Animation Movie တွေက ကလေးတွေအတွက် အဖိုးတန်ဘဝသင်ခန်းစာများကို သင်ပေးရုံတင်မကဘဲ သူ့ရဲ့ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်လေးတွေ ၊ ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတွေက အသက်အရွယ်မရွေးကြည့်တဲ့သူတိုင်းရဲ့နှလုံးသားကို နွေးထွေးစေပါတယ်။

အခုပြောပြပေးမယ့် Animation Movie တွေက မိသားစုဝင်တစ်ယောက်ချင်းစီကို တန်ဖိုးထားစေဖို့ ရိုက်ကူးထားတာမလို့ ကလေးတွေအတွက်သာမက မိသားစုအားလုံးအတူကြည့်သင့်ပါတယ်။

The Incredibles (2004)

ဒီကာတွန်းကားက မိသားစုဇာတ်လမ်းတစ်ခုဖြစ်ပြီး မိသားစုချင်းဆက်သွယ်မှု ၊ မိသားစုဝင်တွေရဲ့ အရေးပါမှုတို့အကြောင်းကို အသားပေးရိုက်ထားတာပါ။

Frozen (2013)

Anna နဲ့ Elsa တို့ညီမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနဲ့ လက်ခံခြင်းရဲ့ အရေးပါမှုကို အလေးပေးထားပြီး မိသားစုရဲ့ခွန်အားကို အသားပေးရိုက်ထားတာပါ။

The Croods (2013)

ဒီဇာတ်လမ်းရဲ့ရည်ရွယ်ချက်က မိသားစုအချင်းချင်း အားကိုးတတ်ဖို့နဲ့ သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို ယုံကြည်ဖို့ပါ။

Brave (2012)

ဒီကာတွန်းကားကတော့ ခက်ခဲတဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် မိသားစုဝင်တွေ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေကို နားလည်လက်ခံလာဖို့ ၊ ကိုယ့်ကိုယ်ကို သစ္စာစောင့်ပြီး ကိုယ့်လမ်းကြောင်းကို လိုက်လျှောက်ဖို့ လိုအပ်တဲ့အကြောင်းကို ရည်ရွယ်ခဲ့ပါတယ်။

Coco (2017)

ဇာတ်ကားမှာ ဂီတသမားဖြစ်ချင်ပေမယ့် သူ့မိသားစုက တားမြစ်ခံထားရတဲ့ ကလေးလေး Miguel ရဲ့ ဇာတ်ကြောင်းကို ပုံဖော်ထားပါတယ်။ မိသားစုဆိုတာရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကဘာလဲ ? ဒီအဓိပ္ပာယ်ကိုတော့ ဒီထဲမှာ တွေ့ရမှာပါ။

Inside Out (2015)

နေ့စဉ်ဘဝတွေမှာ စိတ်ခံစားမှုရဲ့ အရေးပါမှုကို အသားပေးရိုက်ထားတဲ့ ဒီကာတွန်းကားကတော့ တစ်ဦးတစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြဖို့ ၊ အလေးထားဖို့ ၊ လက်ခံဖို့ ဖြစ်တာမလို့ ဒီအချက်က ကလေးရှိတဲ့မိသားစုများအတွက် အထူးအရေးကြီးတဲ့အချက်ပါ။

Up (2009)

တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒကို အလေးထားဖို့နဲ့ ကိုယ်ချင်းစာတရားအကြောင်းကို ပုံဖော်ထားတဲ့ ဒီကားလေးက အသက်အရွယ်မရွေး ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ကာတွန်းတစ်ခုပါပဲ။

Encanto (2021)

ဒီရုပ်ရှင်ရဲ့ရည်ရွယ်ချက်ကတော့ လူတိုင်းမှာ ကိုယ်ရည်ကိုယ်သွေး၊ အားသာချက်တွေရှိတာမလို့ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံဖို့ပါ။