ခုံတစ်လုံး ရှိရုံနဲ့ ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်မယ့် အစွမ်းထက် လေ့ကျင့်ခန်းများကို ဘယ်လိုပြုလုပ်ရမလဲဆိုတော့ …

လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းလေးကတော့ ခုံပေါ်ကို တက်လိုက် ဆင်းလိုက် ပြုလုပ်ရမှာဖြစ်ပါတယ်။

ညာခြေကို ခုံပေါ်တင်ကာ ဘယ်ခြေကလည်း ကြမ်းပြင်ပေါ်က ကြွလိုက်ပါ။ တစ်ဖန် ခြေထောက်ပြန်ချပြီး ဘယ်ခြေကို ခုံပေါ်တင် ညာခြေကို ကြမ်းပြင်ပေါ်က ကြွကာ တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ၂၀ စက္ကန့် ကြာအောင် ပြုလုပ်ကာ ၁၀  စက္ကန့် အနားယူပါ။

လေ့ကျင့်ခန်း (၂)

Mountain Climber လေ့ကျင့်ခန်းကို ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကလည်း Mountain Climber လေ့ကျင့်ခန်းကိုမှ ခုံအသုံးပြုကာ ပြုလုပ်ရမှာဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်စီကို ၁၂ ကြိမ် ပြုလုပ်ပေးလိုက်ပါ။ စုစုပေါင်း ၃ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃)

အရင်ဦးဆုံး မတ်တပ်ရပ်ကာ အသင့်အနေအထားပြင်ပါ။ ထို့နောက် ဘယ်ခြေကို ပုံပါအတိုင်း မြှောက်ကာ တင်ပါးက ခုံပေါ်မှာ ထိုင်မယ့် အနေအထားပြင်လိုက်ပါ။ မူလအတိုင်း ပြန်မတ်တပ်ရပ်ပါ။ ခြေထောက်ကို ဘက်ပြောင်းကာ ဆက်လုပ်ပြုလုပ်လိုက်ပါ။

လေ့ကျင့်ခန်း (၄)

ခြေထောက်နှစ်ဖက်ကို ခုံပေါ်မှာတင်ကာ ဒိုက်ထိုးရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားထားပါ။ ခြေထောက်နှစ်ဖက်က ခုံပေါ်တင်ထားလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းစီကြွကာ Single-Leg Glute Bridge လေ့ကျင့်ခန်းပြုလုပ်သလို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

လက်နှစ်ဖက်ကို ခုံတစ်လုံးပေါ်မှာ နောက်ပြန်တင်ထားကာ လက်မောင်းရှိ အဆီပိုများကို ဖယ်ရှားရမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၇)

ဘယ်ခြေကို ခုံပေါ်မှာ တင်ထားကာ Squat ထိုင်ရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘယ်ခြေအတွက် ၁၂ ကြိမ် ပြုလုပ်ပြီးပါက ညာခြေကိုလည်း ၁၂ ကြိမ် ပြုလုပ်ပေးလိုက်ပါ။ ဘယ် ညာကို တစ်ကျော့လို့ သတ်မှတ်ကာ စုစုပေါင်း ၃ ကျော့ ပြုလုပ်ရပါမယ်။