လူတစ်ယောက်ဟာ ဘယ်လိုပဲ ရုပ်ရှည်ခန့်ညား ချောမောနေပါစေ၊ ဦးခေါင်းထက်မှာ ဆံပင်တွေမရှိဘူး (သို့) ကျဲပါးနေပြီဆိုရင် ဘယ်လိုမှကြည့်မကောင်းနိုင်ပါဘူး။ တစ်ဖက်သားကို ဆွဲဆောင်နိုင်ဖို့ဆိုတာကတော့ အဝေးကြီးပေ့ါ။

ဘာကြောင့်ထိပ်ပြောင်ခြင်း (သို့) ဆံပင်ကျဲပါးခြင်းတွေဖြစ်ရတာလဲ

အသက်အရွယ်အရလည်း ဆံပင်ပါးလာတတ်ကြပါတယ်။ အသက်ကြီးလာတဲ့သူအများစုမှာ ဟော်မုန်းဓာတ်အား နည်းသွားတဲ့အတွက် ဆံပင်တွေပါးသွားတတ်တယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။

ငယ်ရွယ်သူတွေ ထိပ်ပြောင်ခြင်း

ဒါပေမယ့် တချို့ငယ်ရွယ်တဲ့သူတွေမှာလည်း ထိပ်ပြောင်ခြင်းတွေ၊ ဆံပင်ကျဲပါးခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါက မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ဆံပင်ထိန်းသိမ်းမှု အားနည်းတဲ့အတွက်သော်လည်းကောင်း ကြုံတွေ့ရခြင်းဖြစ်ပါတယ်။

ဘယ်လိုဂရုစိုက်ထိန်းသိမ်းကြမလဲ

ဆံပင်ညှပ်တဲ့အခါ အဆင့်မြင့်လျှပ်စစ်ကတ်ကြေးလိုမျိုး ယုံကြည်စိတ်ချရတဲ့ ကိရိယာတွေကို ရွေးချယ်သင့်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ ကိရိယာတွေကို ဖြစ်သလိုအသုံးပြုလိုက်ခြင်းအားဖြင့် သင့်ဦးခေါင်းရဲ့ဦးရေပြားကို ထိခိုက်ပျက်စီးစေပါတယ်။

ခေါင်းလျှော်ရည်အပြင်းစားတွေရှောင်ပါ

အများစုဟာ ခေါင်းလျှော်တဲ့အချိန်မှာ ကိုယ့်ဆံသား၊ ဦးရေပြားနဲ့သင့်တော်တဲ့ ခေါင်းလျှော်ရည်အမျိုးအစားတွေကို အချိန်ပေးပြီး မရွေးချယ်တတ်ကြပါဘူး။ ဓာတုပစ္စည်းအပြင်းစားတွေပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုးကို သုံးမိတဲ့အခါမှာ သင့်ဆံသားနဲ့ဦးရေပြားအတွက် အန္တရာယ်များလွန်းပါတယ်။

အာဟာရပြည့်ဝတဲ့ အစားအစာတွေစားပါ

ဘီတာမင်ချို့တဲ့ခြင်းဟာလည်း ထိပ်ပြောင်ခြင်းအတွက် အကြောင်းတစ်ခုဖြစ်ပါတယ်။ Antioxidant ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဦးရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပြီး ဆဲလ်အသစ်တွေဖြည့်တင်းပေးဖို့အတွက် ဘီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို ဦးစားပေးစားသုံးပေးပါ။