ္ေစတဲ့ Toxic People ေတြနဲ႔ ေဝးေဝးမွာသာေနပါ။

Photo Source: www.pinterest.com

(Unicode Version)

ကိုယ့်ရဲ့ပျော်ရွှင်မှုဆိုတာလည်း ကိုယ်ကိုယ်တိုင်နဲ့ပဲဆိုင်ပါတယ်။ လူတိုင်းကတော့ ပျော်ပျော်နေချင်ကြတာပါပဲ။ ပျော်စရာကောင်းတဲ့ ဘဝမျိုးကိုပိုင်ဆိုင်ထားမှ ပျော်ရွှင်ရတာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားတတ်ရင်လည်း ပျော်ရွှင်ရပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကိုပျော်ရွှင်အောင်ထားနိုင်မယ့် ကောင်းမွန်သောနည်းလမ်း (၇) မျိုးကို မျှဝေပေးလိုက်ပါတယ်။

အမှန်တရားကိုလက်ခံပါ

တစ်ခါတစ်လေမှာ လူတွေက ဖြစ်နေတဲ့အမှန်တရားကို လက်မခံနိုင်ပဲ ပူလောင်နေတတ်ကြတယ်။ ကိုယ်ရထားတဲ့ လက်ရှိအခြေအနေကို လက်မခံနိုင်ဖြစ်ပြီး ဒါကိုပဲ မကျေမနပ်တွေဖြစ်၊ စိတ်ဆင်းရဲနေရင် ကိုယ်ပဲ ပူလောင်နေရမှာပါ။ ဒီတော့ လက်ရှိအခြေအနေကို လက်ခံပြီး စိတ်ပျော်အောင်နေပါ။ မကျေနပ်ရင် ပိုကောင်းအောင် ကြိုးစားပြီး ကိုယ်လိုချင်တဲ့အနေအထားထိ ရောက်လာအောင်လုပ်ဖို့က ကိုယ့်တာဝန်ပါပဲ။

ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ

တစ်ခုခုဖြစ်ရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဖြစ်ပြီး စိတ်တိုနေတာမျိုး၊ ကိုယ့်ကိုယ်ကို အပြစ်ပေးတာမျိုးမလုပ်ပါနဲ့။ မှားနေရင် ပြန်ပြင်လို့ရပါတယ်။ ဒီတော့ ပျော်ပျော်နေချင်ရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။

ကိုယ့်ကိုယ်ကိုချစ်ပါ၊ မမုန်းတီးပါနဲ့

တခြားသူထက် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ ကိုယ့်အတွက် အမြဲတမ်းအကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုယ်ကို ဘယ်လိုစိတ်ချမ်းသာအောင်၊ ပျော်အောင်ထားရမလဲသာ စဉ်းစားပါ။ ကိုယ့်ကိုယ်ကို မုန်းတီးနေရင် ဘယ်တော့မှ စိတ်ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

ကျန်းမာအောင်နေပါ

ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင် ကျန်းမာနေမှ ဖြစ်မှာပါ။ ကျန်းမာရေးမကောင်းရင် ဘယ်လိုမပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာအောင်နေပါ။

စိတ်ညစ်စရာတွေကို ကြာကြာမတွေးပါနဲ့

ကိုယ့်စိတ်ကို ပျော်အောင်ထားချင်တယ်ဆိုရင် ပျော်စရာတွေပဲတွေးပါ။ စိတ်ညစ်စရာတွေဆိုရင် ခေါင်းထဲက မြန်မြန်ထုတ်ပစ်ပါ။ ကြာကြာမတွေးပါနဲ့။ စိတ်ညစ်စရာကို အရမ်းမတွေးတတ်အောင် ကြိုးစားနေပါ။

ဘာသာတရားကိုင်းရှိုင်းပါ

ဘာသာတရားကိုင်းရှိုင်းပြီး ဘုရားတရားများများလုပ်ရင် စိတ်ချမ်းသာပျော်ရွှင်ရတယ်၊ စိတ်အေးချမ်းတည်ငြိမ်တယ်ဆိုတာကို အားလုံးလည်းသိကြမှာပါ။

ကိုယ့်အတွက် အဆိပ်ဖြစ်စေတဲ့လူတွေနဲ့ ဝေးဝေးနေပါ

ကိုယ့်စိတ်အမြဲပျော်ရွှင်ပြီး စိတ်ချမ်းသာနေဖို့ဆိုရင် ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့လူတွေ၊ ကိုယ့်အတွက် အဆိပ်ဖြစ်စေတဲ့ Toxic People တွေနဲ့ ဝေးဝေးမှာသာနေပါ။

Photo Source: www.pinterest.com