အကြောင်းအမျိုးမျိုးကြောင့် အဆီဖုတွေထွက်လေ့ရှိပေမယ့် အဆီဖုတွေပိုထွက်မလာအောင်၊ အဆီဖုတွေမထွက်အောင် ကိုယ့်ဘက်ကနေလည်း တတ်နိုင်သလောက် ဂရုစိုက်ဆင်ခြင်ပေးဖို့ လိုပါတယ်။ ဒါကြောင့် အဆီဖုရှိတဲ့အသားအရေတိုင်း မဖြစ်မနေဂရစိုက်ပေးရမယ့်အချက် ၄ ချက်ကို ပြောပြပေးလိုက်ပါတယ်။

သေချာ Cleansing လုပ်ပါ

အဆီဖုပေါက်တတ်ရင် ပိုတောင်ဂရုစိုက်ပေးရမှာဆိုတော့ သေချာ remover နဲ့ဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့သစ်ပါ။ ချွေးထွက်တဲ့အခါ ဥပမာ – workout လုပ်ပြီး ချွေးထွက်တဲ့အခါမျိုးမှာတော့ ရေပြန်ချိုး၊ မျက်နှာပြန်သစ်ပေးပါ။ မျက်နှာမသစ်ပဲဒီတိုင်းထားရင် ချွေးနဲ့အဆီတွေနဲ့ အညစ်အကြေးတွေနဲ့ရောပြီး အဆီဖုတွေ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

Exfoliate ပုံမှန်လုပ်ပါ

အဆီဖုတွေ၊ ဝက်ခြံတွေရှိတယ်ဆိုရင် exfoliate ပုံမှန်လုပ်ပေးပါ။ တစ်ပတ်တစ်ခါပဲ လုပ်ပေးပါ။ Exfoliate လုပ်တဲ့အခါမှာလည်း mild ဖြစ်တာကို ရွေးချယ်ဖို့လိုပါတယ်။ အသားအရေက dead skin cells တွေများနေပြီး အညစ်အကြေးတွေ၊ အဆီတွေ ကပ်ငြိနေရင်လည်း အဆီဖုတွေ ထွက်စေပါတယ်။ ဒါကြောင့် exfoliate လုပ်ရပါမယ်။

ဆံပင်ကိုသန့်ရှင်းအောင်ထားပါ

ဆံပင်က မျက်နှာနဲ့ထိတွေ့လွယ်တာဆိုတော့ ဆံပင်ကညစ်ပတ်နေရင်၊ အဆီတွေ၊ အညစ်အကြေးတွေဖြစ်ပြီး ပုံမှန်ခေါင်းမလျှော်ရင်လည်း မျက်နှာမှာ ဆံပင်က အညစ်အကြေးတွေကပ်ပြီး အဆီဖုထတတ်ပါတယ်။ ဒါကြောင့် ဆံပင်ကို သန့်ရှင်းအောင်ထားပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း ခေါင်းလျှော်ရည်တွေ conditioner တွေကို မျက်နှာပေါ်မကျအောင် ဂရုစိုက်ပေးပါ။

ဖုန်းနဲ့ခေါင်းအုံးစွပ်ကိုသန့်ရှင်းအောင်လုပ်ပါ

မျက်နှာနဲ့အမြဲထိတွေ့နေရတဲ့ ဖုန်းနဲ့ခေါင်းအုံးစွပ်ကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ အဲ့မှာ နေ့စဉ်ကပ်နေတဲ့ အညစ်အကြေးတွေက မျက်နှာကိုပြန်ထိရင် အဆီဖုနဲ့ ဝက်ခြံထွက်တတ်ပါတယ်။ ဒါကြောင့် ဒီအရာတွေကိုကလည်း နေ့စဉ်ဂရုစိုက်နေပေးဖို့လိုပါတယ်။