ကဲပျိုမေတို့ရေ ဒီတစ်ခါတင်ဆက်ပြောပြပေးမယ့်အရာကတော့ ပျိုမေတို့အတွက် အံ့အားသင့်စရာတွေပါနော်။ အိပ်နေရင်းနဲ့ ကိုယ်အလေးချိန်ကျအောင် လုပ်လို့ရမယ်ဆိုတာ တွေးတောင်မတွေးကြည့်ဖူးဘူးမဟုတ်လား။ ကိုယ်အလေးချိန်ကလည်း ကျချင်ပြီးအစားလည်းလျော့စားနိုင်မယ် Gym အတွက်တော့အချိန်ပေးပြီး မလုပ်နိုင်နေတဲ့ ပျိုမေတို့အတွက်တော့ အကျိုးရှိရှိအိပ်လို့ရပြီပေါ့နော်။

အိပ်တဲ့အချိန်

တကယ်တော့ အိပ်တဲ့အချိန်ကို သေချာစီမံတတ်ဖို့က ကျန်းမာရေးအတွက်ဆိုရင် အရေးကြီးဆုံးပါပဲ။ သေချာမှန်ကန်တဲ့နည်းလမ်းတွေကို လိုက်နာနိုင်မှလည်း အကျိုးရှိတာမျိုးတွေကိုပဲ ပိုင်ဆိုင်နိုင်တော့မှာပေါ့။ အိပ်ချင်လာတဲ့အချိန်တိုင်းမှာ အိပ်လိုက်မယ်၊ အိပ်ချင်သလောက်ထိ အိပ်လိုက်မယ်ဆိုတာမျိုးတွေက ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်အတွက်ပါကောင်းတာမရှိသလောက်ပါပဲ။

ဒါကြောင့် ဘယ်အချိန်မှာအိပ်မယ်၊ ဘယ်အချိန်မှာ ထမယ်၊ ဘယ်နှနာရီအိပ်မယ် ဆိုတာမျိုးတွေကို သေချာစီစဉ်တတ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အိပ်ချိန်နည်းတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကယ်လိုရီတွေကလောင်ကျွမ်းနှုန်းလျော့နည်းပြီး ဝိတ်လည်းမကျစေဘူးပေါ့။

တစ်ယောက်ထဲနေပါ

အိပ်ခါနီးအချိန်မှာ တစ်ယောက်ထဲနေတာက အကောင်းဆုံးနည်းလမ်းပါပဲ။ ကိုယ်ပိုင်အချိန်လေးပေးတယ်ဆိုတဲ့ သဘောမျိုးပဲပေါ့။ အိပ်တော့မယ့်အချိန်မျိုးမှာ တစ်ယောက်ထဲနေပြီး တရားထိုင်တာမျိုး စာအုပ်တွေဖတ်ပေးတာမျိုးတွေလုပ်တဲ့အခါမှာ တစ်နေ့တာလုံးမှာရှိလာခဲ့တဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းသွားစေပြီး ဦးနှောက်ကိုလည်း အနားပေးရာရောက်ပြီး ကောင်းကောင်းအိပ်ပျော်စေတော့ ကိုယ်အလေးချိန်အတွက်လည်း စိတ်ချရတာပေါ့။

အရက်သေစာရှောင်ပါ

အိပ်ခါနီးအချိန်မှာ အရက်သေစာသောက်စားတာက တော်တော်လေးကိုမှားယွင်းနေပြီး မလုပ်သင့်တဲ့အရာတစ်ခုပါပဲ။ မူးယစ်နေတဲ့အချိန်မျိုးမှာ ကောင်းကောင်းအိပ်ပျော် နိုင်ဖို့ခက်ခဲတာကြောင့် ရှောင်သင့်ပြီနော်။

တကယ်တော့ ကိုယ်အလေးချိန်ကိုလျော့ချတယ်ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆီတွေကိုချေဖျက်ပေးလိုက်နိုင်ဖို့က အဓိကပါပဲ။ လေ့ကျင့်ခန်းချည်းပြီး ပြင်းပြင်းထန်ထန်လုပ်နေလို့လည်း ကိုယ်အလေးချိန်မလျော့ကျသလို၊ အစားလျော့စားနေလို့လည်းပဲ ကိုယ်အလေးချိန်မကျပါဘူး။ အစားစာကိုလည်းကျန်းမာရေးနဲ့ သင့်တော်အောင်စားသုံးပေးမယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလေးလည်း ပုံမှန်လုပ်ပေးသွားမယ်၊ အခုဆိုရင် အိပ်နေရင်းနဲ့လည်းဒါလေးကို လိုက်နာမယ်ဆိုရင် ကိုယ်အလေးချိန်လည်းကျစေပြီး ကျန်းမာရေးနဲ့လည်း ကိုက်ညီမှုရှိနေစေတာပေါ့။

Photo Source: Pinterest