ဟယ်လို MyStyle Myanmar ရဲ့ ပရိသတ်တို့ရေ ဒီတစ်ခါ ဆောင်းပါးလေးကတော့ စာဖတ်သူပျိုမေလေးတို့ရဲ့ ချစ်သူကောင်လေးတွေ အတွက် ရည်ရွယ်ပြီး ရေးသားပေးချင်တာဖြစ်ပါတယ်။

ချစ်သူကောင်လေးတွေအနေနဲ့ ကိုယ်ရဲ့ ချစ်သူကောင်မလေးနဲ့ဖြစ်စေ ကိုယ်အရမ်းကြွေရတဲ့ Crush လေးနဲ့ဖြစ်စေ ဒိတ်လုပ်တဲ့အခါ သူတို့ကြိုက်တဲ့ အစားစာလေးတွေကို လိုက်ကျွေးတာဟာလည်း ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသရာရောက်သလို ကိုယ့်အတွက်လည်း အမှတ်တစ်မှတ် ပိုတိုးစေမှာဖြစ်ပါတယ်။

ဒိတ်လုပ်တဲ့အချိန်မှ ဘာစားမလဲ မေးတာထက် သူတို့ကြိုက်တဲ့အစားအစာလေးတွေကို ခန့်မှန်းပြီး သူတို့စားချင်တဲ့ စားသောက်ဆိုင်တွေကို ခေါ်သွားပေးတာမျိုးက သူတို့အတွက် ပိုပြီး ရင်ခုန်ရစေမှာဖြစ်ပါတယ်။

ဒီလိုမျိုး ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ဖို့ မိန်းကလေးအများစု ကြိုက်တတ်တဲ့ အစားစာလေးတွေကို လေ့လာထားဖို့တော့ လိုမယ်နော်။ ဒါဆိုရင် မိန်းကလေးတွေအများစုကြိုက်တတ်တဲ့ အစားစာတွေက ဘာဖြစ်မလဲ အတူတူကြည့်လိုက်ရအောင်။

(1) ဟော့ပေါ့

(2) မာလာရှမ်းကော

(3) အသားကင် (BBQ)

(4) ခေါက်ဆွဲပြုတ်

(5) ပီဇာ

(6) ရေခဲမုန့်

(7) Steak

(8) ပင်လယ်စာ

(9) ကိုရီးယားအစားအစာ

အထက်ပါ အစားအစာတွေကတော့ ယေဘုယျအားဖြင့် မိန်းကလေးတွေ မကြာခဏစားလေ့ရှိတဲ့ သူတို့အကြိုက်ဆုံး အစားအစာလေးတွေဖြစ်ပါတယ်။ မိန်းကလေးတွေက အဓိကအားဖြင့် ချဉ်ချဉ်စပ်စပ် အရသာမျိုးကို ပိုပြီး ခံတွင်းတွေ့ကြတာဖြစ်ပါတယ်။