အချိန်ခနလေးပေးရုံနဲ့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး သိသာတဲ့ရလဒ်ကိုပေးနိုင်တဲ့ Sheet Mask တွေကို သုံးလာကြပါတယ်။ ဒါကြောင့် Sheet Mask သုံးရတာကြိုက်တဲ့ပျိုမေတွေအတွက် Sheet Mask သုံးတဲ့အခါ သိသားသင့်တဲ့အချက်များကို ဝေမျှပေးချင်ပါတယ်။

မျက်နှာသစ်ပါ

Sheet Mask က စိုနေတဲ့မျက်နှာပေါ်မှာကပ်တာက အကောင်းဆုံးပါ ။ ဒါကြောင့် Sheet Mask မကပ်ခင် မျက်နှာကို သစ်ဖို့ မမေ့ပါနဲ့။

Sheet Mask ကို ဖိပေးပါ

အိမ်မှာ Sheet Mask ကိုသိမ်းတဲ့အခါ ဒေါင်လိုက်ထားမိရင် သူ့ရဲ့ Serum တွေက အောက်မှာစုနေတတ်ပါတယ်။ ဒါကြောင့် Sheet Mask ကိုမဖောက်ခင် အရင်ဆုံး နေရာအနှံ့ဖိပေးပါ။

အကြာကြီးမထားပါနဲ့

မျက်နှာမှာ Sheet Mask ကပ်တဲ့အခါ ညွှန်ကြားထားတဲ့ အချိန်အတိုင်းဘဲ Sheet Mask ကို ကပ်ပေးပါ။ မဟုတ်ဘဲ အချိန်ကြာကြာပိုထားလည်း အကျိုးပိုမရပါဘူး။

နှိပ်ပေးပါ

သက်မှတ်ချိန်ပြည့်လို့ Sheet Mask ကို ဖယ်ပြီးရင် မျက်နှာတစ်ခုလုံးကို ညင်ညင်သာသာလေးနှိပ်ပေးပါ။ ဒီလိုနှိပ်ပေးတာက အသားအရေက Serum စုပ်ယူမှုကိုတိုးစေပြီး ပိုပြီးစိမ့်ဝင်စေပါတယ်။ မျက်နှာမကိုင်ခင် လက်ဆေးဖို့ မမေ့ပါနဲ့။

ပါဝင်ပစ္စည်းစစ်ပါ

သူ့မှာပါတဲ့ပါဝင်ပစ္စည်းက သင့်အသားအရေနဲ့တည့်မတည့်ဆိုတာကို မကပ်ခင်မှာ သေချာစစ်ပါ။ မဟုတ်ရင် ဓာတ်မတည့်တာကြောင့် အသားယားတာ နီတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ရေဓာတ်ဖြည့်ပါ

တော်တော်များများက Sheet Mask ကပ်ပြီးရင် ပြီးသွားတတ်ပါတယ်။ တကယ်တော့ အပေါ်ကနေထပ်ပြီး Moisturizer လိမ်းပေးတာက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး Serum ရဲ့အကျိုးအာနိသင်ကို တိုးစေပါတယ်။