ယနေ့ခေတ်မှာ အဆီကျပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့က အားလုံးရဲ့ အိပ်မက်ပါပဲ။ အစားကောင်းအသောက်ကောင်းတွေ ပေါများလှတဲ့ အချိန်အခါမှာ ချပ်ချပ်ရပ်ရပ်နဲ့ ခန္ဓာကိုယ်လှလှလေးကို ရဖို့က တကယ်မလွယ်တဲ့အလုပ်တစ်ခုပါ။ လူအများစုကတော့ ချပ်ရပ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ အိပ်မက်တွေ ကျရှုံးနေတုန်းပါပဲ။

အာဟာရပညာရှင်တွေကို မေးရင်တော့ ဝိတ်ကျချင်ရင် အစားရှောင်ရမယ်။ ဘာတွေစားရမယ်ဆိုပြီး ပြောမှာပါ။ Diet အပြင်နောက်တစ်မျိုးကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ အခုဆိုရင် ဝိတ်ချနိုင်ဖို့ Gym တွေလည်း နေရာအများအပြားမှာရှိနေပါပြီ။ ဒါပေမယ့် ခုလို မိုးရာသီမှာ Gym သွားဖို့ဆိုတာကလည်း ပျင်းစရာအလုပ်တစ်ခုပါပဲနော်။ ဖြစ်နိုင်ရင် ဟပ်ချလောင်းလို့ မန်းလိုက်ရုံနဲ့ ဝိတ်ကျချင်မိပါရဲ့။

ဒါပေမဲ့ အဆီကျဖို့ဆိုတာက ကိုယ့်ရဲ့ စားချင်စိတ်တွေကို စတေးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရပါတယ်။ ဒီတစ်ခေါက်မှာတော့ လေ့ကျင့်ခန်းလည်းမလုပ်ချင်ဘူး၊ အစားလည်းမလျှော့ချင်ဘူး။ ဒါတွေကို ပျင်းစရာကြီးလို့ပြောနေတဲ့ ပျိုမေတို့အတွက် ဗိုက်အဆီကျဖို့ အလွယ်ကူဆုံး နည်းလမ်း၁၀ မျိုးကို ပြောပြပေးချင်ပါတယ်။

၁။ အစာမစားခင် ရေသောက်ပေးပါ

Source: Stylecraze

ရေဆိုတာ လူ့ခန္ဓာကိုယ်မှာ အလိုအပ်ဆုံးအရာတစ်ခုပါ။ ကျွန်ုပ်တို့ဟာ နေ့စဉ်ရေပမာဏ လုံလုံလောက်လောက် သောက်ပေးရပါမယ်။ လူအများစုကတော့ အလုပ်များလွန်းတာကြောင့် ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ အစာမစားခင် မိနစ် ၃၀ အလိုမှာ ရေတစ်ခွက် နှစ်ခွက်သောက်ပေးတာက သင့်ရဲ့ဇီဝဖြစ်စဉ်ကို မြန်ဆန်စေသလို အစားစားချင်စိတ်ကိုလည်း နည်းပါးသွားစေပါတယ်။

၂။ စားနေတဲ့အစားအသောက်ကို လေးစားပါ

Source: Adweek

ခုခေတ်မှာ ဖုန်းတွေကတော့ နေရာတိုင်းမှာ ပါတာပါပဲ။ စားလည်း ဖုန်းတစ်လုံးနဲ့။ နောက်ဆုံး အိမ်သာတက်ရင်တောင် ဖုန်းကို ယူသွားတတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ စားနေတဲ့အချိန် ဖုန်းမကြည့်သင့်ပါဘူး။ သင်စားနေတဲ့အစားအသောက်ကို အာရုံစိုက်ရပါမယ်။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကို အစားဘယ်လောက်ဝင်သွားလဲသိနိုင်ပြီး အစားပိုနည်းသွားစေပါတယ်။

၃။ ပန်းကန်သေးသေးလေးတွေနဲ့ ခွဲခွဲစားပါ

Source: Brightside.me

သင်က အစားအသောက်တွေကို ပန်းကန်သေးသေးလေးတွေနဲ့ ခွဲစားရင် အစားပိုနည်းသွားစေပါတယ်။ စားတဲ့အချိန် ဇွန်းသေးသေးလေးနဲ့ စားတာ ဒါမှမဟုတ်တူနဲ့စားကြည့်ပါ။

၎။ အိပ်ရေးဝပါစေ

Source: Biwoomdiet

အိပ်စက်ခြင်းက သင့်ရဲ့ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေသလို ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်ကို ပျော်ရွှင်စေမှာပါ။ အိပ်ရာထဲမှာ နေရတာကို မကြိုက်တဲ့သူ ဘယ်သူရှိလို့လဲ။

၅။ အခန်းအေးအေးလေးထဲမှာ အိပ်ပါ

Source: Time Magazine

အေးတဲ့အခန်းထဲမှာ အိပ်တာက သင့်ကို ဝိတ်ကျစေနိုင်ပါတယ်။ အပူချိန်ကို 19’C ဒါမှမဟုတ် အဲ့ထက်နည်းတဲ့အပူချိန်ထားပေးပါ။ အဆီပိုလောင်ကျွမ်းစေပါတယ်။

၆။ အဆီလောင်ကျွမ်းစေတဲ့အစားအသောက်တွေ ပါအောင်စားပါ

Source: Brightside.me

သင်စားတဲ့အစားအစာတွေထဲမှာ ကြက်ဥ၊ ငရုတ်သီး၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါးနဲ့ အစေ့အဆံတွေကို ပါဝင်အောင် စားရပါမယ်။ ဒီအစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဝိတ်ထိန်းပေးပါတယ်။

၇။ သင်စားချင်တာကို စားပါ

Source: Brightside.me

ဒီလိုပြောလိုက်လို့ ဝိတ်ရောကျပါ့မလားလို့ သံသယဝင်စရာပါ။ ကိုယ်စားချင်တာအကုန်လုံးစားတဲ့နေရာမှာ ဘာတွေစားနေလဲ ဘယ်လောက်များများ စားနေလဲဆိုတဲ့အရာကို သတိထားကြည့်ပေးရပါမယ်။ ဘာမစားရဘူး၊ ညာမစားရဘူးကန့်သတ်ထားတာက သင့်ကို စိတ်ဖိစီးမှုပိုများစေသလို အစားပိုစားစေပါတယ်။

၈။ သွားတိုက်ပါ

Source: Stuff.co.nz

အစာစားပြီးနောက်သွားတိုက်ပေးတာက နောက်ထပ်မစားမိဖို့ ကန့်သတ်လိုက်သလိုပါပဲ။

၉။ ရယ်မောပါ

Source: Brightside.me

ရယ်မောခြင်းက စိတ်ဖိစီးမှု သက်သာစေသလို အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေပါတယ်။

၁၀။ အပူနဲ့ ဖိချပါ

Source: Youtube

သင်ဝိတ်ကျချင်တဲ့နေရာကို အကာအကွယ်တစ်ခုကပ်ပြီး Hair Dryer နဲ့မှုတ်ပေးပါ။ ဒီနည်းကတော့ ပျင်းတဲ့သူတွေနဲ့ အံကိုက်ပါပဲ။ အပူနဲ့မှုတ်ပေးတာက ဗိုက်ပေါ်မှာ ချွေးထွက်စေပြီး အဆီကျစေပါတယ်။

By MyStyle Myanmar