မိတ်ကပ်မပါဘဲ သဘာဝအတိုင်းလှတဲ့အလှကို အမျိုးသားရော အမျိုးသမီးတွေပါ နှစ်သက်ကြပါတယ်။ စစ်မှန်တဲ့အလှတရားဆိုတာ မိတ်ကပ်တွေအများကြီးနဲ့ ဖုံးထားစရာမလိုပါဘူး။ သင့်ကို မိတ်ကပ်မပါဘဲလှနေစေမယ့် နည်းလမ်း ၁၃ ခုကို မျှဝေပေးချင်ပါတယ်။

၁။ အသားအရေကို စိုပြေအောင်လုပ်ပါ။

အသားအရေ စိုပြေစေနေဖို့ ရေများများသောက်ပေးပါ။ Green Tea သောက်ပေးတာမျိုးလုပ်ပါ။ မျက်နှာကို သဘာဝနည်းလမ်းအတိုင်း ပေါင်းတင်ပေးပါ။

၂။ မျက်တောင်မွှေးထူထူလေးရဖို့

မျက်တောင်မွှေးထူထူလေးရဖို့ ဗီတာမင် E၊ ကြက်ဆူဆီနဲ့ရောပြီး မျက်တောင်ကော့တံနဲ့ မျက်တောင်ကို ကော့ပေးပါ။ မျက်လုံးထဲ မ၀င်စေဖို့ ဂရုစိုက်ပါ။ ညအိပ်ယာမ၀င်ခင် မျက်တောင်မွှေးမှာ လိမ်းပေးထားရမှာပါ။

၃။ ဆံပင်အဖျားတွေကို ညှပ်ပစ်လိုက်ပါ။

ဆံပင်အဖျားလေးတွေကို ၂ လတစ်ခါ ၊ ၃ ခတစ်ခါလောက် တိပေးပါ။ ဆံပင်အဖျားနှစ်ခွဖြစ်တာတွေကို တတ်နိုင်သမျှလျှော့ချပေးဖို့ ပုံမှန် ဆံပင်တိပေးသင့်ပါတယ်။

၎။ လက်ချောင်းလေးတွေ စိုပြေစေဖို့

လက်ချောင်းလေးတွေ စိုပြေစေဖို့ Hand Cream လိမ်းပေးတာမျိုး လုပ်ပေးပါ။ ညအိပ်ယာဝင်ခါနီးတိုင်း ပုံမှန်လိမ်းပေးရင် ၂ ပတ်လောက်ဆို လက်က သိသိသာသာ နူးညံ့စိုပြေလာစေမှာပါ။

၅။ ဆံကေသာ သန်စွမ်းတောက်ပြောင်စေဖို့

မိတ်ကပ်မပါဘဲ စွဲဆောင်မှုအပြည့်ရှိနေစေမယ့် နည်းလမ်း (၁၀) သွယ်

ဆံကေသာ သန်စွမ်းတောက်ပြောင်စေဖို့ ငှက်ပျောသီး ၁လုံးနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းရောလိုက်ပါ။ ပြီးရင် ပျားရည်နည်းနည်းထည့်ပြီး ဆံပင်ကို မိနစ် ၃၀ လောက်ပေါင်းတင်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးပါ။

၆။ ရှားစောင်းလက်ပက်သုံးမယ်။

အရေပြားယားယံတတ်ရင် ရှားစောင်းလက်ပက်အနှစ် ၁၀၀ ဂရမ် ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ အရက်စားပွဲတင်ဇွန်း ၃ ဇွန်းရောပြီး ၀ါဂွမ်းနဲ့ တို့လိုက်ကာ မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၇။ ဆားဝက်ခြံကို ဖယ်ရှားမယ်။

ဆားဝက်ခြံကို ၂ ပတ်တစ်ကြိမ်လောက် ဖယ်ရှားပေးသင့်ပါတယ်။

၈။ နှုတ်ခမ်းသားစိုပြေနေစေဖို့

နှုတ်ခမ်းသားစိုပြေနေစေဖို့ ညအိပ်ယာမ၀င်ခင်မှာ အုန်းဆီကို နှုတ်ခမ်းပေါ် လိမ်းပေးပါ။

၉။ သွားတွေ ဖြူဝင်းစေဖို့

သွားတွေဖြူဝင်းစေဖို့ အနည်းဆုံး သွားကို ၂ မိနစ်လောက် အချိန်ယူတိုက်ပေးသင့်ပါတယ်။ မှုန့်ဖုန်ဆိုဒါနဲ့ အုန်းဆီရောပြီးလည်း သွားတိုက်ပေးနိုင်ပါတယ်။

၁၀။ မျက်ကွင်းညိုတာ သက်သာဖို့

နို့အေးအေး ခွက်အသေး ၁ လုံးထဲကို ၀ါဂွမ်းစနှစ်ပြီး မျက်ကွင်းအောက်မှာ လိမ်းပေးပါ။ သခွားသီးကိုကပ်ပေးလည်းရပါတယ်။