ငါ့ချစ်သူက ငါ့ကိုမချစ်တော့လို့များ ငါပို့ထားတဲ့စာတွေကို မပြန်တော့တာလား။ သူတစ်ယောက်တည်းနေချင်တယ်ဆိုတာ ငါနဲ့လမ်းခွဲချင်နေတာလား၊ ငါ့ကောင်လေးကငါ့ကို အရင်ကလို ချစ်တယ်လို့ မပြောတော့တာ ငါ့အပေါ်ခံစားချက်တွေမရှိတော့လို့လား၊ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဝေခွဲမရဖြစ်နေရင်တော့ အခုဖော်ပြမဲ့ အချက်လေးတွေကို သေချာဖတ်ပြီးတော့  ပြန်လည်သုံးသပ်ကြည့်လိုက်ပါနော်။

(၁) သင့်ကောင်လေးက ရုတ်တရက် တစ်ယောက်တည်းနေချင်တယ်လို့ ပြောလာတဲ့အခါ

Source: www.huffingtonpost.com

မိန်းကလေးဘက်က အမူအကျင့်တွေမပြောင်းလဲနေသရွေ့ သင့်ကောင်လေးက သူ့ကိုတစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေပါရစေလို့ မပြောသင့်ပါဘူး။ ဖြစ်နိုင်ချေရှိတာကတော့ သင်တို့သမီးရည်းစားဆက်ဆံရေးမှာ သင်နဲ့အတူအချိန်ကုန်ဆုံးရတာ၊ သင့်ကိုအချိန်ပေးနေရတာကို သူမပျော်တော့လို့ဖြစ်နိုင်တယ်နော်။

အဲ့ဒီလိုသူပြောလာပြီဆို သင့်စိတ်ငြိမ်ငြိမ်ထားပြီးဘာကြောင့်လဲဆိုတာကိုမေးပါ။ အကယ်၍သူက ခိုင်လုံတဲ့အကြောင့်ပြချက်တစ်ခုခုပေးပြီဆိုရင်တော့ သူ့ကိုမေ့လိုက်ပါတော့။ ဒါမှမဟုတ်ဘဲနဲ့ သူက အင်း၊ အဲ မဟုတ်ပါဘူး စသည်ဖြင့် မရေရာမသေချာတဲ့ အကြောင်းပြချက်တွေဆိုရင်တော့ သူကသင့်ကိုခြေတစ်လှမ်းနောက်ဆုတ်စေချင်နေတာပါ။ သင့်အပေါ်ထားတဲ့ သူ့အချစ်တွေက အဖျားရှူးကုန်တာလေ။

၂။ သင့်ကိုတခြားမိန်းကလေးတွေနဲ့ နှိုင်းယှဉ်လာပြီဆိုရင်

Source: www.waycraze.com

လူတိုင်းကကိုယ့်ဒီဇိုင်းကာလာ၊ကိုယ့်ပင်ကိုစတိုင်နဲ့ကိုယ်ပါ။အဲ့ဒါကိုမှတခြားမိန်းကလေးတွေနဲ့နှိုင်းယှဉ်ခံနေရပြီဆိုရင်တော့သင်မကြိုက်ဘူးဆိုတာပြောပါ။သူ့ကိုရောတခြားယောကျာ်းလေးတွေနဲ့နှိုင်းမယ်ဆိုသူဘယ်လိုခံစားရမလဲမေးပါ။သင်မကြိုက်ပါဘူးလို့သေချာပြောထားတာကိုမှဆက်လုပ်နေမယ်ဆိုရင်တော့အရင်ကသင့်ကိုချစ်သလိုသူမချစ်တော့တဲ့အချက်တစ်ချက်ပဲဖြစ်တယ်။

၃။ သင်ပို့ထားတဲ့စာတွေကို မပြန်တော့ဘူး၊ သင့်ကိုစာပြန်ရင်လည်း အကြာကြီးနေမှ တစ်စောင်ပြန်တာမျိုး

Source: www.videoblocks.com

သင့်ကောင်လေးကသင့်message တွေအရင်လိုအရေးတယူမလုပ်တော့ဘူးဆိုရင်သင့်အပေါ်ထားရှိတဲ့သူ့ခံစားချက်တွေတဖြည်းဖြည်းမှေးမှိန်နေတာပါပဲ။အစပိုင်းမှာတော့သူအကြောင်းပြချက်မျိုးစုံပေးပါလိမ့်မယ်၊ဒါပေမဲ့နောက်ပိုင်းကျရင်တော့သင်ကဘာလို့reply ဘာလို့ကြာနေတာလဲလို့မေးတိုင်းသင့်ကိုသည်းမခံနိုင်တော့ဘဲဒေါသပါထွက်လာပါလိမ့်မယ်။ဒီလိုအခြေအနေမျိုးကြုံနေပြီဆိုသင်လည်းသူ့အပေါ်ထားတဲ့အချစ်ကိုလုံးဝဖြတ်တောက်သင့်နေပါပြီ။

၎။ သင့်ကောင်လေးက သင်နဲ့အတူရှိနေတာထက် သူ့သူငယ်ချင်းတွေနဲ့ အတူရှိတဲ့အချိန်က ပိုများနေရင်

Source: www.dvsgaming.org

သင့်ကောင်လေးက သင့်ကိုအချိန်မပေးတော့ဘဲနဲ့ သူ့သူငယ်ချင်းေးတွနဲ့ပဲ အချိန်ကုန်နေမယ်ဆိုရင်တော့ သင်ကပဲ ပွင့်ပွင့်လင်းလင်းမေးလိုက်ပါ။ သူက ရည်ရွယ်ချက်မရှိပါဘဲနဲ့၊ မသိလိုက်မိပါဘဲနဲ့ ဖြစ်သွားတာမျိုးဆိုရင် သင်စိတ်သက်သာရာရဖို့ ဘာမဆိုသူလုပ်ပေးပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပါဘဲနဲ့ သင့်ကို သိသိသာသာရှောင်နေတာမျိုးဆိုရင်တော့လည်း သင့်အပေါ်ခံစားချက်မရှိတော့ဘူးဆိုတာ သိသာနေပါပြီ။

၅။ သင်တို့သမီးရည်းစားဆက်ဆံရေးမှာ သင့်ကောင်လေးက အရမ်းတစ်ကိုယ်ကောင်းဆန်လာပြီဆိုရင်

Source: www.weplaza.it

ယောကျာ်းလေးတွေက သမီးရည်းစားဆက်ဆံရေးမှာ အာရုံမလာတော့ဘူးဆိုရင် ကောင်မလေးကို ဦးစားပေးလာရာကနေ တစ်ကိုယ်ကောင်းဆန်လာတတ်ကြပါတယ်။ သူ့အလုပ်၊ သူ့သူငယ်ချင်းတွေ၊ သူ့ပညာရေး၊ သူ့နေ့စဉ်လှုပ်ရှားမှုကိုပဲ အာရုံစိုက်လာပါလိမ့်မယ်။ သင်နဲ့အတူလျှောက်လည်မယ်ဆိုရင်လည်း သင်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ဘာစားချင်တယ်ဆိုတာကိုလည်း မေးမှာမဟုတ်တော့ဘူးနော်။

၆။ သင့်ကိုချစ်တယ်လို့ မပြောတော့ဘူးဆိုရင်

Source: www.thelawofattraction.com

သင်တို့သမီးရည်းစားဆက်ဆံရေးမှာ အရင်တုန်းကတော့ ချစ်လှပါချည်ရဲ့လို့ တဖွဖွပြောပြီးမှ နောက်ပိုင်းကျသိသိသာသာကြီးမပြောတော့ဘူးဆိုရင်တော့ သူသင့်ကို မချစ်တော့ဘူးဆိုတာ လုံးဝကိုသေချာနေပါပြီ။ ဒီအချက်ကတော့ အဆိုးဆုံး၊ အပြင်းထန်ဆုံးနဲ့ အသိသာဆုံးအချက်ပဲဖြစ်တယ်။

၇။ သင်ဝမ်းနည်းချိန်တွေမှာ သင့်ကိုမနှစ်သိမ့်ပေးတော့တာမျိုး

Source: www.youngisthan.in

ကိုယ့်ကောင်မလေးဝမ်းနည်းနေတာလား၊ စိတ်ညစ်နေတာလားဆိုတာကို သင့်ကိုတကယ်ချစ်တဲ့သူက သင့်မျက်နှာကို ဖတ်တတ်ပါတယ်။ အဲ့လိုအချိန်မျိုးဆို သင်စိတ်ပျော်လာအောင် သူနည်းလမ်းအမျိုးမျိုးကြိုးစားပါလိမ့်မယ်။ သင်စိတ်ညစ်နေတာ၊ စိတ်ရှုပ်နေတာကိုသိတာတောင်မှ လျစ်လျူရှုထားရင်တော့ သင့်ချစ်သူလို့ခေါ်ဖို့မထိုက်တန်တော့ပါဘူး။

၈။ သင့်အတိတ်ကအကြောင်းတွေကို ပြန်ဆွပေးနေတာမျိုး

Source: abcnews.go.com

ကိုယ့်အတိတ်ကဒဏ်ရာတွေကို တစ်ယောက်ယောက်က ပြန်သတိရအောင်တူးဆွနေရင် ဘယ်လောက်နာကျင်ရလဲ လူတိုင်းခံစားဖူးမှာပါ။ သင်တို့နှစ်ယောက်စကားများရန်ဖြစ်နေရင်တောင် သင့်အတိတ်ကအကြောင်းကို ပြန်မပြောသင့်ပါဘူး။ ဒီလိုမှမဟုတ်ဘဲ သင်ခံစားရမှာ၊ နာကျင်ရမှာကိုတောင် သိသိကြီးနဲ့ ပြောနေပြီဆိုရင်တော့ သင့်အပေါ်ထားတဲ့ သူ့ခံစားချက်တွေ ပျောက်ကွယ်သွားလို့ပဲ ဖြစ်တယ်။

၉။ သင်နဲ့အရင်လို တီတီတာတာပြောတာမျိုး၊ အကြည်စိုက်နေတာမျိုး မလုပ်တော့ဘူးဆိုရင်

Source: www.mensxp.com

ငါတို့သမီးရည်းစားသက်တမ်းက ကြာပြီဆိုတော့ အရင်လိုတီတီတာတာမပြောတော့ဘူးဆိုတာ မရှိပါဘူး။ သင်အင်္ကျီအသစ်လေးဝတ်ထားရင် အင်္ကျီအသစ်လေးနဲ့ အရမ်းလှတာပဲလို့ ချီးကျူးတာမျိုး၊ သင်လှတဲ့အကြောင်းကို ရံဖန်ရံခါပြောပြတာမျိုး၊ သင်တို့ နှစ်ယောက်တည်းရှိတဲ့အချိန်မှာ သင့်ကို မျက်တောင်မခတ်တမ်းကြည့်နေတာမျိုးက ကိုယ့်ကောင်မလေးကိုမှ မလုပ်ပေးရင်၊ မပြောပြရင် ဘယ်ကောင်မလေးကိုသွားပြောမှာလဲ မဟုတ်ဘူးလား။

ချစ်စဖွယ်ကောင်းတဲ့မင်းသားလေး အချိန်တိုင်းဖြစ်နေရမယ်လို့ မဆိုလိုပေမဲ့ တီတီတာတာချစ်စကားလေးတွေကိုတော့ ကောင်လေးဘက်ကစပြောမှ အဆင်ပြေမှာလေ။

၁၀။ သင့်ကောင်လေးက သင့်အမူအကျင့်တစ်ချို့ကို စိတ်အနှောင့်အယှက်ဖြစ်လာတဲ့အခါ

Source: goodfullness.net

သင့်ကောင်လေးမကြိုက်တဲ့ သင့်အမူအကျင့်တွေက သူနဲ့မတွေ့ခင်ကတည်းက ရှိတာလား၊ သင့်အမူအကျင့်တွေကြောင့် သင်တို့ခဏခဏရန်ဖြစ်နေရတာလား။ ကိုယ့်ကိုယ်ကိုလည်း ပြန်ဆန်းစစ်ပါ၊ ငါ့အကျင့်တွေသည် သူနဲ့ မချစ်ကြိုက်ခင်ကတည်းကရှိနေတာလား၊ အရင်ကတည်းက ရှိနေတဲ့အမူအကျင့်ကို မချစ်ကြိုက်ခင်တုန်းကတော့ ဘာမှမဖြစ်ဘဲ ချစ်ကြိုက်ပြီးမှ ငြိုငြင်နေတာက မဖြစ်သင့်တာပါ။ သေချာတာကတော့ သူသင့်အပေါ် မချစ်တော့လို့၊ ရင်မခုန်တော့လို့ပါပဲ။

Source: pairedlife.com