ကေပေါ့ကို အမြဲနားထောင်လေ့ရှိသူတွေအဖို့တော့ အိုင်ဒေါအဖွဲ့တော်တော်များများနဲ့ ရင်းနှီးမယ်လို့ ထင်ပါတယ်နော်။ အခုတစ်ခါမှာလည်း Kep1er အဖွဲ့ဝင် ချစ်စရာကောင်မလေး Choi Yu-jin ရဲ့ ဖက်ရှင်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Yujin ကိုတော့ ၁၉၉၆ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ Jeonju မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အထက်တန်းကျောင်းကို Hanlim Multi Art School မှာ တက်ရောက်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၅ ခုနှစ်မှာ ကျောင်းဆင်းခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ CLC ဆိုတဲ့ မိန်းကလေးအဖွဲ့နဲ့ Debut လုပ်ခဲ့တာဖြစ်ပေမယ့်လည်း Girls Planet 999 ဆိုတဲ့ အစီအစဥ်မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ Kep1er အဖွဲ့ရဲ့ အဖွဲ့ဝင်နဲ့ ခေါင်းဆောင်အဖြစ် လှုပ်ရှားနေပါတယ်။

သရုပ်ဆောင်အလုပ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ Nightmare High ဆိုတဲ့ ဇာတ်လမ်းတွဲအတိုလေးမှာ ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

အခုအချိန်မှာ ထိုက်တန်တဲ့ အောင်မြင်မှုကို ရရှိနေပြီဖြစ်ပြီးတော့ ချစ်စရာလည်း အရမ်းကောင်းတဲ့ Yujin ရဲ့ ဖက်ရှင်လေးတွေကို ပျိုမေတို့လည်း လေ့လာလို့ရအောင်လို့ စုစည်းတင်ဆက်ပေးလိုက်ရပါတယ်နော်။

Image Source: Pinterest