ဆံပင်ဆိုတာကလည်း ဖက်ရှင်လိုပဲ ရွေးချယ်ရတာ အင်မတန်ခက်ပါတယ်နော်။ ကိုယ့်ရဲ့မျက်နှာကျပေါ်လိုက်ပြီးတော့ ဘယ်လိုဆံပင်စတိုင်လ်က လိုက်မလဲဆိုပြီး စဉ်းစားရတာကလည်း ဦးနှောက်စားစရာပါပဲ။

ကိုယ်ညှပ်လိုက်တဲ့ ဆံပင်ပုံစံပေါ်မူတည်ပြီး ကိုယ့်ရဲ့မျက်နှာပေါက်ကို ပိုပေါ်လွင်၊ သိသာထင်ရှားစေတဲ့အတွက်ကြောင့် ရွေးချယ်မှုမှန်ကန်ဖို့လည်းလိုပါတယ်။

နဖူးပုံစံလှတဲ့သူတွေအနေနဲ့ ဘယ်လိုဆံပင်ပုံစံမဆို တိုတိုရှည်ရှည် လိုက်ဖက်ပေမယ့်လည်း နဖူးပြင်ကျယ်ပြန့်တဲ့သူတွေအနေနဲ့တော့ ကိုယ်ကြိုက်တဲ့ဆံပင်ပုံစံတွေ့ရင်တောင်မှ ညှပ်ဖို့အတွက်က တော်တော်လေး စဥ်းစားရပါတယ်။

ကိုယ့်မျက်နှာကျနဲ့ လိုက်တဲ့ပုံစံကို ညှပ်ယူနိုင်မှသာ ဘယ်အချိန်ကြည့်ကြည့် လှနေမှာလည်း မဟုတ်ပါလား။

ဒါကြောင့် ဒီတစ်ခါမှာတော့ သာမန်လူတွေထက် နဖူးလေး အတန်ငယ် ကျယ်ပြန့်တဲ့သူတို့အတွက် ဘယ်လိုဆံပင်စတိုင်လ်တွေက အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

Image Source: therighthairstyles