အခုနောက်ပိုင်းမှာ မိန်းကလေးတော်တော်များများက crochet လေးတွေထိုးလာကြပါတယ်။ Crochet ကလည်း ထိုးတတ်ရင် ကိုယ့်အတွက်ကိုယ်ထိုးလဲရသလို ထိုးပြီးရောင်းလည်း အဆင်ပြေပါတယ်။ Top လေးတွေထိုးရင် အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ ဒါကြောင့် Crochet ထိုးတဲ့ကောင်မလေးတွေအတွက် လှပတဲ့ crochet top design လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဘာ design ထိုးရမလဲဆိုတာကို စဉ်းစားရခက်နေရင် ဒီ top design လေးတွေကို idea ယူပြီး ထိုးလိုက်ရုံပဲနော်။

ဒီ design လေးဆိုရင် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ လည်ပင်းပြဲတဲ့ design တွေကြိုက်ရင် ဒီလိုလေးထိုးကြည့်နော်။

ဒီ crochet design လေးဆိုလည်း အရမ်းလှတယ်နော်။ လက်ပြတ်လေးဆိုတော့ ပေါ့ပေါ့ပါးပါးရှိပြီး ပန်းဒီဇိုင်းလေးလည်းပါတော့ ပိုလှသွားတာပေါ့။

ဒီ crochet design လေးဆိုရင် beach သွားတဲ့အခါမှာဝတ်ဖို့ ထိုးလို့ရတယ်နော်။ Design လေးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ဒါကတော့ တော်တော်များများထိုးကြတဲ့ crochet design လေးပါ။ အရမ်းချစ်ဖို့ကောင်းတာကြောင့် ချည်လှလှလေးတွေနဲ့ design ဖော်ပြီးထိုးကြည့်နော်။

Crochet ဆိုရင် တော်တော်များများက လက်ပြတ်လေးတွေပဲ ထိုးကြတာ များပါတယ်။ ဒါကြောင့် ဒီလိုလက်ဖောင်းလေးလည်း ထိုးကြည့်ပါ။ ချစ်ဖို့ကောင်းပြီး လှပါတယ်။

ဒီ crochet လေးကတော့ design ဆန်းပြီး အရမ်းလှပါတယ်။ Hot တာလေးကြိုက်ရင် ဒီလိုလေးထိုးနော်။

မိန်းကလေးဆန်ပြီးလှတဲ့ ဒီ crochet design လေးက သိပ်မထိုးကြတဲ့အတွက် သူများနဲ့မတူတဲ့ design လေးဝတ်ချင်ရင် ဒါလေးထိုးကြည့်နော်။

အရမ်းချစ်ဖို့ကောင်းတဲ့ အပေါ်ထပ် top လေးပါ။ ဒါမျိုးလေးလည်း ထိုးကြည့်နော်။ ကြိုးတစ်လုံးလေးတွေ၊ ရင်ပြတ် top လေးတွေအပေါ်ကထပ်ဝတ်ရင် လိုက်ဖက်နေမှာပါ။

ဒီလို crochet design လေးကလည်း တော်တော်များများထိုးကြတဲ့ design လေးပါပဲ။ ပေါ့ပေါ့ပါးပါးဝတ်လို့ အရမ်းကောင်းပါတယ်။

Crochet ထိုးတဲ့သူတွေအနေနဲ့ ဒီ top design လေးလည်း ထိုးကြည့်ပါ။ အရမ်းလှပါတယ်။

လက်ပြတ်ကိုမှ ချစ်ဖို့ကောင်းအောင်ထိုးထားတဲ့ design လေးပါ။ Top ဆိုရင် အတွန့်လေးတွေပါတာမျိုး ကြိုက်တဲ့သူတွေက ဒီ design လေးကို try ကြည့်နော်။