(Zawgyi Version)

ရည္းစားမရွိတာ အရမ္းေကာင္းပါတယ္။ တစ္ေယာက္ထဲလြတ္လြတ္လပ္လပ္နဲ႔ အပူပင္မရွိေနလို႔ရတယ္။ ဒါေၾကာင့္ ရည္းစားမရွိလည္း စိတ္မညစ္ပါနဲ႔။ ရည္းစားမထားပဲ တစ္ေယာက္ထဲေနၿပီး ဘဝမွာ အၿမဲေပ်ာ္ရႊင္ေအာင္ ေနလို႔ရမယ့္နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။ ဘယ္လိုနည္းလမ္းေတြလဲဆိုရင္ေတာ့….

ကိုယ္လုပ္ခ်င္တဲ့အရာမွန္သမွ်ကို လြတ္လြတ္လပ္လပ္စိတ္ရွိတိုင္း လုပ္ပစ္ပါ။ လိုက္ပိတ္ပင္မယ့္ရည္းစားမရွိတဲ့အတြက္ လုပ္ခ်င္တာလုပ္ၿပီး စိတ္ရွိတိုင္းသာေပ်ာ္ေနလိုက္ပါ။

ကိုယ္ခ်စ္တဲ့မိသားစု၊ သူငယ္ခ်င္း၊ မိတ္ေဆြေတြနဲ႔ အၿမဲေပ်ာ္ရႊင္စြာေနပါ။ ကိုယ့္အေပၚေကာင္းတဲ့သူေတြအေပၚမွာပဲ ပိုခ်စ္ေပးလိုက္ပါ။

ကိုယ့္အနားမွာအၿမဲရွိေနတဲ့သူေတြကို အခ်ိန္ေပးၿပီး သူတို႔နဲ႔ပဲ အခ်ိန္ေတြကုန္ဆံုးလိုက္ပါ။ ေပ်ာ္ရႊင္စရာအမွတ္တရေတြကို ဖန္တီးလိုက္ပါ။

ဘဝမွာ လူသစ္ေတြနဲ႔ေတြ႔ၿပီး ခင္မင္ပါ။ မိတ္ေဆြဖဲြ႔ပါ။ ကိုယ့္ကိုသေဘာက်တဲ့သူေတြနဲ႔လည္း စကားေျပာၾကည့္ပါ။ စိတ္အေျပာင္းအလဲျဖစ္တာေပါ့။

ပိုက္ဆံမ်ားမ်ားရွာပါ။ ကိုယ္လိုခ်င္တာေတြ စိတ္ရွိတိုင္းဝယ္ႏိုင္ဖို႔၊ ကိုယ္ျဖစ္ခ်င္တာေတြလုပ္ႏိုင္ဖို႔ ရည္းစားထားမယ့္အစား ပိုက္ဆံသာမ်ားမ်ားရွာလိုက္ပါ။

ပိုက္ဆံမ်ားမ်ားရွာၿပီး ခရီးေတြထြက္ပါ။ ခရီးသြားရတာေလာက္ ေပ်ာ္စရာေကာင္းတာမရွိပါဘူး။ မေရာက္ဖူးေသးတဲ့ေနရာတစ္ခုခ်င္းစီကိုသာ သြားပစ္ပါ။

ပရဟိတေတြ၊ အလွဴေတြ မ်ားမ်ားသာလုပ္ပါ။ Volunteer လည္းလုပ္လို႔ရပါေသးတယ္။ ကိုယ္ရွာထားတဲ့ပိုက္ဆံနဲ႔ လွဴရတာ ကူညီရတာက အရမ္းပီတိျဖစ္ရပါတယ္။

အားကစားလုပ္ဖို႔လည္း မေမ့ပါနဲ႔။ Gym ပံုမွန္ကစားပါ။ ခႏၶာကိုယ္လည္းလွ၊ က်န္းမာေရးလည္းေကာင္းေတာ့ ေပ်ာ္စရာေကာင္းတာေပါ့။

အေရးအႀကီးဆံုးကေတာ့ ကိုယ့္ကိုယ္ကိုဂရုစိုက္ဖို႔မေမ့ပါနဲ႔။ သူမ်ားဂရုမစိုက္လို႔၊ အေရးမလုပ္လို႔၊ မေခၚမေျပာလို႔ဆိုၿပီး ဝမ္းနည္းမေနပါနဲ႔။ ကိုယ့္ကိုယ္ကိုသာဂရုစိုက္ပါ။ ကိုယ့္ကိုယ္ကိုသာပိုခ်စ္ပါ။

Photo Source: www.freepik.com

(Unicode Version)

ရည်းစားမရှိတာ အရမ်းကောင်းပါတယ်။ တစ်ယောက်ထဲလွတ်လွတ်လပ်လပ်နဲ့ အပူပင်မရှိနေလို့ရတယ်။ ဒါကြောင့် ရည်းစားမရှိလည်း စိတ်မညစ်ပါနဲ့။ ရည်းစားမထားပဲ တစ်ယောက်ထဲနေပြီး ဘဝမှာ အမြဲပျော်ရွှင်အောင် နေလို့ရမယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုရင်တော့….

ကိုယ်လုပ်ချင်တဲ့အရာမှန်သမျှကို လွတ်လွတ်လပ်လပ်စိတ်ရှိတိုင်း လုပ်ပစ်ပါ။ လိုက်ပိတ်ပင်မယ့်ရည်းစားမရှိတဲ့အတွက် လုပ်ချင်တာလုပ်ပြီး စိတ်ရှိတိုင်းသာပျော်နေလိုက်ပါ။

ကိုယ်ချစ်တဲ့မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အမြဲပျော်ရွှင်စွာနေပါ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်မှာပဲ ပိုချစ်ပေးလိုက်ပါ။

ကိုယ့်အနားမှာအမြဲရှိနေတဲ့သူတွေကို အချိန်ပေးပြီး သူတို့နဲ့ပဲ အချိန်တွေကုန်ဆုံးလိုက်ပါ။ ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးလိုက်ပါ။

ဘဝမှာ လူသစ်တွေနဲ့တွေ့ပြီး ခင်မင်ပါ။ မိတ်ဆွေဖွဲ့ပါ။ ကိုယ့်ကိုသဘောကျတဲ့သူတွေနဲ့လည်း စကားပြောကြည့်ပါ။ စိတ်အပြောင်းအလဲဖြစ်တာပေါ့။

ပိုက်ဆံများများရှာပါ။ ကိုယ်လိုချင်တာတွေ စိတ်ရှိတိုင်းဝယ်နိုင်ဖို့၊ ကိုယ်ဖြစ်ချင်တာတွေလုပ်နိုင်ဖို့ ရည်းစားထားမယ့်အစား ပိုက်ဆံသာများများရှာလိုက်ပါ။

ပိုက်ဆံများများရှာပြီး ခရီးတွေထွက်ပါ။ ခရီးသွားရတာလောက် ပျော်စရာကောင်းတာမရှိပါဘူး။ မရောက်ဖူးသေးတဲ့နေရာတစ်ခုချင်းစီကိုသာ သွားပစ်ပါ။

ပရဟိတတွေ၊ အလှူတွေ များများသာလုပ်ပါ။ Volunteer လည်းလုပ်လို့ရပါသေးတယ်။ ကိုယ်ရှာထားတဲ့ပိုက်ဆံနဲ့ လှူရတာ ကူညီရတာက အရမ်းပီတိဖြစ်ရပါတယ်။

အားကစားလုပ်ဖို့လည်း မမေ့ပါနဲ့။ Gym ပုံမှန်ကစားပါ။ ခန္ဓာကိုယ်လည်းလှ၊ ကျန်းမာရေးလည်းကောင်းတော့ ပျော်စရာကောင်းတာပေါ့။

အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မမေ့ပါနဲ့။ သူများဂရုမစိုက်လို့၊ အရေးမလုပ်လို့၊ မခေါ်မပြောလို့ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ့်ကိုယ်ကိုသာဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုသာပိုချစ်ပါ။

Photo Source: www.freepik.com