ချစ်သူနဲ့ဒိတ်လုပ်တဲ့အခါမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းနေမယ့်ဖက်ရှင်လေးတွေကိုပဲ ဝတ်ဆင်သင့်ပါတယ်။ ယောကျ်ားလေးတော်တော်များများက အရမ်းပြင်လွန်းရင် သဘောမကျကြပါဘူး။ ဒါကြောင့် ကိုယ်တိုင်လည်း နေရတာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာဖြစ်စေတဲ့အပြင် ချစ်စရာလည်းကောင်းနေစေမယ့်ဖက်ရှင်လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

ချစ်သူနဲ့ဒိတ်လုပ်တဲ့အခါမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းနေစေမယ့် ဂျင်းဘောင်းဘီအတိုလေးတွေကို Tee လေးတွေနဲ့တွဲဝတ်လို့လည်း ရသလို၊ ဂျင်းအင်္ကျီလေးတွေနဲ့ တွဲဝတ်လို့လည်းရပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာပေါ်လာတဲ့လက်ရှည်လေးတွေ၊ ဆွယ်တာလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ချစ်စရာကောင်းတဲ့ဂါဝန်လေးတွေဝတ်ပြီးတော့လည်း ချစ်သူနဲ့ဒိတ်လုပ်လို့ရပါသေးတယ်။ ဂါဝန်လေးတွေဝတ်တော့ မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းပြီး လှပနေစေတာပေါ့။

ဂျင်းစကပ်အတိုလေးတွေကိုလည်း Crop Top လေးတွေနဲ့ပဲဖြစ်ဖြစ်၊ အဆင်ပြေတဲ့အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်လေးကျတော့လည်း လူငယ်ဆန်ပြီး ချစ်စရာကောင်းစေပါတယ်။

စကပ်အတိုလေးတွေဆိုရင် အခုနောက်ပိုင်းမှာ ဒီဇိုင်းအမျိုးမျိုးပေါ်လာတာ တွေ့ရပါတယ်။ ဒီလိုချစ်စရာကောင်းပြီး လှပတဲ့စကပ်လေးတွေကိုလည်း သင်နှစ်သက်ရာအင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်လေးဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းနေစေပါတယ်။

အခုနောက်ပိုင်းမှာတော့ ဟိုအရင်ကလို စကပ်အရှည်လေးတွေဝတ်ဆင်လာကြတာကိုလည်း တွေ့ရပါတယ်။ စကပ်အရှည်လေးတွေဆိုတော့ လုံလုံခြုံခြုံနဲ့ ချစ်စရာကောင်းပြီး လှပနေစေပါတယ်။

Source: www.pinterest.com