(Zawgyi)

လူတစ္ေယာက္ရဲ့စကားတစ္ခြန္းဟာ ကိုယ့္အတြက္ ဘယ္ေလာက္လႊမ္းမိုးမႈျဖစ္ေစပါသလဲ။ တခါတေလ ကိုယ့္ကိုယ္ပိုင္အေတြးအေခၚ၊ ခံစားခ်က္နဲ႔ ယံုၾကည္ခ်က္ေတြကို သံသယျဖစ္ေအာင္ ထိုးနက္ေနတဲ့ စကားလံုးေတြ အမ်ားႀကီးပါပဲ။ တျခားသူေတြက အခုေအာက္မွာေဖာ္ျပမယ့္စကားေတြနဲ႔ သင့္ကို ေျပာလာတဲ့အခါ အရူးေျပာတဲ့စကားလို႔ သေဘာထားၿပီး သင့္ေခါင္းထဲကေန အဲဒီအေၾကာင္းအရာေတြကို ထုတ္ပစ္လိုက္ပါေနာ္။

၁။ မင္းငါ့ကို နားလည္မႈလႊဲေနတာပဲ။

ဆိုက္ကိုသမားေတြဟာ ဘယ္ေတာ့မွာ ကိုယ့္အမွားကိုယ္ကို ၀န္မခံၾကပါဘူး။ သူမွားလို႔ကိုယ္ေျပာတိုင္း ငါ့ကို နားလည္မႈလႊဲေနတယ္လို႔ပဲ ေျပာလာမွာပါ။ အေျခအျမစ္မရွိ အဓိပၸာယ္မရွိတဲ့စကားေတြ ေျပာေနတတ္ပါတယ္။ အဲဒီစကားေတြဟာ သင့္ရဲ့ အေတြးေတြကို သံသယျဖစ္ေစပါတယ္။

၂။ မင္းကအရမ္း ဒရမ္မာလာဆန္ျပေနတယ္။

မင္းက အရမ္းအပိုေတြလုပ္တယ္။ ဒရမ္မာသိပ္ဆန္တာပဲလို႔ တစံုတစ္ေယာက္ကေျပာလာရင္ သင့္ရဲ့ ေခါင္းထဲကရွင္းထုတ္လိုက္ပါ။ ဒီစကားေတြဟာ သင့္ရဲ့ ခံစားခ်က္အေတြးအေခၚေတြကို အဟန္႔အတားျဖစ္ေစပါတယ္။ ေနာက္ပိုင္း မ၀ံ့မရဲျဖစ္လာၿပီး သင့္ကိုယ္သင္ ယံုၾကည္မႈ ေလွ်ာ့နည္းသြားေစႏိုင္ပါတယ္။

၃။ မင္းငါ့ကို လိုအပ္တယ္။

ငါမရွိရင္မျဖစ္ပါဘူးကြာ။ မင္းငါ့ကို အၿမဲတမ္းလိုအပ္ေနတယ္လို႔ တစံုတေယာက္ေျပာလာရင္ သင္ဟာ သင့္ဘ၀မွာ သူတို႔ကို တကယ္ပဲလိုအပ္တယ္လို႔ ယံုၾကည္လာႏိုင္ပါတယ္။ သင့္အေပၚလႊမ္းမိုးခ်ဳပ္ကိုင္မႈေတြ ပိုမ်ားသြားႏိုင္ပါတယ္။ တကယ္ေတာ့ သင့္ဘ၀လမ္းခရီးအတြက္ သင္ကိုယ္တိုင္သာ ေလွ်ာက္လွမ္းရတာပါ။ သင္ဘယ္သူ႕ကိုမွမလိုအပ္ပါဘူး။

၄။ မင္းကအရူးပဲ။

မင္းက အရူးပဲ။ ဘာေတြေျပာေနတာလဲ။ ပညာလည္းမတတ္ဘူး။ အဓိပၸာယ္မရွိဘူး စျဖင့္ ေျပာလာတဲ့စကားေတြဟာ သင့္ကိုယ္သင္ ည့ံဖ်င္းလွတဲ့သူတစ္ေယာက္လို႔ ထင္ေယာင္ထင္မွားျဖစ္ေစပါတယ္။ သင့္ကိုစိတ္ဓာတ္က်ေစလို႔ အဲဒီလိုေျပာလာတဲ့သူဟာ ကိုယ့္အခ်စ္ဆံုးသူပဲျဖစ္ေနပါေစ သူေျပာတဲ့စကားကို ေခါင္းထဲက ရွင္းထုတ္ပစ္လိုက္ပါ။

Featured Image Source: Daily Mail

(Unicode)

လူတစ်ယောက်ရဲ့စကားတစ်ခွန်းဟာ ကိုယ့်အတွက် ဘယ်လောက်လွှမ်းမိုးမှုဖြစ်စေပါသလဲ။ တခါတလေ ကိုယ့်ကိုယ်ပိုင်အတွေးအခေါ်၊ ခံစားချက်နဲ့ ယုံကြည်ချက်တွေကို သံသယဖြစ်အောင် ထိုးနက်နေတဲ့ စကားလုံးတွေ အများကြီးပါပဲ။ တခြားသူတွေက အခုအောက်မှာဖော်ပြမယ့်စကားတွေနဲ့ သင့်ကို ပြောလာတဲ့အခါ အရူးပြောတဲ့စကားလို့ သဘောထားပြီး သင့်ခေါင်းထဲကနေ အဲဒီအကြောင်းအရာတွေကို ထုတ်ပစ်လိုက်ပါနော်။

၁။ မင်းငါ့ကို နားလည်မှုလွှဲနေတာပဲ။

ဆိုက်ကိုသမားတွေဟာ ဘယ်တော့မှာ ကိုယ့်အမှားကိုယ်ကို ဝန်မခံကြပါဘူး။ သူမှားလို့ကိုယ်ပြောတိုင်း ငါ့ကို နားလည်မှုလွှဲနေတယ်လို့ပဲ ပြောလာမှာပါ။ အခြေအမြစ်မရှိ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတတ်ပါတယ်။ အဲဒီစကားတွေဟာ သင့်ရဲ့ အတွေးတွေကို သံသယဖြစ်စေပါတယ်။

၂။ မင်းကအရမ်း ဒရမ်မာလာဆန်ပြနေတယ်။

မင်းက အရမ်းအပိုတွေလုပ်တယ်။ ဒရမ်မာသိပ်ဆန်တာပဲလို့ တစုံတစ်ယောက်ကပြောလာရင် သင့်ရဲ့ ခေါင်းထဲကရှင်းထုတ်လိုက်ပါ။ ဒီစကားတွေဟာ သင့်ရဲ့ ခံစားချက်အတွေးအခေါ်တွေကို အဟန့်အတားဖြစ်စေပါတယ်။ နောက်ပိုင်း မဝံ့မရဲဖြစ်လာပြီး သင့်ကိုယ်သင် ယုံကြည်မှု လျှော့နည်းသွားစေနိုင်ပါတယ်။

၃။ မင်းငါ့ကို လိုအပ်တယ်။

ငါမရှိရင်မဖြစ်ပါဘူးကွာ။ မင်းငါ့ကို အမြဲတမ်းလိုအပ်နေတယ်လို့ တစုံတယောက်ပြောလာရင် သင်ဟာ သင့်ဘဝမှာ သူတို့ကို တကယ်ပဲလိုအပ်တယ်လို့ ယုံကြည်လာနိုင်ပါတယ်။ သင့်အပေါ်လွှမ်းမိုးချုပ်ကိုင်မှုတွေ ပိုများသွားနိုင်ပါတယ်။ တကယ်တော့ သင့်ဘဝလမ်းခရီးအတွက် သင်ကိုယ်တိုင်သာ လျှောက်လှမ်းရတာပါ။ သင်ဘယ်သူ့ကိုမှမလိုအပ်ပါဘူး။

၄။ မင်းကအရူးပဲ။

မင်းက အရူးပဲ။ ဘာတွေပြောနေတာလဲ။ ပညာလည်းမတတ်ဘူး။ အဓိပ္ပာယ်မရှိဘူး စဖြင့် ပြောလာတဲ့စကားတွေဟာ သင့်ကိုယ်သင် ညံ့ဖျင်းလှတဲ့သူတစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ သင့်ကိုစိတ်ဓာတ်ကျစေလို့ အဲဒီလိုပြောလာတဲ့သူဟာ ကိုယ့်အချစ်ဆုံးသူပဲဖြစ်နေပါစေ သူပြောတဲ့စကားကို ခေါင်းထဲက ရှင်းထုတ်ပစ်လိုက်ပါ။

Featured Image Source: Daily Mail